ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅၀ခန့် အကွာတွင်ရှိသည့် လုံငန် မက်ဖတနာ၊ဟိုတခစ်ဈေး အနီးလမ်းသွယ် ၉၆/၉၂ လကဖန်မြို့ နယ်တွင်ရှိသည့်ဂျင်းဘောင်ဘီချုပ်လုပ်သည့်စက်ရုံတွင် မြန်မာအလုပ်သမားများက၊မေဒေးနေ့ အလုပ်ဆင်းနေကြရသဖြင့်အထူးမကျေမနပ်ဖြစ်နေကြသည်။
မြန်မာအလုပ်သမားများတစ်ရာနီးပါးတို့ အလုပ်လုပ်ကိုင်နေသည့် အဆိုပါအလုပ်ရုံမှ
အလုပ်သမားငယ်လေးက“တကမ္ဘာလုံးအလုပ်ပိတ်တဲ့ ဒီနေ့ လို့ မေဒေးနေ့ မှာအလုပ်ဆင်းခိုင်းတယ်။လုပ်ခ
လည်းတိုးမပေးပါဘူး။တစ်နေ့ လုပ်ခ ၁၈၅ ဘတ်ပဲပေးမှာပါ။ စည်းကမ်းတွေတင်းကျပ်သလောက် လုပ်အားခအထူးနည်းပါးပါတယ။်လုပ်ငန်းရှင်ကအယင်နေတွေကပုံမှန်အလုပ်ဆင်းသလိုအလုပ်ရုံဝတ်စုံများကို
မ၀တ်လာပါနဲ့ ။့ သာမန်အရပ်ဝတ်တွေနဲ့ လာပါတဲ့။လမ်းသွားလမ်းလာထိုင်းရဲများကမေးမြန်းရင်အလုပ်ဆင်းတယ်လို့ မပြောပါနဲ့ လို့ မှာထားပါတယ်”ဟုပြောသည်။
ယမန်နေ့ ကမြန်မာအလုပ်သမား၇ဦးအလုပ်ရုံကထွက်သွားစဉ် ယာယီပတ်စပို့ုကိုထုတ်ပေးခအဖြစ် ဘတ်ငွေ၁၀၀၀ ပေးသွင်းခဲ့ရသည်။ ယာယီပတ်စပို့ လုပ်ခအတွက် မြန်မာအလုပ်သမားတစ်ဦးစိ ဘတ်တွေ ၅၃၀၀ စီ
ကုန်ကျခဲ့သည်။စက်ရုံထဲတွင် (မြန်မာအလုပ်သမားများအနေဖြင့် ယာယီပတ်စပို့ လုပ်ခအတွက်တစ်နှစ်နှင့်၆
လအလုပ်ရုံတွင်လုပ်ပေးရမည်။ထိုင်းအစိုးရ အမိန့်) ဟုရေးသားပြီးကပ်ထားကြောင်းအလုပ်သမားကိုရဲကပြော သည်။
မြန်မာအလုပ်သမားများအားလုံးနီးပါးမှာ ယာယီပတ်စပို့ လုပ်ကိုင်ထားသော်လည်း အလုပ်များမှာမိတ္တူကိုသာ
ကိုင်ဆောင်ခွင့်ရှိပြီး အစစ်ကို လုပ်ငန်းရှင်ကသိမ်းဆည်းထားသည်။ အလုပ်သမားများအား ယာယီပတ်စပို့ အား
ကိုင်ဆောင်လိုပါက ဘတ်ငွေတစ်သောင်းထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်းပြောဆိုသဖြင့် အချို့ အလုပ်သမား
များက ပေးချေရန်ပြင်ဆင်းပြန်လျှင်လည်း မန်နေဂျာကလက်မခံပြန်သဖြင့် မြန်မာအလုပ်သမားများအခက်ကြုံ
နေကြရကြောင်းသိရှိရသည်။
**သတင်း-ဦးကျော်သောင်း (ဘန်ကောက်)**
**(မေ ၁။၂၀၁၀)**

No comments:
Post a Comment