ကာရန်က ထိုနည်း၎င်း။
နဂါးလို အမောက်ထောင်၍
သဲသောင်မှာ အမြင်လှပေမယ့်
တေးသံက ညောင်း။
ငပလီ ကမ်းသာယာ
ဟိုမှာလဲ သည်လှိုင်း
စက်စဲနဲ့ မောင်းမကန်
မြင်ပြန်လဲ သည်လှိုင်း။
**ချောင်းသာမှာ ပုံမဆန်း
အုန်းပင်တန်း ဆားငန်ရေ
ပင်လယ်လေ ထင်ရာစိုင်း
လှိုင်းက သည်လှိုင်း။
အညာသား မောင်စာဆို
လှိုင်းသံတွေ ဘယ်လိုကြားလဲ
သူ့နား မချို။
**ခရု ကဏန်းကိုလဲ
မလွမ်းတတ် မလွမ်းလို
ချိုပေမယ့် လျှာမတွေ့။
**အဖော်တွေစုံ
သောင်ခုံမှာ ရောင်စုံစကားတွေနဲ့
အားရပျော်မွေ့…။ ။
*** တင်မိုး ***
(၂၇၊ မေလ၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
**ပင်လယ်က လှိုင်းပုတ်သံ
ကာရန်က ထိုနည်း၎င်း။
နဂါးလို အမောက်ထောင်၍
သဲသောင်မှာ အမြင်လှပေမယ့်
တေးသံက ညောင်း။
ငပလီ ကမ်းသာယာ
ဟိုမှာလဲ သည်လှိုင်း
စက်စဲနဲ့ မောင်းမကန်
မြင်ပြန်လဲ သည်လှိုင်း။
**ချောင်းသာမှာ ပုံမဆန်း
အုန်းပင်တန်း ဆားငန်ရေ
ပင်လယ်လေ ထင်ရာစိုင်း
လှိုင်းက သည်လှိုင်း။
အညာသား မောင်စာဆို
လှိုင်းသံတွေ ဘယ်လိုကြားလဲ
သူ့နား မချို။
**ခရု ကဏန်းကိုလဲ
မလွမ်းတတ် မလွမ်းလို
ချိုပေမယ့် လျှာမတွေ့။
**အဖော်တွေစုံ
သောင်ခုံမှာ ရောင်စုံစကားတွေနဲ့
အားရပျော်မွေ့…။ ။
*** တင်မိုး ***
(၂၇၊ မေလ၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment