အရှက် ကုန်
မနက်ထ အာရုဏ်မှာ
ဗုံတောင် မမှန်၊ ရေကင်းသံ တလွဲ
နှဲသံက တခြား၊ စည်းဝါး မမိ
အရသာ ဘယ်မှာ ရှိပါလိမ့်
သိသိကြီးနှင့် လှော်ခတ်
ဘယ်အရပ် ဦးတည်နေမှန်း မသိ
တအိအိနှင့်
လှော်မိ လှော်ရာ၊ လှေနာဝါ
ကမ်းသာတကွေ့ တွေ့နိုးနိုး…။ ။
*** တင်မိုး ***
(၄-ဇွန်လ၊ ၁၉၉၉၊ ကြာသပတေးနေ့ ညနေခင်း)
**ရွက်ကမလုံ တက်ကမစုံ
အရှက် ကုန်
မနက်ထ အာရုဏ်မှာ
ဗုံတောင် မမှန်၊ ရေကင်းသံ တလွဲ
နှဲသံက တခြား၊ စည်းဝါး မမိ
အရသာ ဘယ်မှာ ရှိပါလိမ့်
သိသိကြီးနှင့် လှော်ခတ်
ဘယ်အရပ် ဦးတည်နေမှန်း မသိ
တအိအိနှင့်
လှော်မိ လှော်ရာ၊ လှေနာဝါ
ကမ်းသာတကွေ့ တွေ့နိုးနိုး…။ ။
*** တင်မိုး ***
(၄-ဇွန်လ၊ ၁၉၉၉၊ ကြာသပတေးနေ့ ညနေခင်း)


No comments:
Post a Comment