(အစ္စတန်ဘူလ်၊ မေလ ၂၃-ရက်)
ကုလသမဂ္ဂ ဆိုမာလီယာဆိုင်ရာ ညီလာခံကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မေလ ၂၂-ရက်နေ့က ကျင်းပရာ ကုလသမဂ္ဂ အတွင်းရေးမှူးချု ဘန်ကီမွန်း၊ ဆိုမာလီသမ္မတ ရှိတ်ရှရစ်ဖ်ရှိတ်အာမက်နှင့် ၅၅-နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)
*** နီပေါအလယ်ပိုင်း၌ မူးယစ်ဆေးဝါး သိမ်းဆည်းရမိ ***
နီပေါနိုင်ငံအလယ်ပိုင်း ဆင်ဒူပါချောက်ခရိုင် ဘာဟာဘော့စ်မြို့ စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး ၄၆-ဂရမ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ဂျပန်ကုန်တင်သင်္ဘော မုန်တိုင်းမိ ***
ဂျပန်နိုင်ငံ မီယာဇာကီစီရင်စု ဟူဂါမြို့ကမ်းလွန်တွင် မေလ ၂၃-ရက်နေ့က မုန်တိုင်းတိုက်ခတ်မှုကြောင့် ဂျပန်ကုန်တင်သင်္ဘောတစ်စင်းမှ သင်္ဘောသားသုံးဦးသေဆုံးပြီး အခြားသင်္ဘောသားများပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဂျပန်ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ လွှတ်တော်ရှေ့၌ ဗုံးတွေ့ရှိ ***
နီပေါနိုင်ငံ ခတ္တန္ဒူမြို့ လွှတ်တော်အဆောက်အအုံရှေ့တွင် မေလ ၂၃-ရက်နေ့ နံနက်က ဗုံးတစ်လုံးရှာဖွေတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့က အမြန်ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြောင်း ခတ္တန္ဒူ ရဲတပ်ဖွဲ့ ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ကုလသမဂ္ဂ ဆိုမာလီယာဆိုင်ရာ ညီလာခံကျင်းပ ***

No comments:
Post a Comment