*** ကလေးများ အ၀လွန်မှုသတိပြု ။ယိုပါသောအစားအစာနှင့် အချိုရည်ရှောင်ကြဉ်သင့် ***
(ဂျီနီဗာ၊ မေလ ၂၃-ရက်)
ကမ္ဘာပေါ်တွင် အလွန်ဝသော ကလေးများ တိုးပွားလာခြင်းကြောင့် ယိုပါသည့် အစားအသောက်များနှင့် အချိုရည်များ ကလေးများအား သောက်သုံးမှုလျှော့ချသွားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က သတိပေးသည်။ နိုင်ငံအသီးသီးအနေဖြင့် ယိုပါသည့် အစားအသောက် မုန့်များ၊ အချိုရည်များနှင့် ပတ်သက်ပြီး ဈေးကွက်ရှာခြင်း၊ ကြော်ငြာခြင်းတို့ကိုလည်း တင်းကျပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်းဖြင့်လည်း ဒဗလျူအိတ်ခ်ျအိုက တိုက်တွန်းထားသည်။ အဆိုပိါယိုပါသည့် အစားအသောက်မုန့်များနှင့် အချိုရည်များတွင် အဆီဓာတ်၊ သကြားဓာတ် သို့မဟုတ် ဆားဓာတ်များ အများအပြား ပါဝင်နေခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း၊
ကမ္ဘာပေါ်တွင် သေဆုံးမှုအားလုံး၏ ၆၀-ရာခိုင်နှုန်းမှာ ထိုရောဂါများကြောင့်ပင်ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီ ဒဗလျူအိတ်ခ်ျအိုက ပြောကြားသည်။ ကလေးဘ၀ အ၀လွန်ခြင်းမှာ တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့်ပင် တိုးပွားများပြားလာကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာ စားသောက်ပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်းကြောင့်ပင်ဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအို နာတာရှည်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ကီမွန်တီအမ်းစထရောင်းက ပြောကြားသည်။ ကမ္ဘာပေါ်တွင် အသက်ငါးနှစ်အောက် ကလေး ၄၂-သန်းခန့်မှာ အ၀လွန်နေကြကြောင်း၊ ယင်းတို့အနက် ၃၅-သန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ကြောင်း ဒဗျူအိတ်ခ်ျအိုကြေညာချက်၌ ဖော်ပြထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment