ကိုးယိုးကားယား၊ ပိန်သွားလိုက်
လိမ်သွားလိုက်၊ စောင်းသွားလိုက်နဲ့
နောက်ဆုံးကျတော့၊ အဲဒီ ‘၀↓လုံးဟာ
အသားကျပြီး
တအား လှသွားတော့တာပဲ။
အလေ့အကျင့်များမှ
အသားကျတတ်တာ ဓမ္မတာပဲ။
**အလေ့အကျင့်ကောင်းမှ
မျဉ်းကြောင်း တဖြောင့်တည်းပြေး
မကွေးမကောက်
အရေးပေါက်မှာ အမှန်ပဲ။
**အလေ့အကျင့် မနာဘဲနဲ့
တခါတည်း ပြည့်ရွှင်းပြီး
လပြည့်ဝန်းကြီးလို ဖြစ်တတ်ပါသေးရဲ့။
**ဒါပေမယ့်
တိုက်ဆိုင်မှုပါ အကြောင်းသင့်မှုပါ။
ကံကောင်းလို့
ဖလောင်းက ဖားဖြစ်တာပါ။
မခိုင်မြဲတတ်ပါ။
လေ့ကျင့်မှု၊ အချိန်ကြာရင်တော့
အရှိန်ပါပါနဲ့
မျက်စိမှိတ်သာရေး
‘၀↓လုံးကလေး အမြဲလှနေမှာ။
**ကလေးဘ၀က
စခဲ့တဲ့ အကျင့်ဟောင်း
နောက်နှောင်းကာလ အထိ
ကောက်ကြောင်းလှနေဦးမှာ။
**ဖြတ်လမ်း အားမကိုး၊ တစ်ပွဲတိုး မယုံစား
ကိုယ့်အား ကိုယ်တောင့်
ကိုယ့်မြှား ကိုယ်ဖြောင့်
ကိုယ့်အမှောင့် ကိုယ်ရှင်း
ကိုယ့်ပန်းခင်း ကိုယ်စိုက်
ကိုယ့်အကြိုက် ကိုယ်ဖန်တီး
ကိုယ့်ခရီး ကိုယ်ဆက်
ကိုယ့်လက်နဲ့ ကိုယ်တိုင်ရေးတဲ့
‘၀↓ လုံးကလေး ပမာ…။ ။
**(ချစ်သမီးကလေး မိုးမိုးအေးမွေးနေ့ မင်္ဂလာသို့)**
*** တင်မိုး ***
(၃၊ မေလ၊ ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
**ယိုင်တိယိုင်တိုင်၊ ခဲတံအဆံကျိုးနဲ့
ကိုးယိုးကားယား၊ ပိန်သွားလိုက်
လိမ်သွားလိုက်၊ စောင်းသွားလိုက်နဲ့
နောက်ဆုံးကျတော့၊ အဲဒီ ‘၀↓လုံးဟာ
အသားကျပြီး
တအား လှသွားတော့တာပဲ။
အလေ့အကျင့်များမှ
အသားကျတတ်တာ ဓမ္မတာပဲ။
**အလေ့အကျင့်ကောင်းမှ
မျဉ်းကြောင်း တဖြောင့်တည်းပြေး
မကွေးမကောက်
အရေးပေါက်မှာ အမှန်ပဲ။
**အလေ့အကျင့် မနာဘဲနဲ့
တခါတည်း ပြည့်ရွှင်းပြီး
လပြည့်ဝန်းကြီးလို ဖြစ်တတ်ပါသေးရဲ့။
**ဒါပေမယ့်
တိုက်ဆိုင်မှုပါ အကြောင်းသင့်မှုပါ။
ကံကောင်းလို့
ဖလောင်းက ဖားဖြစ်တာပါ။
မခိုင်မြဲတတ်ပါ။
လေ့ကျင့်မှု၊ အချိန်ကြာရင်တော့
အရှိန်ပါပါနဲ့
မျက်စိမှိတ်သာရေး
‘၀↓လုံးကလေး အမြဲလှနေမှာ။
**ကလေးဘ၀က
စခဲ့တဲ့ အကျင့်ဟောင်း
နောက်နှောင်းကာလ အထိ
ကောက်ကြောင်းလှနေဦးမှာ။
**ဖြတ်လမ်း အားမကိုး၊ တစ်ပွဲတိုး မယုံစား
ကိုယ့်အား ကိုယ်တောင့်
ကိုယ့်မြှား ကိုယ်ဖြောင့်
ကိုယ့်အမှောင့် ကိုယ်ရှင်း
ကိုယ့်ပန်းခင်း ကိုယ်စိုက်
ကိုယ့်အကြိုက် ကိုယ်ဖန်တီး
ကိုယ့်ခရီး ကိုယ်ဆက်
ကိုယ့်လက်နဲ့ ကိုယ်တိုင်ရေးတဲ့
‘၀↓ လုံးကလေး ပမာ…။ ။
**(ချစ်သမီးကလေး မိုးမိုးအေးမွေးနေ့ မင်္ဂလာသို့)**
*** တင်မိုး ***
(၃၊ မေလ၊ ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment