မိန်းမဖြစ်သူကို သတ်မှုဖြင့်လက်ဝှေ့သမား ဗာလီဂိုတရားရုံးရောက်နေသည်။ တရားသူကြီးအဖွဲ့အတွင်း၌ မျက်နှာသိတစ်ဦးပါဝင်တိာုဗာလီဂို၏ အစ်ကိုဖြစ်သူကတွေ့လေရာ ပြစ်မှုကိုလျှော့ချပေးရေးအတွက် လာဘ်ထိုးရန်စီစဉ်လေသည်။ တရားသူကြီး တစ်ဖွဲ့လုံးအား ဒေါ်လာ ၁-သောင်းလာဘ်ထိုးလိုက်ရာ ဗာလီဂို၏ အမှုမှာ လူသတ်မှုမှ လူသေမှုသို့ လျော့ကျသွားသည်။
စီရင်ချက်ချအပြီးတွင် တရားသူကြီး၏ နေအိမ်သို့ ဗာလီဂို၏ အစ်ကိုက ကျေးဇူးတင်စကားသွားပြောလေရာ တရားသူကြီးက...
`တကယ်တော့ အမှုကို လူသေမှုဖြစ်အောင် ကျန်တဲ့ တရားသူကြီးတွေကို စည်းရုံးရတာမလွယ်ဘူးကွ။ သူတို့က မင်းညီကို ကွင်းလုံးကျွတ် လွှတ်ချင်နေကြတာလေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
*** (ဟာဒယနှလုံး- တခဏပြုံး) ***

No comments:
Post a Comment