ငှက်ကလေးတွေ တာတာတီတီနဲ့
ကဗျာသီနေကျ။
**ကျနော်လဲ အိပ်ရာနိုး
ရေနွေးကြမ်း တစ်အိုး
ဆေးလိပ်မီးခိုး တငွေ့ငွေ့နဲ့
ကဗျာစိတ်ကူးမှာ မွေ့နေကျ။
**တစ်နေ့တာရဲ့ ကဗျာဥာဏ်ကသိုဏ်း
စက်ဝိုင်းအတွင်းဆီမှာ
သန့်ရှင်းတဲ့ စေတနာ
မေတ္တာကို အရင်းခံပြီးသကာလ
နိုင်ငံတွင်း နိုင်ငံပ
ဖြစ်ပျက်ခဲ့လေသမျှ၊ နှစ်သက် မနှစ်သက်ခဲ့လေသမျှ
ကြေးမုံမှန်ဝ အသွင်
ဆင်ခြင် သုံးသပ်ပြီး
မိမိရဲ့ အတတ်ပညာ တတ်သလောက်သာ
သဒ္ဒါစိတ်ပြေး ကဗျာနံ့သာဆီမွှေး
အတွေးတွေ သီကုံးရင်း
နှလုံးမွေးလျော် ပျော်နေကျပါကို။
**ကျနော့် ဘဝ
မှောင်ကျခဲ့တဲ့နေ့များ
ထောင်တံခါးက မှန်းမျှော်
ရမ်းရော်ရတဲ့ နေ့ရက်များ
ကွယ်လွန်သူ ချစ်ဇနီးနဲ့
ကျန်ရစ်သူ သားသမီးကလေးတို့ကို
တရေးရေးမြင်ယောင်
အင်းစိန်ထောင်ရဲ့ နေ့ရက်များ။
**ကျနော့်ခံစားမှုတွေ ပေါက်ကွဲ
ပြန့်ကြဲခဲ့ပြီ
ပုလဲလိုမသီကုံး မစုရုံးနိုင်ခဲ့ပြီ။
**ထောင်ကဗျာ အမှောင်စာကိုလဲ
ငါ ရေးချင်စိတ် မရှိပြီ။
ဂျူလီယော့ဖူးချစ်ရဲ့
ကြိုးစင်ပေါ်က မှတ်တမ်း
ထောင်ထဲမှာ တလွမ်းတည်း လွမ်းမိရဲ့
ဖြတ်သန်းခဲ့ရတဲ့ ကာလများ
ရဲဘော်တွေ အများနဲ့
အားရှိလို့မဆုံး ငါ့နှလုံးသန်မာ
ဒဏ်ရာကို အပြန်တစ်ရာခံနိုင်ပြီ။
ငါအရေးမကြီး၊ ပြည်သူတွေအရေးကြီး
ပြည်သူ့ ရေစီးထဲက ကျနော်
ပျော်ဝင်နိုင်စွမ်းရှိခဲ့ပြီ။
**ကိုယ့်အရေးက အသေးအဖွဲမျှသာ
ပြည်သူတကာခံစားရတဲ့ဝေဒနာ
အဲဒါသာ အရေးပဲ
ကိုယ့်အတွေး ကိုယ့်အလွမ်း
ကိုယ့်နှလုံးသား အခန်းထဲမှာ သိမ်းပြီး
ငြိမ်းချမ်းစွာနေတတ်ခဲ့ပြီ။
**အကျဉ်းထောင်ထဲက
အလင်းရောင်အကြောင်းကိုတော့
တစ်နေ့နေ့မှာ
ကဗျာကောင်းကောင်းဖွဲ့ဦးမယ်။
**ခုတော့…. ခဏသိမ်းပြီး
သူစိမ်းလိုနေဦးမယ်။
ထောင်ကဗျာမရေး
အမှောင်ရွာမှာ ခဏငေးဦးမယ်….။ ။
*** တင်မိုး ***
(၂၊ မေလ၊ ၁၉၉၉- တနင်္ဂနွေနေ့ နံနက်ခင်း)
**မနက် ၅-နာရီဆိုရင်
ငှက်ကလေးတွေ တာတာတီတီနဲ့
ကဗျာသီနေကျ။
**ကျနော်လဲ အိပ်ရာနိုး
ရေနွေးကြမ်း တစ်အိုး
ဆေးလိပ်မီးခိုး တငွေ့ငွေ့နဲ့
ကဗျာစိတ်ကူးမှာ မွေ့နေကျ။
**တစ်နေ့တာရဲ့ ကဗျာဥာဏ်ကသိုဏ်း
စက်ဝိုင်းအတွင်းဆီမှာ
သန့်ရှင်းတဲ့ စေတနာ
မေတ္တာကို အရင်းခံပြီးသကာလ
နိုင်ငံတွင်း နိုင်ငံပ
ဖြစ်ပျက်ခဲ့လေသမျှ၊ နှစ်သက် မနှစ်သက်ခဲ့လေသမျှ
ကြေးမုံမှန်ဝ အသွင်
ဆင်ခြင် သုံးသပ်ပြီး
မိမိရဲ့ အတတ်ပညာ တတ်သလောက်သာ
သဒ္ဒါစိတ်ပြေး ကဗျာနံ့သာဆီမွှေး
အတွေးတွေ သီကုံးရင်း
နှလုံးမွေးလျော် ပျော်နေကျပါကို။
**ကျနော့် ဘဝ
မှောင်ကျခဲ့တဲ့နေ့များ
ထောင်တံခါးက မှန်းမျှော်
ရမ်းရော်ရတဲ့ နေ့ရက်များ
ကွယ်လွန်သူ ချစ်ဇနီးနဲ့
ကျန်ရစ်သူ သားသမီးကလေးတို့ကို
တရေးရေးမြင်ယောင်
အင်းစိန်ထောင်ရဲ့ နေ့ရက်များ။
**ကျနော့်ခံစားမှုတွေ ပေါက်ကွဲ
ပြန့်ကြဲခဲ့ပြီ
ပုလဲလိုမသီကုံး မစုရုံးနိုင်ခဲ့ပြီ။
**ထောင်ကဗျာ အမှောင်စာကိုလဲ
ငါ ရေးချင်စိတ် မရှိပြီ။
ဂျူလီယော့ဖူးချစ်ရဲ့
ကြိုးစင်ပေါ်က မှတ်တမ်း
ထောင်ထဲမှာ တလွမ်းတည်း လွမ်းမိရဲ့
ဖြတ်သန်းခဲ့ရတဲ့ ကာလများ
ရဲဘော်တွေ အများနဲ့
အားရှိလို့မဆုံး ငါ့နှလုံးသန်မာ
ဒဏ်ရာကို အပြန်တစ်ရာခံနိုင်ပြီ။
ငါအရေးမကြီး၊ ပြည်သူတွေအရေးကြီး
ပြည်သူ့ ရေစီးထဲက ကျနော်
ပျော်ဝင်နိုင်စွမ်းရှိခဲ့ပြီ။
**ကိုယ့်အရေးက အသေးအဖွဲမျှသာ
ပြည်သူတကာခံစားရတဲ့ဝေဒနာ
အဲဒါသာ အရေးပဲ
ကိုယ့်အတွေး ကိုယ့်အလွမ်း
ကိုယ့်နှလုံးသား အခန်းထဲမှာ သိမ်းပြီး
ငြိမ်းချမ်းစွာနေတတ်ခဲ့ပြီ။
**အကျဉ်းထောင်ထဲက
အလင်းရောင်အကြောင်းကိုတော့
တစ်နေ့နေ့မှာ
ကဗျာကောင်းကောင်းဖွဲ့ဦးမယ်။
**ခုတော့…. ခဏသိမ်းပြီး
သူစိမ်းလိုနေဦးမယ်။
ထောင်ကဗျာမရေး
အမှောင်ရွာမှာ ခဏငေးဦးမယ်….။ ။
*** တင်မိုး ***
(၂၊ မေလ၊ ၁၉၉၉- တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment