အသီးပုပ်ပြီးတော့
ဇီဝိန်ချုပ်ကြရမှာချည်းပါ အမေ။
**မသေခင် ဂုဏ်သိက္ခာနဲ့
ကိုယ့်လက်ရာ ကိုယ့်အလုပ်
ဟုတ်မှန်ဖို့ လိုပါတယ်လေ။
ရှင်ချင်ရှင် သေချင်သေ
တည်နေနိုင်ဖို့က ကံတရား။
အစာ ချို့တဲ့ချင် ချို့တဲ့
တရားတော့ မမဲ့စေနဲ့
လူကဲ့ရဲ့ လွတ်ပစေ
စိတ်စေတနာ မှန်မှန်နဲ့
ဥာဏ်အား လုံ့လအား
ရိုးသားစွာ နေထိုင်
အကောင်းပြိုင် အနိုင်ရဖို့
ဘ၀မှာ အရေးအကြီးဆုံးပါပဲ
နှလုံးမွန် အဆုံးစွန်မြင့်စေဖို့
ကျင့်ရမည်တကား…။ ။
*** တင်မိုး ***
(၁၅၊ မေလ၊ ၁၉၉၉- စနေနေ့ နံနက်ခင်း)
…
**တနည်းမဟုတ် တနည်း
အသီးပုပ်ပြီးတော့
ဇီဝိန်ချုပ်ကြရမှာချည်းပါ အမေ။
**မသေခင် ဂုဏ်သိက္ခာနဲ့
ကိုယ့်လက်ရာ ကိုယ့်အလုပ်
ဟုတ်မှန်ဖို့ လိုပါတယ်လေ။
ရှင်ချင်ရှင် သေချင်သေ
တည်နေနိုင်ဖို့က ကံတရား။
အစာ ချို့တဲ့ချင် ချို့တဲ့
တရားတော့ မမဲ့စေနဲ့
လူကဲ့ရဲ့ လွတ်ပစေ
စိတ်စေတနာ မှန်မှန်နဲ့
ဥာဏ်အား လုံ့လအား
ရိုးသားစွာ နေထိုင်
အကောင်းပြိုင် အနိုင်ရဖို့
ဘ၀မှာ အရေးအကြီးဆုံးပါပဲ
နှလုံးမွန် အဆုံးစွန်မြင့်စေဖို့
ကျင့်ရမည်တကား…။ ။
*** တင်မိုး ***
(၁၅၊ မေလ၊ ၁၉၉၉- စနေနေ့ နံနက်ခင်း)
…
No comments:
Post a Comment