တောင်အမေရိကတိုက် ချီလီနိုင်ငံကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုလျက် အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၄-ရှိ မြေငလျင်ပြင်း မေ ၃-ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခဲ့ကြောင်း သိရသော်လည်း အပျက်အစီး အထိအခိုက် သတင်းများ မရသေးဟု ဆိုသည်။ (အင်တာနက်)
*** ယခုနှစ်ကုန်တွင် ဂြိုဟ်တုနှစ်လုံး အီရန် လွှတ်တင်မည် ***
အီရန်နိုင်ငံက ကြေးနန်းဆက်သွယ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်မည့် သဘောတူစာချုပ်ကို ရုရှားနှင့်ချုပ်ဆိုပြီးလျှင် ဂြိုဟ်တုနှစ်လုံး ယခုနှစ်ကုန်၌ လွှတ်တင်မည်ဖြစ်ကြောင်း မေလ ၄-ရက်နေ့က ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)
*** ပါရာဂွေးမူးယစ်တိုက်ဖျက်ရေး ဘရာဇီးထောက်ခံ ***
ပါရာဂွေးနိုင်ငံနှင့် ဘရာဇီးနိုင်ငံအကြား နယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပါရာဂွေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံကြောင်း ဘရာဇီးသမ္မတ လူလာဒါဆီးလ်ဗားက ပါရာဂွေးသမ္မတ ဖာနန်ဒိုလူဂိုနှင့် တွေ့ဆုံစဉ် မေလ ၃-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
*** အီရန်၏ ညူကလီးယားအစီအစဉ် သြစတြေးလျ စိုးရိမ် ***
အီရန်နိုင်ငံ၏ ညူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ သြစတြေးလျနိုင်ငံက များစွာစိုးရိမ်မကင်းရှိကြောင်း ညူကလီးယားမပြန့်ပွားရေးစာချုပ် ပြန်လည်သုံးသပ်ရေး နယူးယောက်ညီလာခံကျင်းပစဉ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး စတီဗင်စမစ်က မေလ ၄-ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ချီလီကမ်းလွန်ကို ဗဟိုပြု၍ မြေငလျင်လှုပ် ***

No comments:
Post a Comment