၂၀၁၄-ခုနှစ် ဥရောပချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ အသစ်ပြုပြင်မွမ်းမံပြီးသော ပရိသတ် ၂၈၀၀၀-ဆံ့ လက်ဇီဂရန်း အားကစားကွင်းကြီးကို ရွေးချယ်ထားကြောင်း သိရသည်။ (အင်တာနက်)
*** ဂိုးသမား ဂျိမ်းစ် ပရီးမီးယားလိဂ်၌ ဆက်ကစားရဖွယ်ရှိ ***
ဘာမင်ဂမ်နည်းပြ အဲလက်စ်မက်ကလစ်ခ်ျသည် ဂိုးသမား ဂျိုးဟတ်နေရာတွင် ဒေးဗစ်ဂျိမ်းစ်အား အစားထိုးရန် စီစဉ်နေသည့်အတွက် ပို့စ်မောက် အသင်းနှင့် အတူ တန်းဆင်းရမည့် အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျိမ်းစ်အတွက် ပရီးမီးယားလိဂ်တွင် ဆက်ကစားရန် အခွင့်အရေးတစ်ရပ်ရဖွယ်ရှိသည်။ (အင်တာနက်)
*** မိုဒရစ် မထွက်ခွာရန် တားဆီးနိုင်မည်ဟု ရက်နက်ယုံကြည် ***
စပါးကွင်းလယ်ကစားသမား လူကာမိုဒရစ်အား မန်ယူက ခေါ်ယူရန်ကြိုးပမ်းနေမှုကို တားဆီးနိုင်မည်ဟု ယုံကြည်ကြောင်း စပါးနည်းပြ ဟာရီရက်နက်က ဖွင့်ဟပြောကြားသည်။ (အင်တာနက်)
*** ဘက်ဖို့ဒ်အား ခေါ်ယူနိုင်ရေး အဲဗာတန် ရေပန်းစား ***
ကိုယ်စားလှယ်မထားသူ လိဒ်ယူနိုက်တက်မှ ဂျာမိန်းဘက်ဖို့ဒ်အား ယခုဘောလုံးရာသီအကုန်၌ စာချုပ်ခေါ်ယူနိုင်ရေးတွင် အဲဗာတန်အသင်းက ထိပ်ဆုံးမှာ ရေပန်းစားလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
*** ဒင်နာနီ ပရီးမီးယားလိဂ်တွင် ဆက်ကစားမည် ***
ပြင်သစ်အသင်းလန်းစ်မှ ပို့စ်မောက်အသင်းတွင် အငှားစာချုပ်ဖြင့် ကစားနေသူ အရူနာဒင်နာနီသည် ဘလက်ဘန်းအသင်းတွင် ဆေးစစ်ဆေးမှုများ ခံယူပြီးပြီဖြစ်ရာ ၄င်းအနေဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်တွင် ဆက်ကစားရန်အတွက် လွန်ခဲ့သည့်နှစ်က လန်းစ်အသင်းနှင့် ချုပ်ဆိုထားသည့် လက်ကျန်အတွက် လျော်ကြေးပေးမည်ဟု ဆိုသည်။ (အင်တာနက်)
*** ၂၀၂၂-ခုနှစ် ကမ္ဘာ့ဖလားလက်ခံကျင်းပရန် ဂျပန်လျှောက်ထားမည် ***
၂၀၁၈-ခုနှစ် ကမ္ဘာ့ဖလားကို ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံတွင် ကျင်းပခွင့်ပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီစာ)က စီစဉ်ထားပြီး ဖြစ်သည့်အတွက် ၂၀၂၂-ခုနှစ် ကမ္ဘာ့ဖလားကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လျှောက်ထားမည်ဟု ဂျပန်ဘောလုံးအဖွဲ့ချုပ် (ဂျေအက်ဖ်အေ)ဥက္ကဌ မိုတိုအာကီ အီနူကိုင်က ပြောကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက မေလ ၄-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** ဥရောပချန်ပီယံရှစ် ပြေးခုန်ပစ် ဆွစ်ဇာလန်၌ ကျင်းပမည် ***

No comments:
Post a Comment