(ဆန်နာ၊ မေလ ၅-ရက်)
ယီမင်ကုန်သင်္ဘောတစ်စင်းသည် ယီမင်နိုင်ငံသား ၉-ဦးနှင့်အတူ ယီမင်ကမ်းလွန် တစ်နေရာတွင် ဆိုမာလီဓားပြများ၏ အပိုင်စီးမှုခံရကြောင်း ယီမင်ပြည်ထဲရေးဝန်ကြီးဌာနက မေလ ၄-ရက်နေ့၌ ပြောကြားသည်။ အဆိုပါသင်္ဘောသည် ဟာဒရာမောက်ပြည်နယ် မူကောဆိပ်ကမ်းမှထွက်ခွာပြီး အေဒင်ဆိပ်ကမ်းမြို့သို့ ဦးတည်မောင်းနှင်လာပြီး နောက်ငါးရက်အကြာတွင် အပိုင်စီးခံရသည်ဟု ယီမင်ကမ်းခြေစောင့်ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြသည်။ (အင်တာနက်)
*** မက္ကဆီကိုမြောက်ပိုင်း၌ မြေပြို၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရ ***
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်နှင့် နယ်ချင်းစပ်လျက်ရှိသည့် မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဘာဂျာကယ်လီဖိုးနီးယားပြည်နယ်တွင် မြေပြို၍ ရွှံ့များစီးဆင်းဖုံးအုပ်သည့်အတွက် မိသားစု ၃၅-စုတို့ အိုးမဲ့အိမ်မဲ့ဘ၀သို့ ရောက်ရှိ ခဲ့ကြရကြောင်း တာဝန်ရှိသူတစ်ဦးက မေလ ၄-ရက်နေ့၌ ကြေညာသည်။ (အင်တာနက်)
*** အီတလီနှင့် ကူဝိတ် အပြန်အလှန် ရင်းနှီးမြှုပ်နှံမည် ***
အီတလီဝန်ကြီးချုပ် ဘာလူစကိုနီနှင့် ကူဝိတ်စော်ဘွား- ဆာဘားအယ်အာမက်အယ်ဆာဘားတို့တွေ့ဆုံပြီး နှစ်နိုင်ငံအခြေခံအဆောက်အအုံဆိုင်ရာ အပြန်အလှန်ရင်းနှီးမြှုပ်နှံရေးကိစ္စများကို ရောမမြို့၌ မေလ ၃-ရက်နေ့က ဆွေးနွေးကြကြောင်း အီတလီအစိုးရက ကြေညာသည်။ (အင်တာနက်)
*** အာရေဗျ ခရီးသွားဈေးကွက်ပြပွဲ ဒူဘိုင်း၌ဖွင့် ***
တရုတ်ကုမ္ပဏီ ၂၇-ခု အပါအ၀င် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီ ၂၂၀၀-ကျော် ပါဝင်ဆင်နွှဲသည့် (၁၇)ကြိမ်မြောက် အာရေဗျခရီးသွားဈေးကွက်ပြပွဲကို ဒူဘိုင်းမြို့၌ မေလ ၃-ရက်နေ့က ဖွင့်လှစ်လိုက်သည်။ (အင်တာနက်)
*** ကနေဒါအနောက်ပိုင်း၌ ရထားနှင့် ကားတိုက်မိ၍ ၃-ဦးသေဆုံး ***
ကနေဒါနိုင်ငံအနောက်ပိုင်း အယ်လ်ဘာတာပြည်နယ်တွင် မေလ ၅-ရက်နေ့က ရထားနှင့် ထရပ်ကားတို့ တိုက်မိသဖြင့် လူ ၁-ဦးနှင့် ကလေး ၂-ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***/span>
*** ယီမင်သင်္ဘော အပိုင်စီးခံရ ***

No comments:
Post a Comment