*** ရုပ်မြင်သံကြား ကြာမြင့်စွာကြည့်သော ကလေး ကျန်းမာရေး ထိခိုက်စေနိုင်ဟုဆို ***
အသက်ငယ်သော ကလေးငယ်များ ရုပ်မြင်သံကြားကို အချိန်ကြာမြင့်စွာ ပေးမကြည့်သင့်ကြောင်း၊ ကျန်းမာရေး ချို့ယွင်းစေနိုင်ကြောင်း သုတေသန ပညာရှင်များက သတိပေးထားသည်။ ကလေးငယ်များအား သိုင်းကားများ ပေးမကြည့်သင့်ကြောင်း မီချီဂန်နှင့် မွန်ထရီရယ်တက္ကသိုလ်များမှ သုတေသန ပညာရှင်များက သတိပေး တင်ပြထားသည်။ ယင်းသုတေသနအဖွဲ့သည် ကလေး ၁၃၀၀-အား စစ်တမ်းကောက်ယူခဲ့ရာ ရုပ်မြင်သံကြား ကြာရှည်စွာ ကြည့်သော ကလေးများမှာ ကျန်းမာရေးထိခိုက်မှုများ ပိုမိုတွေ့ရှိရသည်ဟု ဆိုသည်။ (အင်တာနက်)
*** အရိုးနာကျင်မှု ရောဂါများ ဓာတ်မှန်ဖြင့် စစ်ဆေးနိုင်ဖွယ်ရှိ ***
အရိုးနာကျင်စွာ ခံစားနေရသော ရောဂါဝေဒနာရှင်များ၏ အရိုးနာရောဂါကို ဓာတ်မှန်ရိုက်ပြီး စမ်းသပ်ပေးနိုင်ဖွယ်ရှိကြောင်း စကော့တလန်သိပ္ပံပညာရှင်များက ပြောကြားသည်။ အရိုးနာကျင်ရောဂါဖြစ်စေသည့် မျိုးဗီဇသုံးမျိုးကို စမ်းသပ်စစ်ဆေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၄င်းသိပ္ပံပညာရှင်တို့က လေ့လာတွေ့ရှိထားသည်။ ဗြိတိန်နိုင်ငံ၌ အရိုးရောဂါခံစားနေရသူတစ်သန်းခန့်ရှိရာ ယင်းတို့ကို ဓာတ်မှန်ရိုက်စစ်ဆေးကုသရန် မျှော်လင့်ထားသည်။ အရိုးနာကျင်ရောဂါများ ဓာတ်မှန်ရိုက်စစ်ဆေးနိုင်လျှင် ဆရာဝန်များအနေဖြင့် လူနာများအာ ထိရောက်စွာ ကုသပေးရန် အထောက်အကူဖြစ်လာမည်ဟု ဆိုသည်။ (အင်တာနက်)
*** Public Health ***

No comments:
Post a Comment