ရှင်သန်ပွင့်ဝေခဲ့ဖူးတယ် ဆိုစကား
နှလုံးသားထဲက ရှေးဟောင်းပစ္စည်းတစ်ခု
ဒီရာစုမှာ ဖြစ်သွားခဲ့ပြီ။
**ပိတောက်ပင်အိုကြီးကို
လမ်းမ ဒိုးယိုအတွက်
ဖြိုခဲ့ပြီ၊ လှဲခဲ့ပြီ၊ ပျောက်ခဲ့ပြီ။
**ရှင်သန်ခြင်းမရှိတော့တဲ့ အပင်ရဲ့
ပစ္စုပ္ပန်ခရီးစဉ်လဲ မရှိ
အနာဂတ်လဲ မရှိ
ဖူးပွင့်ဝေဦးမယ့် အနာဂတ်
ငါတို့နဲ့ မပတ်သက်တော့။
**ပိတောက်ပင်အိုရဲ့ အတိတ်သာ
အရိပ်ပမာ ကျန်ခဲ့တော့သည်။
တချိန်က တရပ်ကွက်လုံးက
သင်္ကြန်ကျပြီဆိုရင်
ပျိုပျိုအိုအို မကျန်
အလုအယက် ပန်ကြဖူးတဲ့
အတိတ်ကံသာ အမွေရှိတော့သည်။
**တပင်လုံး ပျောက်ကွယ်သွားပြီးနောက်
လွမ်းလောက်ဖွယ် လက်ကျန်ပန်းသမျှ
နမ်းစရာ လွမ်းစရာလဲ မရှိ
ရှင်သန်ခြင်း ရှိမှ
တန်ဖိုးသစ် ရှိစမြဲ။
**အမှတ်တရ တသသဆိုတဲ့
စိတ္တဇ ရှေးဟောင်းပစ္စည်းကတော့
အချည်းနှီးပါပဲ။
နှင်းပျောက်သလို ပျောက်သွားမှာပါပဲ။
**ပင်အိုဟောင်း နေရာမှာ
ရွက်နုဖြာမယ့် အပင်သစ် မစိုက်သမျှ
အလွမ်းတိမ်တိုက်သာ ဖြစ်မှာပဲ။
**ဟာလာဟင်းလင်းနဲ့
အရိပ်ကင်းတဲ့ နေရာမှာ
အပင်သစ်ကလေး တထွာမျှ
မိုးသာသခိုက် စိုက်ရမှာပဲ
ွှအရွယ်ပျိုခိုက် ပင်ပျိုစိုက်ရမှာပဲ။
**အပင်သစ်ပေါ်လာမှ
မျှော်လင့်ချက်ရှိမယ်၊ ခွန်အားရှိမယ်
ပစ္စုပ္ပန်လဲရှိမယ်၊ အနာဂတ်လဲရှိမယ်
အသက်ဝင်မှု လဲရှိမယ်။
*** တင်မိုး ***
(၁၆၊ မေလ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်)
**ငါ့အိမ်ရှေ့က ပိတောက်ပင်ကြီး
ရှင်သန်ပွင့်ဝေခဲ့ဖူးတယ် ဆိုစကား
နှလုံးသားထဲက ရှေးဟောင်းပစ္စည်းတစ်ခု
ဒီရာစုမှာ ဖြစ်သွားခဲ့ပြီ။
**ပိတောက်ပင်အိုကြီးကို
လမ်းမ ဒိုးယိုအတွက်
ဖြိုခဲ့ပြီ၊ လှဲခဲ့ပြီ၊ ပျောက်ခဲ့ပြီ။
**ရှင်သန်ခြင်းမရှိတော့တဲ့ အပင်ရဲ့
ပစ္စုပ္ပန်ခရီးစဉ်လဲ မရှိ
အနာဂတ်လဲ မရှိ
ဖူးပွင့်ဝေဦးမယ့် အနာဂတ်
ငါတို့နဲ့ မပတ်သက်တော့။
**ပိတောက်ပင်အိုရဲ့ အတိတ်သာ
အရိပ်ပမာ ကျန်ခဲ့တော့သည်။
တချိန်က တရပ်ကွက်လုံးက
သင်္ကြန်ကျပြီဆိုရင်
ပျိုပျိုအိုအို မကျန်
အလုအယက် ပန်ကြဖူးတဲ့
အတိတ်ကံသာ အမွေရှိတော့သည်။
**တပင်လုံး ပျောက်ကွယ်သွားပြီးနောက်
လွမ်းလောက်ဖွယ် လက်ကျန်ပန်းသမျှ
နမ်းစရာ လွမ်းစရာလဲ မရှိ
ရှင်သန်ခြင်း ရှိမှ
တန်ဖိုးသစ် ရှိစမြဲ။
**အမှတ်တရ တသသဆိုတဲ့
စိတ္တဇ ရှေးဟောင်းပစ္စည်းကတော့
အချည်းနှီးပါပဲ။
နှင်းပျောက်သလို ပျောက်သွားမှာပါပဲ။
**ပင်အိုဟောင်း နေရာမှာ
ရွက်နုဖြာမယ့် အပင်သစ် မစိုက်သမျှ
အလွမ်းတိမ်တိုက်သာ ဖြစ်မှာပဲ။
**ဟာလာဟင်းလင်းနဲ့
အရိပ်ကင်းတဲ့ နေရာမှာ
အပင်သစ်ကလေး တထွာမျှ
မိုးသာသခိုက် စိုက်ရမှာပဲ
ွှအရွယ်ပျိုခိုက် ပင်ပျိုစိုက်ရမှာပဲ။
**အပင်သစ်ပေါ်လာမှ
မျှော်လင့်ချက်ရှိမယ်၊ ခွန်အားရှိမယ်
ပစ္စုပ္ပန်လဲရှိမယ်၊ အနာဂတ်လဲရှိမယ်
အသက်ဝင်မှု လဲရှိမယ်။
*** တင်မိုး ***
(၁၆၊ မေလ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်)


No comments:
Post a Comment