စီးရီးအေအသင်း အေစီမီလန်မှ ဘရာဇီးကြယ်ပွင့် ပါတိုအား စာချုပ်ခေါ်ယူရေးတွင် ရီရဲမက်ဒရစ်အား နောက်ကောက်ချထားရန် ချဲဆီးအသင်းက စီစဉ်နေသည်။ (အင်တာနက်)
*** ချန်ပီယံလိဂ်ဝင်ခွင့် မရပါက အနာဂတ်ကို မသိရသေးဟု မန်စီနီဖွင့်ဟ ***
ယခုရာသီတွင် မန်စီးတီးအသင်းအား ချန်ပီယံလိဂ်ဝင်ခွင့်ရရေးကြိုးပမ်းမှု မအောင်မြင်သည့်အတွက် လာမည့်ရာသီတွင် မန်စီးတီး၌ မိမိ၏အနာဂတ် ရေရာမှုမရှိသေးကြောင်း နည်းပြမန်စီနီက ဖွင့်ဟပြောကြားသည်။ (အင်တာနက်)
*** ဘင်နီတက်ဇ်အား ဂျူဗင်းတပ်စ် တရားဝင်ကမ်းလှမ်းမည် ***
ပြီးခဲ့သည် မေလ ၂-ရက်နေ့က အိမ်ကွင်းအန်ဖီးလ်၌ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့သော လီဗာပူးအသင်းနည်းပြ ရာလ်ဖေးဘင်နီတက်ဇ်အား စီးရီးအေအသင်း ဂျူဗင်းတပ်စ်က တရားဝင် ကမ်းလှမ်းမှုပြုလုပ်မည်ဟု ဆိုသည်။ (အင်တာနက်)
**မော်ရင်ဟို ရီရဲသို့ပြောင်းဖြစ်ပါက လမ်းပတ်အား ခေါ်ယူဖွယ် ***
ပေါ်တူဂီလူမျိုးနည်းပြ ဂျို့စ်မော်ရင်ဟိုသည် ယခုနွေရာသီတွင် အင်တာမီလန် အသင်းမှ ရီရဲမက်ဒရစ်သို့ ထွက်ခွာခဲ့ပါက ချဲလ်ဆီးမှ လမ်းပတ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀-ပေးခေါ်ယူဖွယ်ရှိသည်။ (အင်တာနက်)
*** စီရိုနယ်ဒိုအား ပေါင်သန်း ၆၀-ဖြင့် ဖာဂူဆန်ခေါ်ယူမည် ***
မန်ယူနည်းပြ ဖာရဂ၏၏ဂူဆန်က ၄င်းအနေဖြင့် ပေါင်သန်း ၆၀-ပေးစာချုပ်ခေါ်ယူမည့် တစ်ဦးတည်းသော ကစားသမားမှာ မန်ယူကြယ်ပွင့်ဟောင်း စီရိုနယ်ဒိုဖြစ်ကြောင်း ဖွင့်ဟပြောကြားသည်။ မန်ယူသည် ထိုအတောအတွင်း ချဲလ်ဆီးမှ ဂျိုးကိုးလ်နှင့် အဲဗာတန်အသင်းမှ စတီဗင်ပီယင်နာတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ခေါ်ယူရန် အကဲခတ်နေသည်။ (အင်တာနက်)
*** ဂျိုးကိုးလ် ချဲလ်ဆီးမှ ထွက်ခွာပါက ၀က်စ်ဟမ်းခေါ်ယူမည် ***
ယခုနွေရာသီတွင် ၀က်စ်ဟမ်းလူငယ် အကယ်ဒမီဘောလုံးကျောင်းထွက် ဂျိုးကိုးလ်အနေဖြင့် ချဲလ်ဆီးမှ ထွက်ခွာမည်ဆိုပါက ၀က်ဟမ်းက ၄င်းအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းစာချုပ် ခေါ်ယူမည်ဟု ဆိုသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** ရီရဲထက်ဦးအောင် ပါတိုအားခေါ်ယူရေး ချဲလ်ဆီးစီစဉ် ***

No comments:
Post a Comment