(မော်စကို၊ မေလ ၇-ရက်)
သင်္ဘောသား ၂၃-ဦးလိုက်ပါလာသည့် လိုက်ဘေးရီးယားအလံတင် ရေနံသင်္ဘောတစ်စင်း အေဒင်ပင်လယ်ကွေ့တွင် ဆိုမာလီဓားပြများ၏ အပိုင်စီးမှုကို ခံရကြောင်း ဥရောပသမဂ္ဂ(အီးယူ)ပင်လယ်ဓားပြတိုက်ဖျက်ရေးအဖွဲ့က ပြောကြားသည်။ အဆိုပါ ရေနံတင်သင်္ဘောသည် တရုတ်နိုင်ငံသို့ မောင်းနှင်လာစဉ် ဆိုမာလီကမ်းလွန်တစ်နေရာ၌ ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုကို ခံရခြင်းဖြစ်သည်ဟု သင်္ဘောပိုင်ရှင်က ပြောကြားသည်။ သင်္ဘောသားအားလုံး ကျန်းမာရေးကောင်းမွန်သည်ဟု ယူဆရကြောင်း ကြေညာချက်အရ သိရသည်။ (အင်တာနက်)
*** ပီရူး၌ ငလျင်ပြင်းလှုပ်။ နေအိမ်များ ပြိုကျပျက်စီး ၁၁-ဦး ဒဏ်ရာရ ***
(လီမာ၊ မေလ ၇-ရက်)
ချီလီနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ပီရူးနိုင်ငံ တက်နာဒေသတွင် မေလ ၅-ရက်နေ့ ညပိုင်းက အင်အား ၆ ဒသမ ၅-အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ ၁၁-ဦးဒဏ်ရာရရှိသည်ဟု ပီရူးအမျိုးသား အရပ်ဘက်ကာကွယ်ရေးဌာနက မေ ၆-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ ထို့ပြင် ကော့စတာဗာဒီဒေသနှင့် ဆန်အန်တိုနီရှိမြို့တို့၌လည်း နေအိမ်များ ပြိုကျပျက်စီးခဲ့သည်။ (ဆင်ဟွာ)
*** အမေရိကန် မောင်းသူမဲ့လေယာဉ်များ ပါကစ္စတန်၌ ကျယ်ပြန့်စွာ အသုံးပြုမည် ***
(အစ္စလမ္မာဘတ်၊ မေလ ၇-ရက်)
အရပ်သားသေဆုံးမှု များပြားလာသဖြင့် ပါကစ္စတန်နိုင်ငံသူ နိုင်ငံသားများက မကျေမနပ်ဖြစ်နေသည့်ကြားမှာ ပါကစ္စတန်နိုင်ငံရှိ ပစ်မှတ်များအား မောင်းသူမဲ့လေယာဉ်သုံး ဒုံးကျည်များဖြင့် ပိုမိုထိရောက်စွာ ပစ်ခတ်ခွင့်အာဏာကို စီအိုင်အေက ရရှိထားကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် မေလ ၆-ရက်နေ့က ဖော်ပြထားသည်။ (ရိုက်တာ)
*** အာရှရေနံစိမ်း ဈေးကွက်တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက် ***
(တိုကျို၊ မေလ ၇၀-ရက်)
ရေနံစိမ်းဈေးနှုန်းများ ရက်ပေါင်းများစွာ သိသိသာသာကျဆင်းခဲ့ပြီးသည့်နောက် အာရှဈေးကွက်တွင် ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ကြောင်း အင်တာနက်သတင်းတွင် မေလ ၆-ရက်နေ့က ဖော်ပြသည်။ ဂျပန်ရေနံဈေးကွက်ပိတ်သွားပြီး ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးဆက်လက်လုပ်ကိုင်ရန် ငြင်းဆန်လျက်ရှိပြီးနောက် ရေနံဈေးရောင်းဝယ်မှုပမာဏသည် လတ်တလောအားဖြင့် ကျဆင်းခဲ့သည်။ ယူရိုသုံးငွေဖြင့် နှိုင်းယှဉ်ပါက ဒေါ်လာတန်ဖိုးသည် ခိုင်မာလျက်ရှိပြီးနောက် ရေနံစိမ်းဈေးနှုန်းများသည် ယခုရက်သတ္တပတ်အတွင်း ရေနံတစ်စည်လျှင် ၈၂ဒဒေါ်လာသို့ ရောက်ရှိခဲ့သည်။ (အင်တာနက်)
*** ပင်လယ်ကွေ့စစ်ပွဲက အီရတ်တပ်ဖွဲ့ဝင်များ သင်္ချိုင်းတွေ့ ***
၁၉၉၂-ခုနှစ် ပင်လယ်ကွေ့စစ်ပွဲအတွင်းက အသတ်ခံခဲ့ရသည့် အီရတ်တပ်ဖွဲ့ဝင် ၅၉-ဦးတို့၏ အစုအပြုံလိုက် မြှုပ်ထားသည့် သင်္ချိုင်းကို ကူဝိတ်နိုင်ငံက မေလ ၆-ရက်နေ့တွင် တွေ့ရှိကြောင်း ကူဝိတ်ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာသည်။ (အင်တာနက်)
*** ညူလက်နက်ကင်းမဲ့ရေးဇုန် အတည်ပြုရန် ဂါနာတိုက်တွန်း ***
အာဖရိကတိုက်တွင် ညူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် ထူထောင်ရေးစာချုပ်၏ စာချွန်လွှာအသီးသီးကို အမေရိကန်နှင့် ရုရှားနိုင်ငံတို့က လက်မှတ်ရေးထိုးအတည်ပြုပေးကြပါရန် ဂါနာနိုင်ငံက မေလ ၆-ရက်နေ့တွင် တိုက်တွန်းလိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဆိုမာလီပင်လယ်ဓားပြများ ရေနံတင်သင်္ဘောတစ်စင်းကို အပိုင်စီးထား ***

No comments:
Post a Comment