*** သစ်သီးလှလှ ကလေးများ စားသုံးချင်ကြ ***
(နယ်သာလန်၊ မေလ ၇-ရက်)
သစ်သီးဝလံများလှပအောင် လှီးပေးပါလျှင် ကလေးများ ပို၍ စားသောက်ကြကြောင်း သုတေသီများက လေ့လာ တင်ပြထားသည်။ နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ရှိ ကလေး ၁၀၀-ခန့်အား သစ်သီးဝလံများကို ပုံစံအမျိုးမျိုးပြုလုပ်ကျွေးခဲ့ရာ ပုံစံလှလှပပ လှီးဖြတ်ထားသော သစ်သီးဝလံများကို ကလေးများက ပိုမိုစားသုံးသည်ကို လေ့လာတွေ့ရှိရကြောင်း အဆိုပါနိုင်ငံများရှိ သုတေသီများက လေ့လာတင်ပြခဲ့သည်။ ကလေးများသည် ပန်းသီး၊ စတော်ဘယ်ရီနှင့် အစေ့မဲ့ စပျစ်သီးတို့ကို ပိုမိုကြိုက်နှစ်သက်ကြသည်ဟုဆိုသည်။ (အင်တာနက်)
*** ညစဉ်ခြောက်နာရီ အိပ်ရေး၀၀ အိပ်စက်ပါလျှင် ကျန်းမာ၍ အသက်ရှည်စေနိုင်ဟုဆို ***
ညစဉ် ခြောက်နာရီထက် လျော့နည်း အိပ်စက်သူများသည် အသက်တိုစေနိုင်ကြောင်း ဗြိတိသျှနှင့် အီတလီ သုတေသနပညာရှင်များက သတိပေးထားသည်။ ညအခါ အိပ်စက်မှု နာရီနည်းလွန်းသူများသည် ခြောက်နာရီမှ ရှစ်နာရီအတွင်း အိပ်စက်ကြသူများထက် အသက် ၂၅-နှစ်ခန့် ပိုတိုစေနိုင်ကြောင်း အဆိုပါ သုတေသီများက ပြောကြားသည်။ သို့ရာတွင် ညစဉ် ကိုးနာရီထက် ပိုအိပ်ကြသူများသည်ကျန်းမာရေးချို့ယွင်းကာ နာမကျန်းဖြစ်ပြီး စောစီးစွာ သေဆုံးကြရဖွယ်ရှိကြောင်းဖြင့်လည်း ၄င်းတို့က သတိပေးထားသည်။ (အင်တာနက်)
*** Public Health ***

No comments:
Post a Comment