ပူပူနွေးနွေးလက်ထပ်မင်္ဂလာပွဲအပြီး၌ ချဲလ်ဆီးအသင်းသား ဂျိုကိုးလ်က ဇနီးဖြစ်သူအားပြောသည်။
`မင်းက အခုငါ့ဇနီးဖြစ်ပြီဆိုတော့ ငါ့စည်းကမ်းတွေကိုလိုက်နာရမယ်။ အိမ်ကိုငါပြန်လာချင်တဲ့ အချိန်ပြန်လာမယ်။ ပြန်မလာချင်လည်း ပြန်မလာဘူး။ ငါဘာမှ ပြောမထားလည်း ညနေစာကို ကောင်းကောင်းချက်ထားရမယ်။ ငါ့သူငယ်ချင်းတွေနဲ့ ငါသွားချင်တဲ့နေရာကို ဘယ်အချိန်မဆိုသွားမယ်။ မင်းမှာဘာမှပြောပိုင်ခွင့်မရှိဘူး။ ကဲ… ဘာပြောချင်သေးလဲ။´
`ပြဿနာမရှိပါဘူး။ တစ်ခုပဲပြောချင်ပါတယ်။ ညတိုင်းညတိုင်းမှာ ည ၇-နာရီထိုးတာနဲ့ ရှင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျမအိပ်ချင်တဲ့ယောင်္ကျားနဲ့ အိပ်မယ်ဆိုတာလေးတစ်ခုပါပဲ။´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment