ဆိုရိုး ရှေးစကားနဲ့
တရားပြတဲ့ ဆရာရေ။
**ကျားဆိုးတွေ
ဓားမိုး မွှေလွန်းလို့
မနေသာ မထိုင်သာ
လင့်စင်မှာ တက်စောင့်
မြားတတောင့် အသင့်ပြင်ပြီး
ပတ်ဝန်းကျင် ဘယ်ညာရှု
ပြုမိတယ် အဆွေ။
**တို့ရွာမှာ အန္တရာယ်ပေး
ပြေးရလွှားရ ပုန်းရရှောင်ရ
စိတ်ချချ မအိပ်ရဘူး
ညည နွားတွေကွဲတော့
ကျားဆွဲဖို့ ချောင်းလျက်နေ
လူသေနွားသေ များချေပကော။
**ကြာရင် ဒို့ရွာပျက်ချေရဲ့
လက်နက်တွေစု လူတွေစု
မောင်းထုပြီး နှိုးဆော်
ရှေ့တခေါ် မျှော်ရပြန်
နောက်တလံ ပြန်ကြည့်
သတိ ကိုယ်မကွာ
ရွာကို ညီစေဖို့ အကျိုး
ဗျိုးဟစ် ဆော်သြ။
**ကျား ငစဉ်းလဲကြောင့်
အများ ဆင်းရဲမှာမို့
နွားသင်း မကွဲအောင်
အားခဲလို့ ဟော…။ ။
(ဆရာ ဦးအောင်းသင်းသို့)
*** တင်မိုး ***
(၁၉၊ မေလ၊ ၁၉၉၉၊ ဒုဒဟူးနေ့ နံနက်ခင်း)
**ကျားငြိုးအောင် လင့်မထိုးနဲ့- တဲ့
ဆိုရိုး ရှေးစကားနဲ့
တရားပြတဲ့ ဆရာရေ။
**ကျားဆိုးတွေ
ဓားမိုး မွှေလွန်းလို့
မနေသာ မထိုင်သာ
လင့်စင်မှာ တက်စောင့်
မြားတတောင့် အသင့်ပြင်ပြီး
ပတ်ဝန်းကျင် ဘယ်ညာရှု
ပြုမိတယ် အဆွေ။
**တို့ရွာမှာ အန္တရာယ်ပေး
ပြေးရလွှားရ ပုန်းရရှောင်ရ
စိတ်ချချ မအိပ်ရဘူး
ညည နွားတွေကွဲတော့
ကျားဆွဲဖို့ ချောင်းလျက်နေ
လူသေနွားသေ များချေပကော။
**ကြာရင် ဒို့ရွာပျက်ချေရဲ့
လက်နက်တွေစု လူတွေစု
မောင်းထုပြီး နှိုးဆော်
ရှေ့တခေါ် မျှော်ရပြန်
နောက်တလံ ပြန်ကြည့်
သတိ ကိုယ်မကွာ
ရွာကို ညီစေဖို့ အကျိုး
ဗျိုးဟစ် ဆော်သြ။
**ကျား ငစဉ်းလဲကြောင့်
အများ ဆင်းရဲမှာမို့
နွားသင်း မကွဲအောင်
အားခဲလို့ ဟော…။ ။
(ဆရာ ဦးအောင်းသင်းသို့)
*** တင်မိုး ***
(၁၉၊ မေလ၊ ၁၉၉၉၊ ဒုဒဟူးနေ့ နံနက်ခင်း)


No comments:
Post a Comment