ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 13, 2010

ကျနော်မသိသောကျနော်

> (၁)
အိပ်ရာမှထထချင်း ခေါင်းကမတရားကိုက်နေသဖြင့် နှုတ်မှအသံထွက်ညဉ်းညူကာ ခဏပြန်လှဲနေလိုက်ရသည်။ မျက်လုံးများမှာ မီးဟပ်ခံရသည့်နှယ်ပူလောင်နေပြီး တကိုယ်လုံးချစ်ချစ်တောက်ပူလျက်ရှိသည်။ ငါတော့ဖျားပြီ ဟုသိလိုက်ပြီး ဖုန်းထဲမှလက်ကျန် credit ဖြင့် ညီတယောက်ကို ခဏလာခဲ့ရန် လှမ်းခေါ်လိုက်သည်။ တကိုယ်လုံးပူလောင်နေသော်လည်း ရင်ထဲမှ လှိုက်ကနဲ လှိုက်ကနဲ အေးလာသဖြင့် စောင်ခြုံကာပြန်မှိန်းနေလိုက်သည်။

မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ တံခါးဖွင့်သံကြားလိုက်ပြီး ဖုန်းဆက်ခေါ်ထားသည့်ညီ ၀င်လာမှပြန်နိုးသည်။ ဖျားနေသည့်အကျိုးအကြောင်းပြောပြကာ သူ့အကူအညီဖြင့် ရေချိုးခန်းဝင်မျက်နှာသစ်ပြီး ကော်ဖီဖျော်မည်လုပ်တော့ ကော်ဖီမှုန့်ကကုန်နေသည်။ သူအောက်ပြန်ဆင်းသွားပြီး တအောင့်ကြာတော့ ကျွတ်ကျွတ်အိတ်တလုံးဆွဲကာတက်လာသည်။ ကော်ဖီမှုန့်၊ နို့ဆီ၊ ခေါက်ဆွဲခြောက်၊ ပေါင်မုန့် အကုန်ပါလာသည်။ သူ့ဘာသာသူပင်ကော်ဖီဖျော်နေလျက် ဗမာချွေးထုတ်ဆေးနှင့် ဖုန်းကဒ်တဆယ်ဖိုးပါ ၀ယ်လာကြောင်းလှမ်းပြောသည်။
ကျေးဇူးတင်စကားပြောလိုက်ပြီး ဖုန်းထဲပိုက်ဆံထည့်လိုက်သည်။ သူဖျော်ပေးသည့်ကော်ဖီနှင့် ဗမာချွေးထုတ်ဆေးရောသောက်လိုက်သည်။ အစာတော့ စားချင်စိတ်မရှိသဖြင့် မစားတော့။ ခဏအကြာ အလုပ်ရှိသေးသည်ဆိုကာ သူပြန်သွားတော့ ရှိသမျှစောင်အကုန်ခြုံကာ ချွေးထုတ်ဖို့ပြင်ရသည်။ ချွေးထွက်လာလျှင် သက်သာသွားမည်ထင်ရသည်။

မလေးရှားနွေနေ့လည်ခင်း၏အပူရှိန်နှင့် ခြုံထားသောစောင်တို့သည် တချက်တချက် ရင်ထဲမှလှိုက်တက်လာသော အချမ်းဒဏ်ကို မတွန်းလှန်နိုင်။ ချွေးကား စို့ရုံမျှပင်မထွက်။ အိပ်လို့လည်းမပျော်။ စောင်တွေအထပ်ထပ်ခြုံထားသဖြင့် ကြာတော့အသက်ရှူကျပ်လာသည်။ ခြုံထားသောစောင်များကိုလှပ်ပြီး အနွေးထည်ပါးပါးတထည်သာ ကောက်စွပ်ထားလိုက်သည်။ မနက်ကတည်းက ကော်ဖီတခွက်သာသောက်ထားသဖြင့် ဗိုက်ထဲမှဆာလာသည်။ ညီဝယ်ထားပေးသော ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်လည်းမစားချင်။ အိပ်ရာထဲမှအားတင်းကာထလိုက်ပြီး ဆန်နှင့်ရေ နည်းနည်းရောကာ ဆန်ပြုတ်ပြုတ်လိုက်သည်။ ဆန်ပြုတ်သောက်ပြီးတော့ အိပ်ရာထဲပြန်လှဲကာ စာအုပ်ဖတ်နေလိုက်သည်။
(၂)

ညနေစောင်းတော့ မကြာခဏဖုန်းဆက်တတ်သော သူငယ်ချင်းတယောက်ဆီမှ ဖုန်းဝင်လာသည်။ နေမကောင်းသည့်အကြောင်းသိသွားတော့ အခုထွက်လာခဲ့မည်ဟုပြောကာ ဖုန်းချသွားသည်။ သူရောက်ရောက်ချင်းပင် ဘယ်လိုစဖြစ်လဲ၊ ဆေးခန်းသွားလား၊ ဘာဆေးသောက်လဲ စသည်ဖြင့် စုံနေအောင်မေးပါတော့သည်။ ဆန်ပြုတ်စားပြီး ဗမာဆေးသောက်ထားကြောင်းပြောတော့ ဆေးခန်းသွားဖို့ အတင်းအကျပ်ပြောသည်။ ဆေးခန်းပြလျှင် ပိုက်ဆံအများကြီးကုန်မည်ကိုသိသဖြင့် pharmacy မှဆေးဝယ်သောက်မည်ဟုသာ ပြန်ပြောလိုက်သည်။

ကျနော်ပြုတ်ထားသည့်ဆန်ပြုတ်အိုးကို သူသွားဖွင့်ကြည့်ပြီး မျက်နှာရှုံ့မဲ့ကာ “မင်းဆန်ပြုတ်ကလည်းကွာ…..” ဟု ပြောသည်။ ကျနော်ကလည်း ဆတ်ဆတ်ထိမခံ။ “ငါ့ဆန်ပြုတ်ကဘာဖြစ်လဲ။ ဆန်ပြုတ်ကဆန်ပြုတ်ပေါ့။ ဘာဖြစ်ရအုံးမှာလဲ” ဟုပြန်ပြောလိုက်သည်။ ဆန်ပြုတ်တောင် ပကာသနနှင့်ရော၍ ပြုတ်သောက်ရမလိုဖြစ်နေသည်။ သူက ဘာမှပြန်မပြောတော့။ ကျနော့်ကိုသာအောက်ဆင်းဖို့ အ၀တ်အစားလဲခိုင်းသည်။

အောက်ရောက်တော့ pharmacy အရင်ဝင်ပြီး ဆေးဝယ်ကြသည်။ သူပဲ ဆေးဖိုးရှင်းပေးခဲ့သည်။ ပြီးတော့ ကျနော့်ကို စားသောက်ဆိုင်တဆိုင်ခေါ်သွားကာ ဘဲပေါင်းစွပ်ပြုတ် တိုက်သည်။ ဆေးပါတခါတည်းသောက်ခိုင်းသည်။ စားသောက်ပြီးတော့ စကားခဏသာပြောဖြစ်သည်။ အောက်မှာလေတိုက်သဖြင့် ကြာကြာမနေနိုင်။ ချမ်းစိမ့်စိမ့်ဖြစ်လာသောကြောင့် အခန်းပြန်တက်ခဲ့ကြသည်။ သူလည်းမပြန်ဖြစ်တော့ဘဲ ကျနော်နှင့်ပဲအိပ်လိုက်သည်။
(၃)

ရောဂါသည် ပိုက်ဆံကုန်မှပျောက်တတ်သည် ဟုပြောရမလားမသိ။ မနက်လင်းတော့ လူကသက်သာပြီး လန်းလန်းဆန်းဆန်းဖြစ်နေသည်။ မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်သည်။ ရေတော့မချိုးရဲသေး။ အခန့်မသင့်လျှင် ခေါက်ကနဲဖြစ်သွားနိုင်သည်။ ရေချိုးခန်းမှထွက်တော့ သူငယ်ချင်းလည်းနိုးနေပြီ။ သူရေချိုးတာစောင့်ပြီး နှစ်ယောက်သား လက်ဖက်ရည်ဆိုင်သို့ချီတက်ခဲ့ကြသည်။ လက်ဖက်ရည်သောက်နေရင်း သူကကျနော့်ကို……..

“မင်းဒီလိုပဲနေသွားတော့မှာလား”

သူ့မျက်နှာကိုကြည့်လိုက်တော့ လေးလေးနက်နက်။

“မင်းက ဘယ်လိုဖြစ်စေချင်လို့လဲ”

“ငါဖြစ်စေချင်တာကကွာ…. မင်းဘ၀ရှေ့ရေးအတွက် တခုခုတော့လုပ်သင့်ပြီလို့ထင်တယ်။ ဟိုကွာ…. ပိုက်ဆံရမယ့်အလုပ်လေးတခုလောက်ဖြစ်ဖြစ် လုပ်စေချင်တယ်။”

“အင်းပါကွာ……… ငါကြိုးစားပါ့မယ်”

သူကကိုယ့်အတွက် အလေးအနက်ထားပြီးပြောနေသဖြင့် ဘာမှပြန်မပြောဖြစ်။ နှစ်ယောက်အကြား တဒင်္ဂတိတ်ဆိတ်သွားကြသည်။ သူကပင်ဆက်၍

“တိုင်းပြည်ကိုတော့ ငါ့တို့အကုန်လုံးပြောင်းလဲစေချင်ကြတာပဲ။ ခုအခြေအနေနဲ့ ဒီအစိုးရကိုဖြုတ်ချနိုင်တယ်ဆိုရင်တောင် ဘယ်အစိုးရကို ငါတို့ပြည်သူတွေ အားကိုးပြီးတင်ရမလဲ။”

“မင်းက တိုင်းပြည်ကိုတကယ်ပြောင်းလဲစေချင်တာလား”

ကျနော့်လေသံနည်းနည်းမာသွားသောကြောင့် သူကကျနော့်ကိုကြည့်သည်။

“ငါမှမဟုတ်ပါဘူး။ ငါတို့အောက်ခြေလူတန်းစား ပြည်သူတွေအကုန်လုံးက ပြောင်းလဲချင်နေကြတာပဲ။ ငါတို့ခံစားနေရတဲ့ဒုက္ခတွေ ငါတို့အသိဆုံးပဲလေ။”

“အေး………. ပြောင်းလဲမှုကို လိုချင်ရင်တော့ အဆိုးပြောင်းလဲခြင်းရော၊ အကောင်းပြောင်းလဲခြင်းရောကို လက်ခံနိုင်ရမယ်သူငယ်ချင်း။ နောက်အစိုးရပိုဆိုးမှာစိုးလို့ လက်ရှိအစိုးရမကောင်းမှန်းသိလျက်နဲ့ ပြောင်းလဲဖို့ မကြိုးစားတော့ပါဘူးဆိုတာ နည်းလမ်းမကျဘူး။

ငါတို့ခုလက်ရှိစစ်အစိုးရကိုမကြိုက်ဘူးကွာ။ မင်းပြောသလို ပြည်သူတိုင်းက ပြောင်းလဲစေချင်ကြတယ်ဆိုရင် အဓိကငါတို့လုပ်ရမှာက ဒီအစိုးရပြုတ်ကျဖို့ပဲ အရင်လုပ်ရမှာ။ နောက်တက်လာမယ့်အစိုးရ ကောင်းမကောင်းကို ငါတို့ထည့်တွက်စရာမလိုဘူး။ နောက်အစိုးရက ပြည်သူတွေလိုချင်တဲ့အစိုးရဆိုရင် ငါတို့ မင်းတို့ အေးအေးဆေးဆေးနေနိုင်ပြီ။ ဒီလိုမှမဟုတ်ရင်တော့ ငါတို့ထက်တိုက်ရမယ်။ ငါကတော့ အဲလိုပဲတွက်ထားတယ်”

ကျနော်အတတ်နိုင်ဆုံးစိတ်လျှော့ကာ အေးအေးဆေးဆေးပြန်ပြောဖြစ်သည်။

“ဒါဆိုရင်လည်းကွာ……. မင်းပြောသလို ပြောင်းလဲဖို့အရင်ဆိုရင် ငါတို့ဘယ်သူ့ကိုအားကိုးရမလဲ။ ငါတို့ခေါင်းဆောင်လို့ တွက်ထားတဲ့ ဒေါ်စုနဲ့ NLD ပါတီလည်း ခုဆိုရင်ပြည်တွင်းမှာ ဘာမှလုပ်လို့မရတော့ဘူး။ ပြည်ပကကောင်တွေကြည့်လိုက်အုံး။ သောက်တလွဲတွေ။ Project တင်ပြီး ရံပုံတွေရှာဖို့ပဲ စဉ်းစားနေကြတယ်။ ရန်သူက တခုခုထလုပ်မှ ဒီဖက်က ကြေငြာချက်လေးတစောင်ထွက်တယ်။ အနီးဆုံးငါတို့နေနေတဲ့ မလေးရှားမှာပဲ မင်းကြည့်အုံး။ ရှိရှိသမျှအဖွဲ့အစည်းတွေက ဗမာပြည်ပြောင်းလဲဖို့စိတ်မ၀င်စားကြဘူး။ ပိုက်ဆံရဖို့ရယ်၊ ဒုက္ခသည်မှတ်ပုံတင်ပြီး တတိယနိုင်ငံသွားဖို့အတွက်ရယ်ပဲ အားသွန်ခွန်စိုက် လုပ်နေကြတယ်။ ကဲ…. မင်းပြောစမ်း။ ဗမာပြည်ပြောင်းလဲဖို့လမ်းစ ဘယ်မှာလဲ။”

“ပြောင်းလဲဖို့လမ်းစ………… အဝေးကြီးလိုက်ရှာမနေနဲ့သူငယ်ချင်း။ အဲဒါမင်းကိုယ်တိုင်ပဲ။ ဗမာပြည်ကိုပြောင်းလဲချင်တဲ့လူတိုင်းဟာ ပြောင်းလဲနိုင်ဖို့လမ်းစတွေပဲ။ မင်းက တိုင်းပြည်ကြီးပြောင်းလဲစေချင်တယ်ပြောတယ်။ ဒါပေမယ့် လက်ရှိမင်းခုလုပ်နေတာကဘာလဲ။ ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့ဖို့ပဲ မင်းလုပ်နေတယ်။ ပါးစပ်ကတော့ ပြောင်းလဲချင်ပါတယ်တဖွဖွပြောနေပြီး လက်တွေ့ကျတော့ စားဝတ်နေရေးတွေ၊ မိသားစုအရေးတွေဗန်းပြပြီး ဗမာပြည်ပြောင်းလဲဖို့လုပ်ကြပါဆိုတော့ လက်ရှောင်နေကြတယ်။ လူတိုင်းမင်းလိုပဲဖြစ်နေရင်တော့ ဘယ်လိုပြောင်းလဲနိုင်မှာကွ။”

ကျနော့်အသံတဖြည်းဖြည်းကျယ်လာသည်။ အရှိန်ကထိန်းမရတော့။ ဆူဝေနေသောစိတ်ကြောင့် မျက်နှာသည်နီရဲနေသည်။ ဘေးဝိုင်းမှ လူများဝိုင်းကြည့်နေကြသည်ကိုလည်း ဂရုမစိုက်မိတော့။

“ဒါနဲ့တောင် မင်းက အနစ်နာခံပြီးလုပ်နေတဲ့သူတွေကို အပြစ်ပြောချင်သေးတယ်။ အကုန်လုံးကောင်းကြတယ်လို့ ငါမပြောပါဘူး။ မှားနေတဲ့လူကိုထောက်ပြချင်ရင် မင်းကအမှန်ကိုသိရမယ်။ သိတဲ့အတိုင်းလည်း မင်းလုပ်နေရမယ်။ ခုတော့ မင်းဟာက ကိုယ်ကဘာမှမလုပ်ဘဲသူများကို လျှောက်ပြောနေတာ့ ဘေးထိုင်ပြီးဘုပြောနေတဲ့လူဖြစ်နေတယ်ကွ”

ကျနော့်စကားဆုံးတော့ “ပြန်ကြမယ်” ဟုပြောကာသူပိုက်ဆံထရှင်းသည်။ လမ်းပေါ်ရောက်တော့ သူအခန်းမလိုက်တော့ ဟုဆိုကာပြန်သွားသည်။ ကျနော်လည်းဘာမှမပြောဖြစ်။ တယောက်တည်း အခန်းပြန်လာခဲ့သည်။ အခန်းထဲရောက်တော့ သူမနေ့က၀ယ်ထားပေးသောဆေးထုပ်ကိုတွေ့မှ ဆေးသောက်ရအုံးမည်ဟု သတိရသည်။ သို့သော် သောက်ချင်စိတ်မရှိတော့။
(၄)

ထိုသူငယ်ချင်းသည် ယခုအချိန်အထိ ကျနော့်ကိုဖုန်းမဆက်တော့ပါ။ ကျနော်ကလည်း မဆက်မိ။ သူ ကျနော့်အပေါ်အများကြီးကောင်းခဲ့သည်။ ကျနော်လိုအပ်လျှင် သူတတ်နိုင်သမျှ ကူညီပေးခဲ့သည်။ သူပြောခဲ့သည်များကို ကျနော် မြင်နေ၊ ကြားနေ၊ ကြုံတွေ့နေရသော သိစိတ်က လက်ခံနိုင်ပါသည်။ သို့သော် ကျနော့်ကိုယ်တွင်းမှ မသိစိတ်သည် ကျနော်လျှောက်နေသောလမ်းနှင့် ဆန့်ကျင်သည့်အရာမှန်သမျှကို ကျနော့်ထံသို့မရောက်နိုင်စေရန် တားဆီးနေမည်သာဖြစ်သည်။ သူငယ်ချင်းဝယ်ပေးခဲ့သောဆေးထုပ်လေးသည် မသောက်ဖြစ်တော့ဘဲ ယခုအချိန်အထိ ကျနော့်ထံတွင်ရှိနေပါသေးသည်။

**မောင်ပါလ**

(၁)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)