ကမ္ဘာ့တာတိုအပြေး ချန်ပီယံအူဆီယံဘော့တ်သည် ဂျမေကာနိုင်ငံရှိ ရဲစခန်းတစ်ခုတွင်းသို့ သုတ်သီးသုတ်ပြာနှင့် ၀င်ရောက်လာသည်။
တာဝန်မှူး။ ။ ဟဲလို… ဘော့တ်ပါလား… ပုံစံကလည်း အရေးတကြီးနဲ့… ကျနော်တို့ ဘာများအကူအညီပေးရမလဲ မသိဘူး…။
အူဆီယံဘော့တ်။ ။ အေးဗျာ… မနက်က ကျနော်ဈေးထဲသွားဖို့ထွက်အလာမှာ… လမ်းကြားထဲက လူတစ်ယောက် ရုတ်တရက်ထွက်လာပြီး… ကျနော့်လက်ထဲမှာကိုင်ထားတဲ့ ပိုက်ဆံအိတ်ကို လုပြေးသွားတယ်ဗျာ….။
တာဝန်မှူး။ ။ ဘာ… ခင်ဗျားလို ကမ္ဘာ့အမြန်ဆုံးလူသားဆီက ပိုက်ဆံအိတ်ကို လုပြီးပြေးတယ်… ဟုတ်လား… ဟား… ဟား… ဟား…။
အူဆီယံဘော့တ်။ ။ ဟာ… တာဝန်မှူးကြီးကလဲ… ကျနော်ကဘယ်နေလိမ့်မလဲဗျ… သူ ကျနော့်ပိုက်ဆံအိတ်ကို ယူပြီးပြေးသွားကတည်းက နောက်ကလိုက်တာပေါ့… ဘယ်ရမလဲ ဒီကောင့်ကို မီတာ (၁၀၀)မပြည့်ခင်မိတာပေါ့…။
တာဝန်မှူး။ ။ မိတော့… ခင်ဗျားပိုက်ဆံအိတ်ပြန်မတောင်းဘူးလား…
အူဆီယံဘော့တ်။ ။ အဲဒါပြောတာပေါ့… သူကိုမီပြီးသွားတော့အကျင့်ပါပြီး ကျော်တက်သွားလိုက်မိတာ… မီတာ (၅၀)လောက်လဲကျရော သတိရပြီးပြန်လှည့်ကြည့်တော့… ဒီကောင့်အရိပ်အယောင်တောင် မတွေ့ရတော့ဘူးဗျို့….။
မှတ်ချက်။ ။ ဖော်အဲဗားဂျာနယ်ပါ နိုင်ငံတကာ ဟာသများမှ ထုတ်နုတ်ဖော်ပြသည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment