တခါက ရပ်ကွက်တစ်ခု၌ အသုပ်စုံရောင်းသော ဒေါ်စိန်ချစ်အသုပ်ဆိုင်သို့ ၀ိုင်းချစ်ဆိုသည့် အမျိုးသမီးတစ်ဦး အသုပ်လာစားသည်-
ဝိုင်းချစ်။ ။ အစုံသုပ်တစ်ပွဲ သုပ်ပေးပါ။
ဒေါ်စိန်ချစ်။ ။ အစုံသုပ်ကို အရသာရှိရှိ အကောင်းဆုံးဖြစ်အောင်သုပ်ပြီး ပေးလိုက်သည်။
ဝိုင်းချစ်။ ။ အသုပ်က ငန်နေလို့ အဖတ်လေးနည်းနည်းထည့်ပါဦး။
ဒေါ်စိန်ချစ်။ ။ အသုပ်ထဲသို့ ခေါက်ဆွဲဖတ်နည်းနည်း ထည့်ပေးလိုက်သည်။
ဝိုင်းချစ်။ ။ အရည်လေးနည်းနည်း ဆမ်းပေးပါဦး။
ဒေါ်စိန်ချစ်။ ။ ဟင်းခါးရည် နည်းနည်းဆမ်းပေးလိုက်သည်။
ဝိုင်းချစ်။ ။ အသုပ်က ပေါ့သွားလို့ မဲမှုန့်နဲ့အကြွပ်ကြောင်လေး ထည့်ပါဦး။
ဒေါ်စိန်ချစ်။ ။ ပဲမှုန်နှင့် အကြွပ်ကြော်များ ထပ်ထည့်ပေးလိုက်သည်။
ဝိုင်းချစ်။ ။ အသုပ်ဖိုးဘယ်လောက်လဲ။
ဒေါ်စိန်ချစ်။ ။ ကျပ် ၄၀၀-ပါ။ သူများတွေကို ကျပ် ၂၀၀-နဲ့ ရောင်းတာ။ နင်ကအသုပ်ကို ပြင်ပြီး ၀အောင်စားသွားတော့ ငါကလည်း ဈေးနှုန်းပြင်လိုက်ရတာပါ။
မှတ်ချက်။ ။ ဘ၀အမောပြေစာမျက်နှာမှ ကူးယူဖော်ပြသည်။
**(ဘ၀အမောပြေစာမျက်နှာ)**

No comments:
Post a Comment