ရတနာ မြတ်သုံးပါးနဲ့
ဆရာသမား မိဘ
အနန္တော အနန္တကို
အမြဲဦးချ သတိတရနဲ့
တုပ်ကွရှိခိုး မြတ်နိုးလေ့ရှိတဲ့ အမှုအရာ
ဗုဒဘာသာ အစဉ်အလာပါ။
**သမီးကလေး အိပ်ရာကနိုးရင်
ဘုရား ရှိခိုးရဲ့လား။
ဘုရားစင်မှာ အမြဲလန်းဖို့
ပန်းရေချမ်းမှ ကပ်ရဲ့လား။
ကိုယ်မစားခင် စားဦးတင်ဖို့
ဆွမ်းတော်ပွဲမှ ပြင်ရဲ့လား။
**ကမ္ဘာသားတွေ မေတ္တာဝေ
ဒူဝေေ၀သံ သာရဲ့လား။
မိမိပြုသမျှ လှူဒါန
အမျှ အမျှ ဝေရဲ့လား။
**ရေလိုအေးလို့ ပန်းလိုမွှေး
ငြိမ်းအေးကြည်သာ ရှိရဲ့လား။
ကိုယ်မှုနှုတ်မှု၊ စိတ်အမှု
သာဓုသံဆို ချိုရဲ့လား။
မြန်မာပြည်သူ၊ စိတ်ထားဖြူ
လူနှင့်လူချင်း၊ ချစ်ခင်ရင်း
သတင်းမွှေးပျံ့ နူးညံ့တယ်။
**လောကဓံကွေ့၊ ဘယ်လိုတွေ့တွေ့
မရွေ့မဏ္ဍိုင်၊ မယိမ်းမယိုင်
စိတ်ခိုင်ခိုင်လဲ ထားပါတယ်။
စာရိတ္တအကျင့်၊ ဇာတ်မြင့်
ဥာဏ်နဲ့ ယှဉ်ကာ၊ မျှတစွာ
ငါ၏ အရေး၊ သူ့အရေး
တပြေးညီညီ ကျင့်ပါတယ်။
**ဗုဒသားကောင်း၊ သမီးကောင်း
စိတ်ကောင်းမွေးမှ၊ စာကောင်းရ
စိတ်လှစေမူ၊ လုံလပြု
စိတ်နုသူလဲ မဟုတ်ချေ
အနေရဲအောင် နေပါတယ်။
မြန်မာမလေး၊ မ,ယဉ်ကျေး
သတင်းပျှုံမွှေး၊ ဂုဏ်ပျံ့မွှေး
ဝေးနီးကျော်စေ၊ ချင်ပါတယ်…။ ။
(သမီးချစ်လေး နှင်းဖို့)
*** တင်မိုး ***
(၂၀၊ မေလ၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
**ဘုရား တရား သံဃာ
ရတနာ မြတ်သုံးပါးနဲ့
ဆရာသမား မိဘ
အနန္တော အနန္တကို
အမြဲဦးချ သတိတရနဲ့
တုပ်ကွရှိခိုး မြတ်နိုးလေ့ရှိတဲ့ အမှုအရာ
ဗုဒဘာသာ အစဉ်အလာပါ။
**သမီးကလေး အိပ်ရာကနိုးရင်
ဘုရား ရှိခိုးရဲ့လား။
ဘုရားစင်မှာ အမြဲလန်းဖို့
ပန်းရေချမ်းမှ ကပ်ရဲ့လား။
ကိုယ်မစားခင် စားဦးတင်ဖို့
ဆွမ်းတော်ပွဲမှ ပြင်ရဲ့လား။
**ကမ္ဘာသားတွေ မေတ္တာဝေ
ဒူဝေေ၀သံ သာရဲ့လား။
မိမိပြုသမျှ လှူဒါန
အမျှ အမျှ ဝေရဲ့လား။
**ရေလိုအေးလို့ ပန်းလိုမွှေး
ငြိမ်းအေးကြည်သာ ရှိရဲ့လား။
ကိုယ်မှုနှုတ်မှု၊ စိတ်အမှု
သာဓုသံဆို ချိုရဲ့လား။
မြန်မာပြည်သူ၊ စိတ်ထားဖြူ
လူနှင့်လူချင်း၊ ချစ်ခင်ရင်း
သတင်းမွှေးပျံ့ နူးညံ့တယ်။
**လောကဓံကွေ့၊ ဘယ်လိုတွေ့တွေ့
မရွေ့မဏ္ဍိုင်၊ မယိမ်းမယိုင်
စိတ်ခိုင်ခိုင်လဲ ထားပါတယ်။
စာရိတ္တအကျင့်၊ ဇာတ်မြင့်
ဥာဏ်နဲ့ ယှဉ်ကာ၊ မျှတစွာ
ငါ၏ အရေး၊ သူ့အရေး
တပြေးညီညီ ကျင့်ပါတယ်။
**ဗုဒသားကောင်း၊ သမီးကောင်း
စိတ်ကောင်းမွေးမှ၊ စာကောင်းရ
စိတ်လှစေမူ၊ လုံလပြု
စိတ်နုသူလဲ မဟုတ်ချေ
အနေရဲအောင် နေပါတယ်။
မြန်မာမလေး၊ မ,ယဉ်ကျေး
သတင်းပျှုံမွှေး၊ ဂုဏ်ပျံ့မွှေး
ဝေးနီးကျော်စေ၊ ချင်ပါတယ်…။ ။
(သမီးချစ်လေး နှင်းဖို့)
*** တင်မိုး ***
(၂၀၊ မေလ၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)


No comments:
Post a Comment