(အစ္စတန်ဘူလ်၊ မေလ ၁၂-ရက်)
ဆိုမာလီယာနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂညီလာခံကို မေလ ၂၁-ရက်နေ့မှ ၂၃-ရက်နေ့အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မေလ ၁၁-ရက်နေ့တွင် တူရကီအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။ ယင်းညီလာခံ၌ အကြမ်းဖက်တိုက်ခိုက်မှုများကို ခြိမ်းခြောက်လျက်ရှိသည့် ဆိုမာလီယာနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် နယ်ပယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း တူရကီဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားသည်။ အဆိုပါညီလာခံကို ကုလသမဂ္ဂနှင့် တူရကီနိုင်ငံအစိုးရအဖွဲ့တို့က ပူးပေါင်းကျင်းပမည်ဖြစ်ပြီး အာဖရိကနိုင်ငံများအတွင်း အကြမ်းဖက်မှုများနှင့် ပဋိပက္ခဖြစ်မှုများကို ထိန်းသိမ်းရန်ဖြစ်သည်ဟု ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။ (အင်တာနက်)
*** အာဖဂန်၌ ခရီးသည်လေယာဉ် ပြန်ပေးဆွဲမှု မအောင်မြင်ခဲ့ **
(တီဟီရန်၊ မေလ ၁၂-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၌ ကဘူးလ်မြို့မှ ကန်ဒါဟာမြို့သို့ ပျံသန်းထွက်ခွာလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲရန် ကြိုးပမ်းရာ အီရန်နိုင်ငံအရှေ့မြောက်ပိုင်း မာရှာဟတ်မြို့သို့ အရေးပေါ် ဆင်းသက်ပြီး လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း အီရန်နိုင်ငံ ဖားစ်နယူးစ်အေဂျင်စီက မေလ ၁၀-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** လစ်ဗျားလေယာဉ်ပျက်ကျ၊ ၁၀၃-ဦးသေဆုံး ကလေးငယ် ၁-ဦး အသက်ရှင် ***
(ဒူဘိုင်း၊ မေလ ၁၂-ရက်)
လစ်ဗျားနိုင်ငံတွင် မေလ ၁၂-ရက်နေ့က ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ စီးနင်းလိုက်ပါသွားသော ခရီးသည်များနှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၀၃-ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အရာရှိများ၏ ပြောကြာချက်ကိုကိုးကား၍ အယ်လ်အာရေးဘီးယားရုပ်မြင်သံကြားသတင်းဌာနက သတင်းထုတ်ပြန်သည်။ (ရိုက်တာ)
*** ဘူလ်ဂေးရီးယားသင်္ဘော ပြန်ပေးဆွဲခံရမှု အတည်ပြု ***
အေဒင်ပင်လယ်ကွေ့၌ ဘူလ်ဂေးရီးယားသင်္ဘောတစ်စင်းကို ပင်လယ်ဓားပြများက မေလ ၁၁-ရက်နေ့တွင် ပြန်ပေးဆွဲသွားကြောင်း ဘူလ်ဂေးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြေညာသည်။ (အင်တာနက်)
*** တရုတ်တောင်ပိုင်း၌ ရေကြီး၍ မော်တော်ယာဉ် ၁၄၀၉-စီး နစ်မြုပ် ***
တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေအောက်ကားဂိုဒေါင် ၃၅-ခုမှ မော်တော်ယာဉ် ၁၄၀၉-စီး နေရနစ်မြုပ်သွားကြောင်း မြူနီစီပယ်အာဏာပိုင်များက မေလ ၁၁-ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
t
*** ကုလသမဂ္ဂညီလာခံ အစ္စတန်ဘူလ်၌ လက်ခံကျင်းပမည် ***

No comments:
Post a Comment