ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 15, 2010

[ခရီးသည်မှတ်တမ်း] မြန်မာပြည်တွင် ရေပြဿနာ ပိုမိုကြီးမားလာ

> **(Forward Mails များမှပြန်လည် ဖြန့်ဝေခြင်းဖြစ်ပါသည် )**

ယခုအခါ ရေရှားပါးမှုပြဿနာမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေပါသည်။ ထို့အတူပဲ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် များကျေးရွာများနှင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာအနှံ့အပြားတွင်လည်း အဆိုပါပြဿနာ များဖြစ်ပေါ်နေပါသည်။ အဓိကအခက်ခဲမှာ သောက်သုံးရေဖြစ်သည်။ သောက်သုံးရေပြတ်လတ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရောဂါ ဘယတွေ ထူထပ်များပြားလာနိုင်ပါသည်။ ကြောက်စရာအကောင်းဆုံးမှာ ဝမ်းရောဂါဖြစ်သည်။ ဒီ ပို့စ် လေးကို ရေးဖြစ် သွားတာကလည်း အဖြစ်ပျက်လေးတစ်တစ်ခုကြောင့်ပါ။

လွန်ခဲ့တဲ့ တစ်လ ခန့်က ရေအလှူလာခံသော မိသားစုတစ်စု ကြောင့်ဖြစ်သည်။ ပေ ရေ ညစ်ပွ နေသော ကလေး နှစ် ယောက် ကို လက်ကဆွဲပြီး မျက်ရည်လည်ရွှဲ နဲ့ ရေဒုက္ခ ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲ့လောက် ထင် မထားမိခဲ့ပေ။ နိုင်သလောက်လေးအလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက် နှင့် နေလာ ခဲ့ရာ တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ သောက် ရေသန့် လာပို့သောလူငယ်တစ်ဦးနှင့် စကားစပ် မိရာမှ ကုလားဝဲ ရွာ နှင့် ရွာနီးချုပ်စပ် တို့ ၏ ဒုက္ခ အစုံစုံ ကို ကြား သိလိုက်ရသည်။အဆိုပါ သောက်ရေသန့် မှလည်း ပြင်ပ ရောင်းဈေးထက် လျော့ ယူပြီး ရေ လှူချင် သူများကို ကူညီနေ လျက်ရှိရာ နေ့စဉ် ရေသန့်ဗူး ငါးဆယ်ဝန်းကျင်ကိုအားတက်သရော သွားလှူဖြစ် နေခဲ့ သည်။ နေရာ အနှံအပြားတွင် ဖြစ်နေသော ရေအခက်ခဲသည် ယခုအခါ သတိပြုစရာဖြစ်လာပါပြီ။
ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာ နောက်ထားရေအသက် တစ်မနက် ဆိုတာကို ပဲ အဓိက ထားပြီး ကူညီရန် အတွက် နီးစပ် ရာ ရေဒုက္ခ သည် ရွာသို့ ကျွန်တော် ကွင်းဆင်းကြည့်ရှု့ရန်သူငယ်ချင်းများအား တိုင်ပင် လိုက်ရာ ချက်ခြင်းပင် မိတ်ဆွေ တစ်ဦး မှ သူ့ Taxi ဖြင့် လိုက်ပို့ပေးမည်ဆိုသောကြောင့် အဆင်ပြေ သွား သည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခ ကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ သဒ္ဒါပေါက်သွားပြီး ငွေကျပ် ငါး ထောင်လှူဒါန်း သွားပါသည်)

ကျွန်တော် ကွင်းဆင်းကြည့်မိသော ရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇနဥယျာဉ်မြို့တော် အ ကျော် ပဲခူးမြစ်လမ်း အဆုံးက ပဲခူးတံတား ကြီး၏ တစ်ဘက်ခြမ်း၌ တည်ရှိသော ကုလားဝဲ ရွာပင်ဖြစ်သည်။ရွာတွင် အိမ်ခြေ
လေးရာ့ ရှစ်ဆယ်ကျော်ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အဆိုပါ ဒုက္ခ မျိုးကို မ ကြုံဖူးပဲ ယခုနှစ်တွင်မှ အခက်ခဲဖြစ်သွားကြောင်းသိရသည်။ကုလားဝဲ ရွာအထိ ကားလမ်းပေါက်ပြီး တခြား ရွာနီး ချုပ် ဆက် များသို့ လှည်းလမ်းကနေ ထော်လာဂျီနှင့် သွားမှရောက်ကြောင်းအဆိုပါရွာများသို့ ကုလားဝဲအထိလာ လှူထား သော သုံးရေ သောက် ရေ များအား ပြန်လည်ခွဲဝေ ပေးနေကြောင်း သို့သော်လည်း လုံလောက်မှု့ မရှိသေး ကြောင်း အလှူရှင် များလည်း စဉ်ဆက်မပြက် လာရောက်လှူဒါန်း လျက် ရှိကြောင်းသိရှိရသည်။ ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံ ရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ ရွာ တို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့်ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမိုဒုက္ခ ရောက်နေ သည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။ကုလားဝဲကို အခြေတည်ပြီး ပဲ ပို့ပေးနိုင် သော ကြောင့် အခြားရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး လှူဒါန်းနိုင်မည် ဆိုလျင် ပိုမို အဆင်ပြေနိုင်ပါသည်။

............................................................................................................

နာဂစ်ဒေသများတွင် သောက်ရေပြတ်လတ်သည့် ပြဿနာများ ကြိးမားစွာ ကြုံတွေ့နေရသလို ရန်ကုန် ကဲ့သို့သော မြို့ကြီးများတွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရပါသည်။

ရန်ကုန်မြို့ခံတဦးက ပြောပြရာတွင် ရန်ကုန်မြို့တွင်းရေပေးစနစ်သည် လုံးဝနီးပါး ရပ်ဆိုင်းနေပြီး ၊ ကိုယ်ပိုင် အဝိစိ တွင်းများဖြင့် ရေတင်သုံးသူများမှာလည်း လျှပ်စစ်မီး ရရှိမှု ပိုမို နည်းပါးလာခြင်းနှင့် မိးလာချိန်များ အတိအကျ မသိရခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောပါသည်။

“အဓိကကတော့ မီးပြဿနာပါ လျှပ်စစ်မီးက ပုံမှန် မရသလောက်ကို ဖြစ်နေတော့ ရေတင်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး ။ မီးလာတဲ့ အချိန်မှာ ရေစက်ပေါင်း မြောက်များစွာ အပြိုင်အဆိုင် တင်နေရတဲ့အခါ မီးအားကျတာ ၊ နောက် ဝန်မခံနိုင်လို့ မီးပြန်ပြတ်တာတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် သုံးရေအတွက် အတော်အခက်အခဲ ဖြစ်နေရပါတယ်။ အခုကျွန်တော်တို့ ရေသန့်ဘူးတွေ ဝယ်ပြီး ရေချိုးနေရတယ်။ တတ်နိုင်သူတွေ ဝယ်ပြီး အဲဒီလို သုံးနေပေမယ့် မတတ်နိုင်သူတွေ အတွက်တော့ အခက်အခဲ တော်တော်ဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်။ အဲဒီလို ရေသန့်တောင် ဝယ်ချင်လို့ အလွယ်ဝယ်မရတဲ့ နာဂစ် ဒေတွေလို ဒေသတွေက လူတွေအတွက် တော်တော်လဲ တွေးပူမိပါတယ်။ ချိုးဖို့ရေ မပြောနဲ့ သောက်ဖို့ရေတောင် မရှိဘူး ဆိုတော့ ဒါဟာ ကပ်ဆိုက်နေတာပါပဲ ။ ကျွန်တ်ာတို့ မြန်မာ စကားပုံမှာ ရေအသက် တမနက်လို့ ဆိုရိုးစကား ရှိပါတယ်။ ရေလှူတာဟာလဲ အသက်ကယ်တာပါပဲ ။ ကျွန်တော်တို့လဲ ကိုယ်တိုင်ခံစားရတော့ ပိုပြီး စာနာမိတယ်။ တတ်နိုင်သူတွေ ဝိုင်းပြီး ကူပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ” ဟု ပြောပြသွားခဲ့ပါသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် သုံးရေပြဿနာကို ကိုယ်တိုင် ခံစားနေရသူ တဦးက သောက်ရေ အခက်အခဲကြုံနေရသည့် ဒေသများကို ကိုယ်ချင်းစာစိတ်ဖြင့် ပြောပြလာခြင်းဖြစ်ပါသည်။

...........................................................................................................
ထပ်ဆင့်မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်

အားလုံးလည်း ဖောက်ပြန်နေတဲ့ ရာသီဥတု၊ အထူးသဖြင့် တစ်နေကုန် နေ့ရောညပါ တရှိန်းရှိန်းတောက်လောင်နေတဲ့ အပူဒဏ်ကို ခံစားနေရတယ် မဟုတ်ပါလားဗျာ။ စင်္ကာပူမှာ အလုပ်လုပ်နေရတဲ့ ညီအကိုမောင်နှမတွေအနေနဲ့တော့ အပူဒဏ်ကို နည်းအမျိုးမျိုးသုံးပြီး ရှောင်ရှားလို့ရနိုင်ပါသေးတယ်။ ရာသီဥတုပူလာတာနဲ့အမျှ ခန္ဓာကိုယ်က ချွေးတပြိုက်ပြိုက်ထွက်ပြီး ကိုယ်တွင်းက ရေဓါတ်တွေ ဆုံးရှူံးကြရတယ်။ ဒီလိုဆုံးရှူံးသွားတဲ့ရေဓါတ်ကို ပြင်ပကနေ ရေ နှင့် အရည်တစ်မျိုးမျိုးသောက်သုံးပေးခြင်းအားဖြင့် ကိုယ့်တွင်းရေဓါတ်ခမ်းခြောက်လာမှုနှင့် ခန္ဓာကိုယ်အပူဒဏ်လွန်ကဲနေမှုကို ပြေပျောက်စေတယ်။

ကဲ.....ကြည့်ကြည့်ကြစမ်းပါ။ အမိမြေက မောင်နှမသားချင်းတွေ အဘယ်သို့ရှိပါ့။ တောင်ကပြုန်း၊ တောင်က ဂတုံးနဲ့ ခြစ်ခြစ်တောက်ပူတဲ့နေ။ ဒီလိုပူပြင်းခြောက်သွေ့လာတာနဲ့အမျှ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ ခမ်းခြောက်လာပြီး ရေရရှိဖို့တောင် အခက်အခဲဖြစ်နေကြရပါပြီ။ ငါ့တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးကြမှာလဲ။ သူတို့အလိုအပ်ဆုံးက “ရေ“။ ဒီ “ရေ” စီးစေဖို့.......သူငယ်ချင်း! မင်းတတ်နိုင်သလောက်အလှူငွေလေးထည့်ဝင်စေချင်တယ်ကွာ။
ခင်မင်ရင်းနှီးစွာဖြင့်
Lotus Foundation ( Singapore )

အောက်ပါအဖွဲ့ဝင်များထံ စုံစမ်း လှူဒါန်း နှိင်ပါတယ်။

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51
http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://www.khitpyaing.org/index.php?route=detail&id=654

ဒီစာစုလေးကိုဖတ်ကြည့်ပြီး၊ သင်ကိုယ်တိုင်သော်လည်းကောင်း၊ သင့် သူငယ်ချင်း
မိတ်ဆွေ တစ်ဦးဦးသော် လည်းကောင်း၊ ကျွန်ုပ် တို့်အတွက် အကူအညီ တစ်ခုခု
ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၂၀၁၀ ခုနှစ်ရဲ့ ထူးခြားတဲ့ အပူပြင်းဆုံးနေရောင်ခြည်အောက်မှာ
ကျွန်ုပ်တို့်အားလုံး အလူးအလဲခံစားနေကြရပါတယ်၊ ကျွန်ုပ်တို့အတွက်
အရိပ်အာဝါသ ကောင်းကောင်းပေးခဲ့ကြတဲ့ သက်ရှည်သစ်ပင်ကြီးများဟာလည်း
နာဂစ်အိမ်မက်ဆိုးအောက်မှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြပါတယ်၊ အခုချိန်မှာ
နာဂစ် အဓိကပစ်မှတ်ထားခံခဲ့ရတဲ့ ဒေသတစ်ချို့မှာ သောက်သုံးရေရှားပါးခြင်း
ဒဏ်ကို ခါးဆီးခံနေကြရပါတယ်။
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးရှိ အလယ်ကျွန်းကျေးရွာနှင့်
ဒီးဒူးကုန်းကျေးရွာ များမှာ ရေရှားပါးခြင်းဒဏ်ကိုခံနေကြရပ်ပြီ။
ရေတစ်ထမ်းရဖို့ နှစ်မိုင်ခရီးကို နေရောင်ခြည်ပြင်းပြင်းအောက်မှာ အမောတကော
သယ်ယူနေရပါတယ်။ ခက်ခက်ခဲခဲရရှိလာတဲ့ ရေတစ်ထမ်းဟာလည်း
အငန်ဓါတ်မကင်းနိုင်လို့ သောက်သုံးဖို့အခက်တွေ့နေကြပါတယ်။
မိတ်ဆွေတို့ရဲ့ပိုလျှံနေတဲ့ ငွေတစ်ချို့ဟာ
လူပေါင်းများစွာရဲ့အသက်ကို ဆက်ပေးနိုင်မယ့် အခွင့်အရေးကောင်းပါ။
ဒုက္ခရောက်သူကိုကူညီလေ့ရှိတာ မြန်မာလူမျိုးတို့ရဲ့ပင်ကိုစိတ်ရင်းပါ။
မိတ်ဆွေတို့ရဲ့ပင်ကိုစိတ်ရင်းကို လှစ်ဟာပြဖို့အချိန်တန်ပါပြီ။
ကျွန်တော်တို့အားလုံးက မိတ်ဆွေတွေရဲ့ ကမ်းလင့်မယ့်
လက်တစ်စုံကိုမျှော်လင့်နေပါတယ်။
ကျွန်ုပ်တို့ရဲ့ ရေကြည်တစ်ပေါက်နဲ့ ဒုက္ခရောက်နေတဲ့
လူပေါင်းများစွာကို အသက်ဆက်ပေးကြပါစို့လား မိတ်ဆွေ !!!!!!!!!!!!!!!!!!

ဆက်သွယ်ရန် -
ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇)

--
Posted By မောင်ပါလ to ခရီးသည်မှတ်တမ်း at 5/13/2010 11:05:00 PM

**(Forward Mails များမှပြန်လည် ဖြန့်ဝေခြင်းဖြစ်ပါသည် )**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)