လာတဲ့ အသံ
ဘုရားသခင် ပေးတဲ့အလံက
အမှန်တရားဆိုတဲ့ အသံနဲ့ အလံပါ။
**ဘုရားသခင့်အသံ နာခံပါ။
ဘုရာ့သခင့်အလံ လွှင့်ထူပါ။
ဘုရားသခင်နဲ့ ဖီလာ
မိစ္ဆာ မကောင်းဆိုးဝါးတွေက
လမ်းမှားကို သွေးဆောင်
နားယောင်အောင် ဖန်တီး
ဖျက်ဆီးဖို့ လုပ်ကြတယ်။
**ဘုရားသခင်နဲ့ ကင်းကွာပြီး
လူ့ရွာဟာ မစည်ပင်နိုင်ဘူး။
အမြစ်ပုပ်တဲ့ သစ်ပင်လို
ဘယ်တော့မှ မရှင်သန်နိုင်ဘူး။
**လောကမှာ တဆူတည်းသော ဘုရား
အမှန်တရားဆိုတာ ရှိတယ်။
ဘယ်တော့မှ မသွေဖည်
ဘယ်တော့မှ မပွေလီ
တည်ကြည် ခံ့ခိုင်တဲ့
အမှန်တရားဆိုတဲ့ မဏ္ဍိုင်ရှိတယ်။
**လောကကြီး တည်တန့်
ပြန့်ပြော သာယာစေသားလို့
အမှန်တရားဟာ
လောကစောင့် တရားအဖြစ်
ထွန်းသစ်ခဲ့တယ်။
**အမှန်တရားဟာ
မြင့်မြတ်တဲ့ ဘုရားသခင်ပါ။
သူ မရှိရင်
လောကကြီး မှောင်အတိ။
လောကကြီး မှောင်ရင်
သောကမီး တောက်လောင်မှာ။
**သတ္တိရှိမှ
အမှတ်တရားကို ထွန်းငြှိနိုင်မှာ။
ဘုရားသခင် ထံမှောက် ရောက်ဖို့
မကြောက်မရွံ့တဲ့ သတ္တိ
ဇွဲရှိဖို့ လိုအပ်လှပါ။
**ဘုရားသခင်ရဲ့ နိုင်ငံမှာ
အမှန်ဆိုတဲ့ သစ်သီးကို ခူးပြီး
ကြည်နူးစွာ စားသုံးကြစမ်းပါ…။ ။
*** တင်မိုး ***
(၄၊ မေလ၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
**ဘုရားသခင်ဆီက
လာတဲ့ အသံ
ဘုရားသခင် ပေးတဲ့အလံက
အမှန်တရားဆိုတဲ့ အသံနဲ့ အလံပါ။
**ဘုရားသခင့်အသံ နာခံပါ။
ဘုရာ့သခင့်အလံ လွှင့်ထူပါ။
ဘုရားသခင်နဲ့ ဖီလာ
မိစ္ဆာ မကောင်းဆိုးဝါးတွေက
လမ်းမှားကို သွေးဆောင်
နားယောင်အောင် ဖန်တီး
ဖျက်ဆီးဖို့ လုပ်ကြတယ်။
**ဘုရားသခင်နဲ့ ကင်းကွာပြီး
လူ့ရွာဟာ မစည်ပင်နိုင်ဘူး။
အမြစ်ပုပ်တဲ့ သစ်ပင်လို
ဘယ်တော့မှ မရှင်သန်နိုင်ဘူး။
**လောကမှာ တဆူတည်းသော ဘုရား
အမှန်တရားဆိုတာ ရှိတယ်။
ဘယ်တော့မှ မသွေဖည်
ဘယ်တော့မှ မပွေလီ
တည်ကြည် ခံ့ခိုင်တဲ့
အမှန်တရားဆိုတဲ့ မဏ္ဍိုင်ရှိတယ်။
**လောကကြီး တည်တန့်
ပြန့်ပြော သာယာစေသားလို့
အမှန်တရားဟာ
လောကစောင့် တရားအဖြစ်
ထွန်းသစ်ခဲ့တယ်။
**အမှန်တရားဟာ
မြင့်မြတ်တဲ့ ဘုရားသခင်ပါ။
သူ မရှိရင်
လောကကြီး မှောင်အတိ။
လောကကြီး မှောင်ရင်
သောကမီး တောက်လောင်မှာ။
**သတ္တိရှိမှ
အမှတ်တရားကို ထွန်းငြှိနိုင်မှာ။
ဘုရားသခင် ထံမှောက် ရောက်ဖို့
မကြောက်မရွံ့တဲ့ သတ္တိ
ဇွဲရှိဖို့ လိုအပ်လှပါ။
**ဘုရားသခင်ရဲ့ နိုင်ငံမှာ
အမှန်ဆိုတဲ့ သစ်သီးကို ခူးပြီး
ကြည်နူးစွာ စားသုံးကြစမ်းပါ…။ ။
*** တင်မိုး ***
(၄၊ မေလ၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)


No comments:
Post a Comment