ထိုင်းနိုင်ငံတောင်ပိုင်း နံယောင်မြို့  ၈-ကီလိုဈေးအနီးတွင်ရှိသည့် ပုဇွန်မွေးကန်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ပသျှူး(ခေါ်)မိုး ဆိုသူသည် ပုဇွန်စာကျွေးရင်း ရေဒလက်တွင် အကျီငြိပြီးသေဆုံးခဲ့သည်။ အ လုပ်အတူတူ လုပ်ကိုင်သူတစ်ဉ်ီးဖြစ်သည့် မခင်စန်းက“ကျမခင်ပွန်းလည်း အစာသွားကျွေးတယ်လေ။ ကန်ချင်းကပ်ပဲ၊ လှေကရေထဲမှာ မျောနေတော့၊ အနားသွားကြည့်တယ်။ လူကိုမတွေ့ဘူး၊ အကျီပဲမြင်ရတယ်။ ကျမကို သေဆုံးသူရဲ့ ဇနီးကခေါ်တယ်။ ကျမတို့ ရောက်လာတော့ ကျမယောက်ျားက မန်နေဂျာကိုခေါ်တယ်၊ ဆေးရုံ ရောက်တော့မှ သေပြီဆိုတာသိရတယ်။ မေလ၂၂ ရက်စနေနေ့ ညဥ့် ၁၁ နာရီကျော်အချိန်မှာ ပုဇွန်စာကျွေးရင်း ဖြစ်တာပါ”ဟုပြေသည်။
အလောင်းကို တနင်္ဂနွေနေ့ တွင်မီးသဂြိုဟ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ ပုဇွန်မွေးမြူရေးကန်အတွင်း သေဆုံးသူနှင့်ဇနီး၊ မခင်စန်းတို့ လင်မယားနှင့် အသက်ကြီးသည့် မြန်မာ တစ်ဦး စုစုပေါင်း အလုပ်သမား ၅-ဦးရှိကြောင်းသိရှိရသည်။ သေဆုံးသူ မိုး မှာအသက် ၂၅-နှစ်အရွယ်ရှိပြီဖြစ်ပြီး ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်မှ ဖြစ်သည်။ အသက်၂၀-အရွယ် ဇနီးဖြစ်သူ မိလေး(ထားဝယ်)နှင့်ရှစ်လ အရွယ်သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားအချို့ တို့သည် လုပ်ငန်းခွင်အချို့ တွင် မမျှော်လင့်ပဲ သေဆုံးရမှုများ ရှိတတ်ကြသော်လည်း အဆိုပါသေဆုံးသူတို့အတွက် ရသင့်ရထိုက်သည့် ဆုံးရှုံးနစ်နာမှုရရှိခြင်း အထူးနည်းပါးကြသည်။
*** သတင်း- ကိုကျော်သောင်း (ဘန်ကောက်)***
(မေ ၂၅-ရက်)

No comments:
Post a Comment