နေရောင်ခြည်က မ၀င်းတ၀င်း
အိမ်မှာ ကျောလျားခင်း…။
**အပျင်းက ဖောက်၊ စိတ်က နောက်
ဘီယာဗြစ်ခါး သောက်….။
**လမ်းပျောက်နေတဲ့ ကျုပ်ဆရာ
ကိုယ့်ကိုယ်ကိုလဲ အလွန်ညှာ
အိုဘယ့် သနားစရာ….။
**ကျုပ်ဆရာက အလုပ်မှာ မမွေ့
ယမကာနံ့က တငွေ့ငွေ့
တကမ္ဘာလုံးကို မေ့…။
**တနေ့အလုပ် တနေ့မလုပ်
အချိန်တွေ နေ့တွေ ပုပ်…။
**ဇက်ကုပ်ကျိုးလို့ ရက်ပုပ်သိုး
အရက်တမှုတ်နဲ့ ခွက်စုတ်မျိုး
အရှက်ထုပ်အိုး ငှက်ရုပ်ဆိုး….။
*** တင်မိုး ***
(၅၊ ဇွန်လ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**မိုးကလေး မလင်းတလင်း
နေရောင်ခြည်က မ၀င်းတ၀င်း
အိမ်မှာ ကျောလျားခင်း…။
**အပျင်းက ဖောက်၊ စိတ်က နောက်
ဘီယာဗြစ်ခါး သောက်….။
**လမ်းပျောက်နေတဲ့ ကျုပ်ဆရာ
ကိုယ့်ကိုယ်ကိုလဲ အလွန်ညှာ
အိုဘယ့် သနားစရာ….။
**ကျုပ်ဆရာက အလုပ်မှာ မမွေ့
ယမကာနံ့က တငွေ့ငွေ့
တကမ္ဘာလုံးကို မေ့…။
**တနေ့အလုပ် တနေ့မလုပ်
အချိန်တွေ နေ့တွေ ပုပ်…။
**ဇက်ကုပ်ကျိုးလို့ ရက်ပုပ်သိုး
အရက်တမှုတ်နဲ့ ခွက်စုတ်မျိုး
အရှက်ထုပ်အိုး ငှက်ရုပ်ဆိုး….။
*** တင်မိုး ***
(၅၊ ဇွန်လ၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment