(တိုကျို၊ မေလ ၂၄-ရက်)
ဂျပန်နိုင်ငံ တောင်ပိုင်းရှိ အမေရိကန်စစ်စခန်းနေရာရွှေ့ပြောင်းရေးတွင် ဒေသခံပြည်သူများက ဆန့်ကျင်ပြီး အာဏာရညွန့်ပေါင်းအစိုးရအတွင်း သဘောထားကွဲလွဲသည့်ကြားမှပင် ဂျပန်အစိုးရနှင့် အမေရိကန်အစိုးရတို့က ပြောင်းရွှေ့ရေး အစီအစဉ်ကို သဘောတူညီလိုက်ကြပြီဖြစ်ကြောင်း အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြပါရှိသည်။ ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမသည် ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပေးခဲ့သော ကတိကို ထိန်းရန်ကြိုးပမ်းသည့်အနေဖြင့် အိုကီနာဝါကျွန်းအတွင်း ထူတင်မာလေတပ်စခန်းရွှေ့ပြောင်းရေး၊ ၂၀၀၆-ခုနှစ် သဘောတူစာချုပ် အကောင်အထည်ဖော်ရန် အမေရိကန်အစိုးရ၏ အကျပ်ကိုင်မှုကို ပထမတွင် ငြင်းဆန်ခုခံခဲ့သည်။ သို့သော် ခြိမ်းခြောက်မှု ဟန့်တားရန် အမေရိကန်တပ်ဖွဲ့ဝင်အချို့ရှိနေသင့်ကြောင်း ပြောကြားလာသည်ဟု ဆိုသည်။ ၀န်ကြီးချုပ် ဟာတိုယာမ အိုကီနာဝါကျွန်းသို့ မသွားမီတစ်ရက်အလိုတွင် အမေရိကန်လေတပ်စခန်းရွှေ့ပြောင်းရေးကို မေလ ၂၂-ရက်နေ့က သဘောတူလက်ခံလိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
*** တရုတ်ကျောက်မီးသွေးတွင်း၌ မတော်တဆမှုကြောင့် ၅-ဦးသေဆုံး ***
(ချုံကင်း၊ မေလ ၂၄-ရက်)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းပြည်နယ်ရှိ ကျောက်မီးသွေးတွင်း၌ မေလ ၂၄-ရက်နေ့က မတော်တဆဖြစ်မှုကြောင့် အလုပ်သမား ၅-ဦးသေဆုံးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့က ပြောကြားသည်။ ချုံကင်းပြည်နယ် တန်လင်းစီရင်စုရှိ ပန်းစင်းကျောက်မီးသွေားတွင်း၌ ဒေသစံတော်ချိန် နံနက် ၈-နာရီတွင် မတော်တဆမှုဖြစ်ပွားသဖြင့် အလုပ်သမားများ သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါဒေသသည် နှစ်စဉ်ကျောက်မီးသွေားတန်ချိန် ၆၀၀၀၀-အထိ ထွက်ရှိသော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းရန်အတွက် ဒေသဆိုင်ရာအစိုးရက အမိန့်ပေးထားသည်ဟု ဆိုသည်။ (ဆင်ဟွာ)
*** အီရန်က ဆက်သွယ်ရေးဂြိုဟ်တု ၂-လုံးလွှတ်တင်မည် ***
အီရန်နိုင်ငံသည် လာမည့်နှစ် မတ်လ၌ ဆက်သွယ်ရေးဂြိုဟ် ၂-လုံးကို လွှတ်တင်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ယင်းဂြိုဟ်တုများသည် ပြည်တွင်းလုပ်ဂြိုဟ်တုများဖြစ်ကြောင်း အီရန်အရာရှိများက မေလ ၂၄-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း ***
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ မေလ ၂၄-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၈၄ ဒသမ ၃၃ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း တရုတ်ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။
(အင်တာနက်)
*** ရာသီဥတုဆိုးရွာမှုကြောင့် ဗျူနို့အေရိစ်လေဆိပ် ပိတ်ထား ***
အာဂျင်တီးနားနိုင်ငံ ဗျူနို့အေရိစ်လေဆိပ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် လေယာဉ်တစ်စင်း ပြေးလမ်းချော်မှုဖြစ်ပွားပြီးနောက် မေလ ၂၄-ရက်နေ့မှ စတင်ကာ လေဆိပ်ကို ခေတ္တပိတ်ထားလိုက်ကြောင်း ဗျူနို့အေရိစ်လေဆိပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တရုတ်ပြည်အနောက်တောင်ပိုင်း၌ တောမီးလောင်လျက်ရှိ ***
တရုတ် နောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် မေလ ၂၄-ရက်နေ့ နံနက်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနီးဝန်းကျင်၌ နေထိုင်သူ ဒေသခံ ၁၂-ဦးသေဆုံးခဲ့ကြောင်း၊ တောမီးငြိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုးစားလျက်ရှိကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်ချစ်ကြည် ***
*** အိုကီနာဝါ အမေရိကန်တပ်စခန်းရွှေ့ပြောင်းရေး ဂျပန်နှင့် အမေရိကန်အစိုးရတို့ သဘောတူညီ ***

No comments:
Post a Comment