ဗုံး အမြောက်ဆံတွေကြား
ပြေးလွှားရင်း ကြီးပြင်း
စစ်ယူနီဖောင်းမြင်တိုင်း ကြောက်နေရ
"ကြောက်" ခေတ်ကြီးထဲမှာ
မွေးဖွား ကြီးပြင်းခဲ့တယ် ။
**သိုက်ဝန်း ငြိမ်းချမ်းဆဲ
ကျုပ် မိသားစုကမ္ဘာလေး
ပြန်ပြန်တွေးတိုင်း ၊ မျက်ရည်ဝိုင်း
ဒေါသလှိုင်း ထမိတယ် ......။
**ကျုပ် "အဖေ" လေ
စစ်တပ်နဲ့ ရွာသူကြီးက
မထမ်းရင် ဖမ်းမယ်ဆိုလို့
ပေါ်တာ အထမ်းလိုက်သွားတာ
နေ့တွေသာ ကုန်ခမ်း
အိမ် မပြန်လမ်းမှာ
တမလွန်ကို လှမ်းသွားခဲ့ပြီ ။
**ကျုပ် "ညီမလေး"လား
အသားဝါ ၊ ငှက်ဖျား
ပိန်ပိန်ပါးပါး ခန္ဓာမှာ တွယ်ကပ်
ရွာမှာ ဆေးဝါးပြတ်တော့
တွတ်တီးတွတ်တာ ပြောတတ်စအရွယ်
သေမင်းက ခေါ်သွားခဲ့တယ် ။
**ကျုပ် "အမေ"
တောင်ယာစိုက်လဲ
ရာသီဖျက်လိုက် ၊ သားကောင်ဖျက်လိုက်
မှောင်ခို ထမ်းတော့
ဟိုကဖမ်း ဒီကဖမ်း
စိတ်ပမ်းပြီး အိပ်ယာထဲ ဗုန်းဗုန်းလဲ
ခန္ဓာစဲတဲ့ အထိပေါ့
ကျုပ်လေ ငိုပြီးရင်းငို
နောက်ဆုံး ကျုပ်မျက်လုံးမှာ
မျက်ရည်ဆိုတာ မရှိတော့ပါဘူး ။
**ကျုပ် လား
စာတတ်ဖို့ နေနေသာသာ
ကျောင်းဆိုလို့ နွားပဲကျောင်းတတ်
ဒါတောင် ရွာကိုဖြတ်ဖြတ်သွားတဲ့
စစ်ကြောင်း ဗိုလ်ကြီးက
"စစ်ထဲ ၀င်မလားတဲ့"
ခဏခဏ မေးတယ် ၊
စစ်တပ်ဆိုတာ......
ကျုပ်လို စာမတတ် ပေမတတ်တွေနဲ့
ဖွဲ့စည်းထားတယ် ထင်တယ် ။
**ကျုပ်
သစ်ခုတ် ၀ါးခုတ်အေးအေး လုပ်မယ် ၊
စစ်ကိုတော့ စက်ဆုပ်တယ် ။
**"လူသေ အလောင်းတွေ"
"အူဟောင်းလောင်းနဲ့ စစ်ပြေးဒုက္ခသည်များ"
စစ်ဒဏ်စစ်ချက်ကြောင့် ဖြစ်ရတဲ့
မီးလောင်ပြင် ကျေးရွာပျက်တွေ ကြည့်ပြီး
ပျော်မြူးနေကြမှာလား????
ခင်ဗျားတို့ကို မေးလိုက်စမ်းချင်တယ်
စစ်ဖန်တီးရှင်ကြီးတို့............။
**အောင်ခိုင်မြင့် **
**"ကျုပ်"....
ဗုံး အမြောက်ဆံတွေကြား
ပြေးလွှားရင်း ကြီးပြင်း
စစ်ယူနီဖောင်းမြင်တိုင်း ကြောက်နေရ
"ကြောက်" ခေတ်ကြီးထဲမှာ
မွေးဖွား ကြီးပြင်းခဲ့တယ် ။
**သိုက်ဝန်း ငြိမ်းချမ်းဆဲ
ကျုပ် မိသားစုကမ္ဘာလေး
ပြန်ပြန်တွေးတိုင်း ၊ မျက်ရည်ဝိုင်း
ဒေါသလှိုင်း ထမိတယ် ......။
**ကျုပ် "အဖေ" လေ
စစ်တပ်နဲ့ ရွာသူကြီးက
မထမ်းရင် ဖမ်းမယ်ဆိုလို့
ပေါ်တာ အထမ်းလိုက်သွားတာ
နေ့တွေသာ ကုန်ခမ်း
အိမ် မပြန်လမ်းမှာ
တမလွန်ကို လှမ်းသွားခဲ့ပြီ ။
**ကျုပ် "ညီမလေး"လား
အသားဝါ ၊ ငှက်ဖျား
ပိန်ပိန်ပါးပါး ခန္ဓာမှာ တွယ်ကပ်
ရွာမှာ ဆေးဝါးပြတ်တော့
တွတ်တီးတွတ်တာ ပြောတတ်စအရွယ်
သေမင်းက ခေါ်သွားခဲ့တယ် ။
**ကျုပ် "အမေ"
တောင်ယာစိုက်လဲ
ရာသီဖျက်လိုက် ၊ သားကောင်ဖျက်လိုက်
မှောင်ခို ထမ်းတော့
ဟိုကဖမ်း ဒီကဖမ်း
စိတ်ပမ်းပြီး အိပ်ယာထဲ ဗုန်းဗုန်းလဲ
ခန္ဓာစဲတဲ့ အထိပေါ့
ကျုပ်လေ ငိုပြီးရင်းငို
နောက်ဆုံး ကျုပ်မျက်လုံးမှာ
မျက်ရည်ဆိုတာ မရှိတော့ပါဘူး ။
**ကျုပ် လား
စာတတ်ဖို့ နေနေသာသာ
ကျောင်းဆိုလို့ နွားပဲကျောင်းတတ်
ဒါတောင် ရွာကိုဖြတ်ဖြတ်သွားတဲ့
စစ်ကြောင်း ဗိုလ်ကြီးက
"စစ်ထဲ ၀င်မလားတဲ့"
ခဏခဏ မေးတယ် ၊
စစ်တပ်ဆိုတာ......
ကျုပ်လို စာမတတ် ပေမတတ်တွေနဲ့
ဖွဲ့စည်းထားတယ် ထင်တယ် ။
**ကျုပ်
သစ်ခုတ် ၀ါးခုတ်အေးအေး လုပ်မယ် ၊
စစ်ကိုတော့ စက်ဆုပ်တယ် ။
**"လူသေ အလောင်းတွေ"
"အူဟောင်းလောင်းနဲ့ စစ်ပြေးဒုက္ခသည်များ"
စစ်ဒဏ်စစ်ချက်ကြောင့် ဖြစ်ရတဲ့
မီးလောင်ပြင် ကျေးရွာပျက်တွေ ကြည့်ပြီး
ပျော်မြူးနေကြမှာလား????
ခင်ဗျားတို့ကို မေးလိုက်စမ်းချင်တယ်
စစ်ဖန်တီးရှင်ကြီးတို့............။
**အောင်ခိုင်မြင့် **


No comments:
Post a Comment