*** ဆီးချိုရောဂါဆေးများ စွဲသောက်လျှင် ဗီတာမင် ဘီ-၁၂ ဓာတ်ချို့တဲ့နိုင် ***
(နယူးယောက်၊ မေလ ၂၄-ရက်)
အက်ဖော်မင်ဆီးချိုရောဂါ သက်သာဆေးများ ရေရှည်စွဲသောက်ခြင်းသည် ဗီတာမင် ဘီ-၁၂ ဓာတ်ချို့တဲ့စေနိုင်ကြောင်း လေ့လာဆန်းစစ်ချက်တစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ဆီးချိုရောဂါသက်သာဆေးများကို ဂလူဂိုဖေ့ခ်ျအပါအ၀င် တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိသည်။ ယင်းဆေးမှာ ဆီးချိုရောဂါအဆင့် ၂-ရှိသော ရောဂါဝေဒနာရှင်များအား ကုသရာတွင် အသုံးပြုသောဆေးဝါးဖြစ်သည်။ သို့သော် ယင်းဆေးမှာ ဗီတာမင် ဘီ-၁၂ ဓာတ်ချို့တဲ့စေနိုင်ကြောင်း မေလ ၂၁-ရက်နေ့ထုတ် ဘီအမ်ဂျေဆေးဂျာနယ်တွင် ဖော်ပြထားသည်။ နယ်သာလန်နိုင်ငံမှ သုတေသနအဖွဲ့သည် ဆီးချိုရောဂါအဆင့် ၂-ရှိသောသူ
၃၉၀-အား ဖက်ဖော်မင်ဆေးများသုံးစွဲမှုနှင့် စပ်လျဉ်း၍ သုတေသနပြုဆန်းစစ်ခဲ့ရာ အများစုမှာ ဗီတာမင် ဘီ-၁၂ ဓာတ်ချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ အဆိုပါဆီးချိုရောဂါဆေး သောက်သုံးသော ရောဂါဝေဒနာရှင်များသည် အခြားရောဂါဝေဒနာရှင်များနှင့် နှိုင်းယှဉ်ရာတွင် ဘီ-၁၂ ဓာတ်ချို့တဲ့မှုမှာ ၁၉-ရာခိုင်နှုန်းရှိကြောင်း သုတေသနအဖွဲ့ခေါင်းဆောင် စတီဟိုဝါက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment