တစ်ရွာဝင် တစ်ရွာထွက်
ငါ့လက်နဲ့ ကောက်ယူ
ကျောက်ခဲ ဖြူဖြူကလေးများ
ကာရန်များ၊ နဘေများ၊ စကားလုံးများ
လျှောက်သွားရင်း ကောက်ထည့်
လွယ်အိတ် ပြည့်ခမန်း
ကဗျာဆရာ့ လွယ်အိတ်ပါ
အရူးလွယ်အိတ်လို့ ခေါ်နိုင်ပါတယ်။
**ဘ၀တွေ၊ မေတ္တာကရုဏာတွေ
**ဒေါသ မောဟတွေ
ဗျာပါ သောကတွေ
ဟိုတစ သည်တစ အတွေးစ
အလှကွက်တွေ မလှကွက်တွေ
အကွက်မလည်တဲ့ အပျက်အစီးတွေ
မီးပွင့်စကားလုံးများ၊ မီးမှိန်များ
လျှောက်သွားရင်း ကောက်ထည့်
လွယ်အိတ် ပြည့်ခမန်း….။
**ငါ့လွယ်အိတ်ကလေး သိမ်းထား
တစ်နေ့သားမှာတော့
ထူးခြားတဲ့ စကားတွေ ပြောလိမ့်မယ်။
ပီတိနဲ့ နားထောင်လေ….။ ။
*** တင်မိုး ***
(၇၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**လွယ်အိတ်တစ်လုံးနဲ့ ငါ
တစ်ရွာဝင် တစ်ရွာထွက်
ငါ့လက်နဲ့ ကောက်ယူ
ကျောက်ခဲ ဖြူဖြူကလေးများ
ကာရန်များ၊ နဘေများ၊ စကားလုံးများ
လျှောက်သွားရင်း ကောက်ထည့်
လွယ်အိတ် ပြည့်ခမန်း
ကဗျာဆရာ့ လွယ်အိတ်ပါ
အရူးလွယ်အိတ်လို့ ခေါ်နိုင်ပါတယ်။
**ဘ၀တွေ၊ မေတ္တာကရုဏာတွေ
**ဒေါသ မောဟတွေ
ဗျာပါ သောကတွေ
ဟိုတစ သည်တစ အတွေးစ
အလှကွက်တွေ မလှကွက်တွေ
အကွက်မလည်တဲ့ အပျက်အစီးတွေ
မီးပွင့်စကားလုံးများ၊ မီးမှိန်များ
လျှောက်သွားရင်း ကောက်ထည့်
လွယ်အိတ် ပြည့်ခမန်း….။
**ငါ့လွယ်အိတ်ကလေး သိမ်းထား
တစ်နေ့သားမှာတော့
ထူးခြားတဲ့ စကားတွေ ပြောလိမ့်မယ်။
ပီတိနဲ့ နားထောင်လေ….။ ။
*** တင်မိုး ***
(၇၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)


No comments:
Post a Comment