ရုရှားနိုင်ငံ၏ စစ်လက်နက်ပစ္စည်းများကို ၂၀၁၅-ခုနှစ်အရောက်တွင် ၃၀-ရာခိုင်နှုန်းအထိ အဆင့်မြှင့်တင်မှုပြုလုပ်မည်ဖြစ်ကြောင်း မကြာမီကပြုလုပ်ခဲ့သော အစ္စရေးတို့၏ ပြည်တွင်းလုပ်လက်နက်များ စမ်းသပ်မှုပြုလုပ်ပြီးနောက် လက်နက်များအဆင့်မြှင့်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ရုရှားသမ္မတ မက်ဗီဒက်ဗ်က မေလ ၂၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ဂျမေကာ၌ အရေးပေါ်ကြေညာချက် ထုတ်ပြန် ***
(ကင်စတန်၊ မေလ ၂၅-ရက်)
ဂျမေကာနိုင်ငံတွင် မူးယစ်ဆေးဝါး ဂိုဏ်းနှင့် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်းဖြစ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် ဂျမေကာအစိုးရက ကင်စတန်မြို့တော်၏ ဒေသနှစ်ခုတွင် အရေးပေါ် အခြေအနေကြေညာထားကြောင်း အင်တာနက်သတင်းတစ်ရပ်၌ မေလ ၂၄-ရက်နေ့က ဖော်ပြထားသည်။ မူးယစ်ဂိုဏ်းသားများက ရဲစခန်းကို မီးရှို့ပြီး ကင်စတန်မြို့တော်၏ အနောက်ပိုင်း ဒေသတစ်လျှောက်ကို ပိတ်ဆို့ထားခဲ့ပြီးနောက် မြို့တော်တစ်ဝန်း သေနတ်ပစ်ခတ်သံများ ပေါ်ထွက်လာခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားစဉ် ရဲအရာရှိတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိသည်။ အမေရိကန်က အလိုရှိနေသည့် ဂျမေကာမူးယစ်ရာဇာ ခရစ်တိုဖာဒူဒပ်စ်ကုတ်အား ဖမ်းထားမှု ရပ်ဆိုင်းပေးရန် မူးယစ်ဂိုဏ်းများက တိုက်ခိုက်ကြခြင်းဖြစ်သည်။ ဂျမေကာတာဝန်ရှိ ပုဂ္ဂိုလ်များက အခင်းဖြစ်ပွားရာဒေသမှ အမျိုးသမီးများနှင့် ကလေးငယ်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားသည်။ (အင်တာနက်)
*** ဖိလစ်ပိုင် လေကြောင်းပို့ဆောင်မှု ယခုနှစ်အတွင်း တိုးမြင့်လာ ***
(မနီလာ၊ မေလ ၂၅-ရက်)
ဖိလစ်ပိုင်လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွင် ၂၀၁၀-ခုနှစ် ပထမဆုံးလပတ်အတွင်း ခရီးသည်ပို့ဆောင်မှုမှာ ၁၅-ရာခိုင်နှုန်းတိုးလာပြီး ကုန်ပစ္စည်းတင်ပို့မှုမှာလည်း သုံးပုံတစ်ပုံခန့် တိုးလာကြောင်း ဖိလစ်ပိုင်မီဒီယာများက မေလ ၂၄-ရက်နေ့၌ ကြေညာသည်။ ယခင်နှစ် အလားတူကာလက လေကြောင်းခရီးသည်ဦးရေမှာ ၃ ဒသမ ၄-သန်းရှိခဲ့ရာမှ ယခုနှစ် ပထမ သုံးလပတ်တွင် ၃ ဒသမ ၈၉-သန်းအထိ တိုးမြင့်လာကြောင်း မြို့ပြလေကြောင်း ဘုတ်အဖွဲ့၏ ပြောကြားချက်ကို မနီလာစတန်တက်သတင်းစာက ကိုးကားဖော်ပြသည်။ (အင်တာနက်)
*** ယီမင်နိုင်ငံ၌ အမေရိကန်ဇနီးမောင်နှံ ပြန်ပေးဆွဲခံရ ***
ယီမင်နိုင်ငံ ဆင်ရာမြို့အနီးတွင် မေလ ၂၅-ရက်နေ့ နံနက်က အမေရိကန်ဇနီးမောင်နှံအား လက်နက်ကိုင်များက ပြန်ပေးဆွဲသွားခဲ့ကြောင်း၊ ၄င်းတို့၏ မော်တော်ယာဉ်ကို မောင်းနှင်လာသည့် ယီမင်နိုင်ငံသားယာဉ်မောင်းလည်း ဓားစာခံအဖြစ် ပါရှိသွားကြောင်း ယီမင်အရာရှိများက မေလ ၂၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ရုရှားမှာ လက်နက်များ အယ်လ်ဂျီးရီးယား ၀ယ်ယူမည် ***
အမေရိကန်မှ လက်နက်ရောင်းချမှု နှောင့်နှေးကြန့်ကြာမှုကြောင့် ရုရှားမှ လက်နက်များကို ၀ယ်ယူဖြည့်ဆည်းရန် အယ်လ်ဂျီးရီးယားအစိုးရက ဆုံးဖြတ်လိုက်ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် လက်နက်များလိုအပ်နေကြောင်း အယ်လ်ဂျီးနီးယား အရာရှိများက မေလ ၂၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** နိုင်ဂျီးရီးယားမြောက်ပိုင်း၌ လေယာဉ်ပျက်ကျ ***
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဒါဝါကင်တိုဖာမြို့အနီးတွင် မေလ ၂၅-ရက်နေ့ နံနက်က နိုင်ဂျီးရီးယားလေကြောင်း အတတ်ပညာကောလိပ်မှာ လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူများ ဒဏ်ရာရရှိခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း နိုင်ဂျီးရီးယားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
**** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ရုရှားလုပ်လက်နက်များ အဆင့်မြှင့်တင်သွားမည် ***

No comments:
Post a Comment