*** အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အိတ်ခ်ျအိုင်ဗွီ ပို၍ကူးစက်နိုင်ဟုဆို ***
(လန်ဒန်၊ မေလ ၂၅-ရက်)
အိတ်ခ်ျအိုင်ဗွီကူးစက်ခံနေရသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ခင်ပွန်းသည် အမျိုးသားများအား အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ရန် နှစ်ဆပိုများကြောင်း သုတေသီများက သတိပေးပြောကြားသည်။ အာဖရိကရှိ စုံတွဲပေါင်း ၃၀၀၀-ကျော်အား လေ့လာဆန်းစစ်ခဲ့ရာ အိတ်ခ်ျအိုင်ဗွီပိုးသယ်ဆောင်ထားသော အိမ်ထောင်ရှင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ခင်ပွန်းဖြစ်သူအား အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ရန် နှစ်ဆပိုများကြောင်း ဗြိတိသျှသုတေသီများက လေ့လာတွေ့ရှိထားသည်။ အထူးသဖြင့် ငယ်ရွယ်သူအိမ်ထောင်ရှင် အမျိုးသမီးများသည် အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုးသယ်ဆောင်ထားပါက ခင်ပွန်းဖြစ်သူအား ရောဂါကူးစက်ရန် အလားအလာအများဆုံးဖြစ်သည်ဟု ဆိုသည်။ တစ်ဖန် အိတ်ခ်ျအိုင်ဗွီရောဂါပိုးသယ်ဆောင်ထားသော အမျိုးသားများသည် ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ရန် ပို၍များကြောင်း သုတေသီများက လေ့လာတွေ့ရှိထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment