စစ်အုပ်စုဟာ စစ်အုပ်စုရဲ့ ထုံးတမ်းစဉ်လာအတိုင်း (မတရား၊ ညှင်းပန်း၊ နှိပ်စက်၊ အဓမ္မပြု၊ အနိုင်ကျင့်/ဖိနှိပ်ချုပ်ချယ်)စတဲ့ ဝေါ ဟာရများအတိုင်း ပြုလုပ်နေမြဲပါပဲ။ ဒါကို ဘယ်လိုအန်တုရင်ဆိုင်ကြမလဲ ဆိုရာမှာ `လူထုနည်း လမ်း´နဲ့ ခေတ်ကြီးကို အတင်းပြောင်းပါမှ အရာရာ ကောင်းသွားမှာ ဖြစ်ပါတယ်။
ဒါကို ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာအလုပ်သမားအလွှာ အချို့နဲ့ မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး `ဆန့်ကျင်ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုတခု´ပြုလုပ်ကြတာဖြစ်ပါတယ်။ ဘယ်ပုံဘယ်နည်း ဆန့်ကျင်ကြသလဲဆိုတာကို ဟောဒီဓာတ်ပုံတွေက သင့်ကို ပြောပြပါလိမ့်မယ်။
*** ဒီမင်း ဒီစိုး ဒီသူခိုးနဲ့
*** ဒီလူ ဒီခေတ် ဒီစနစ်ကို အတင်းပြောင်းကြပါစို့လား….။
*** သတင်းမှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment