*** နှလုံးရောဂါဝေဒနာရှင်များ အပျော်အပါးလိုက်စားမှု ဆင်ခြင်သတိပြု ***
(၀ါရှင်တန်၊ မေလ ၂၂-ရက်)
နှလုံးရောဂါ ခံစားနေကြရသော ဝေဒနာရှင်များအနေဖြင့် အပျော်အပါးလိုက်စားမှုကို လျှော့ချသင့်ကြောင်း၊ အသက်အန္တရာယ်ရှိကြောင်း အမေရိကန်သုတေသီများက သတိပေးထားသည်။ ဆရာဝန်များက အပျော်အပါးလိုက်စားမှုကို ရှောင်ရှားရန် နှလုံးရောဂါဝေဒနာရှင်များအာ ပြောကြားဆွေးနွေးခြင်း မရှိလင့်ကစား ရှောင်ကြဉ်သင့်ကြောင်း အမေရိကန်သုတေသီများက အမေရိကန်နှလုံးရောဂါအသင်း အစည်းအဝေး၌ ထုတ်ဖော်ပြောကြားလိုက်သည်။
နှလုံးရောဂါခံစားနေကြရသူ ၁၇၀၀-အား သုတေသနပြု ဆန်းစစ်ခဲ့ရာ ကာမဂုဏ်ခံစားနေစဉ်အတွင်း အသက်ပျောက်မည့် အခွင့်အလမ်းများသည့်အချက်ကို တွေ့ရှိခဲ့ကြောင်း သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာစတာဘီတက်စလာလင်ဒူးက ပြောကြားသည်။ အဆိုပါသုတေသီများက အမျိုးသား ၁၁၈၄-ဦးနှင့် အမျိုးသမီး ၅၇၆-ဦးတို့အား နှလုံးရောဂါရပြီးနောက် ဆန်းစစ်လေ့လာခဲ့သည်။ ပျမ်းမျှ အသက် ၅၉-နှစ်ရှိ အမျိုးသားများသည် ပျမ်းမျှ အသက် ၆၁-နှစ်ရှိ အမျီုးသမီးများထက် လိင်စိတ်ပိုပြင်းပြသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းအသက်အရွယ်များတွင် နှလုံးရောဂါဖြစ်ပွားလေ့ရှိခြင်းကြောင့် အပျော်အပါးလိုက်စားခြင်းကို နှလုံးရောဂါခံစားနေရသူများအနေဖြင့် သတိပြုဆင်ခြင်သင့်ကြောင်း သတိပေးခြင်းဖြစ်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment