ဂျူဗင်းတပ်စ်အသင်းသည် ယင်း၏ ဂိုးသမား ဂီယန်လွိုင်ဂီဘတ်ဖွန်းနှင့် အာဆင်နယ်ကစားသမား သုံးဦးဖြစ်သည့် ဖာဘရီဂတ်စ်၊ ရော်ဘင်ဗန်ပါစီနှင့် ဆက်ဂနာတို့ထဲမှ တစ်ဦးဦးနှင့် လဲလှယ်စာချုပ်ရန် စိတ်ဝင်စားနေသည်။ (အင်တာနက်)
*** အသင်းကြီးများ၏ ကမ်းလှမ်းမှု ကာဟေးလ် ငြင်းရန်ခက်ခဲ ***
ဘော်လ်တန်ခံစစ်မှူး ဂယ်ရီကာဟေးလ်က ၄င်းအား အသင်းကြီးများက ကမ်းလှမ်းလာမှုကို ငြင်ပယ်ရန်ခက်ခဲသည်ဟု ၀န်ခံပြောကြားခဲ့ကြောင်း၊ ၄င်းအား မန်ယူနှင့် အာဆင်နယ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေကြသည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်း ဖော်ပြသည်။ (အင်တာနက်)
*** အိုင်ယာလန်၏ အနာဂတ် မန်စီးတီး၌ မရေရာဟု ဖွင့်ဟ ***
*** မန်စီးတီးကွင်းလယ်ကစားသမား စတီဖင်အိုင်ယာလန်က နည်းပြမန်စီနီ၏ လက်ထက်တွင် မန်စီးတီး၌ ၄င်း၏ အနာဂတ်မှာ မရေမရာ ဖြစ်နေကြောင်း ဖွင့်ဟပြောကြားသည်။ (အင်တာနက်)
*** မာဆေးလ်မှ ဒိုနီအန်းအား လီဗာပူး ခေါ်ယူဖွယ် ***
လီဗာပူးအသင်းသည် ပြင်သစ်အသင်း မာဆေးလ်မှ ပေါင် ၁၄-သန်းတန် တိုက်စစ်မှူး မာမက်ဒိုနီအန်းအား ခေါ်ယူဖွယ်ရှိကြောင်း၊ ၄င်းအား စာချုပ်ခေါ်ယူရေးအတွက် အဲလ်ဘတ်ရီရာ၊ ရိုင်ယန်ဘာဘယ်လ်၊ ဖိလစ်ဒီဂျင်နှင့် ဘီနာယောင်တို့အနက် တစ်ဦးဦးအား အလိုက်ပေးဖွယ်ရှိကြောင်း သိရသည်။ (အင်တာနက်)
*** မိုဒရစ်နှင့် ဘာလီတို့အား ခေါ်ယူရန် မန်ယူပြင်ဆင် ***
မန်ယူအသင်းသည် စပါးကြယ်ပွင့်နှစ်ဦးဖြစ်သည့် လူကာမိုဒရစ်နှင့် ဂရက်ဘာလီတို့အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀-ပေးခေါ်ယူရန် ပြင်ဆင်နေသည်။ (အင်တာနက်)
*** ဟီဂွါအင်အား ရောင်းချရန် ချဲလ်ဆီးကို ရီ;ရဲကမ်းလှမ်း ***
ချဲလ်ဆီးအသင်းသည် လီဗာပူးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ခေါ်ယူရေး မအောင်မြင်ပါက အခြားခေါ်ယူနိုင်ရန် အခွင့်အရေးတစ်ရပ်အနေဖြင့် ရီ;ရဲမက်ဒရစ်က ယင်း၏ တိုက်စစ်မှူး ဂွန်ဇာလိုဟီဂွါအင်အား ပေါင် ၃၄-သန်းဖြင့် ရောင်းချရန် ချဲလ်ဆီးသို့ ကမ်းလှမ်းထားသည်။ (အင်တာနက်)
*** ဒီယာခါတီအား ခေါ်ယူရေး အာဆင်နယ် ဆိုင်းငံ့ ***
ရုရှားအသင်း ဒိုင်နမိုကိယက်ဗ်မှ ဗဟိုခံစစ်မှူး ပါပီမာလစ်ကူဒီယာခါတီအား ပြောင်းရွှေ့ကြေး ပေါင် ၁၀-သန်းဖြင့် စာချုပ်ခေါ်ယူရေးကို အာဆင်နယ်က ဆိုင်းငံ့ထားသည်။ (အင်တာနက်)
*** ကာဒစ်ဖ်မှ လက်ဒ်လေအား ဘလက်ဘန်း စိတ်ဝင်စား ***
ယခုရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးနေပြီဖြစ်သည့် ချန်ပီယံရှစ်အသင်း ကာဒစ်ဖ်ကွင်းလယ်ကစားသမား ဂျိုးလက်ဒ်လေအား ဘလက်ဘန်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်။
(အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** ဘတ်ဖွန်းနှင့် အာဆင်နယ်ကစားသမားတစ်ဦးကို ဂျူဗီလဲလှယ်လို ***

No comments:
Post a Comment