နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ ရောက်ရှိနေသော အတ္တလန္တစ် အာကာသယာဉ်မှ အာကာသယာဉ်မှူး၂-ဦးသည် မေလ ၂၂-ရက်နေ့က အာကာသအတွင်း နောက်ဆုံးလမ်းလျှောက်ခြင်း ပြုလုပ်ခဲ့ကြောင်း နာဆာအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** သီရိလင်္ကာ၌ ရေလွှမ်းမှု ၂၁-ဦးသေဆုံး ***
(ကိုလံဘို၊ မေလ ၂၂-ရက်)
သီရိလင်္ကာနိုင်ငံတွင် ခြောက်ရက်ကြာ မိုးသည်းထန်ပြီး ရေလွှမ်းလာမှုကြောင့် သေဆုံးသူ ၂၁-ဦး အထိရှိလာကြောင်း အစိုးရအရာရှိတစ်ဦးက မေလ ၂၁-ရက်နေ့၌ ပြောကြားသည်။ မိုးသည်းထန်ပြီး ရေလွှမ်းလာမှုကြောင့် လူ ၅၀၀၀၀၀-ကျော် ရေဘေးဒုက္ခကြုံတွေ့ရသည့်အပြင် ကိုလံဘိုမြို့တော် တည်ရှိရာ နိုင်ငံအနောက်ပိုင်း ပြည်နယ်များ၌ ရေလွှမ်းမှုဒဏ်အခံစားရဆုံးဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ပေါ်ပေါက်လျက်ရှိသည့်အတွက် သီရိလင်္ကာနိုင်ငံ၌ မိုးအဆက်မပြတ်ရွာသွန်းမည့် လက္ခဏာများရှိနေကြောင်း မိုးလေ၀သအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** အိန္ဒိယ၌ လေယာဉ်ပျက်ကျ၊ ခရီးသည် ၁၆၀-ဦးသေဆုံး**
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့မှ မေလ ၂၂-ရက်နေ့က ပျံသန်းလာသော အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံတောင်ပိုင်း မင်ဂလိုရီမြို့လေဆိပ်အနီးတွင် ပျက်ကျခဲ့ရာ ခရီးသည် ၁၆၀-ဦးသေဆုံးခဲ့ကြောင်း ခြောက်ဦးအားကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယလေကြောင်း အရာရှိများက မေလ ၂၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ဖိလစ်ပိုင်တောင်ပိုင်း၌ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ ***
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း လန်တာဝမ်မြို့တွင် မေလ ၂၂-ရက်နေ့က သေနတ်သမားများ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ဗင်နီဇွဲလားအရှေ့တောင်ပိုင်း၌ လေယာဉ်ငယ်ပျက်ကျ ***
ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း ဂွာရာနာမြို့အနီးတွင် မေလ ၂၂-ရက်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၂-ဦးသေဆုံးခဲ့ကြောင်း ဗင်နီဇွဲလား ရုပ်မြင်သံကြားက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** အာကာသ၌ လေယာဉ်မှူးများ လမ်းလျှောက် ***

No comments:
Post a Comment