အလသဿ ကုတော သိပ္ပံ
စာကို အံရ။
**ပျင်းရိသူအား အတတ်ပညာ မရငြား
ဟုတ်သားပေပ အဟုတ်ပ…။
လောကနီတိ စာဆိုရှိ၍
ပျင်းရိသောငြား လုံ့လထား၍
သင်ကြားခဲ့စွာ မြတ်ပညာ…။
**သို့ပါသော်လဲ အပျင်းစွဲ၍
ခက်ခဲကိုကြောက် သင့်ရုံလောက်သာ
တခါစာမျှ သင်ယူရ…။
**ခေါက်ခေါက်ခါခါ စာမနာ၍
နောက်ခါစာပေ ငါ မကြေဘူး
တွေဝေမောဟ ငါ့နောင်တ…။
**စာပြိုးပြောက်နှင့်
အောက်သက်မကြေ ငါ့အနေကို
သေခါနီးမှ သတိရ၏။
လောကနီတိ စာဆိုရှိလည်း
သိရုံသိပြန် မကျင့်ကြံသော်
ဂန္ထန္တရ မကြွယ်ဝ
အဆံချောင်ချောင် မျိုးမအောင်သည့်
ယောင်သုံးတယ်မျှ ပဏ္ဍိတ်
စာပေ သံဝေ တရရ…။ ။
*** တင်မိုး ***
(၃-ဇွန်လ ၁၉၉၉၊ ကြာတပတေးနေ့ နေ့လယ်ခင်း)
**ငယ်ငယ်တုန်းက ကျောင်းနေစတွင်
အလသဿ ကုတော သိပ္ပံ
စာကို အံရ။
**ပျင်းရိသူအား အတတ်ပညာ မရငြား
ဟုတ်သားပေပ အဟုတ်ပ…။
လောကနီတိ စာဆိုရှိ၍
ပျင်းရိသောငြား လုံ့လထား၍
သင်ကြားခဲ့စွာ မြတ်ပညာ…။
**သို့ပါသော်လဲ အပျင်းစွဲ၍
ခက်ခဲကိုကြောက် သင့်ရုံလောက်သာ
တခါစာမျှ သင်ယူရ…။
**ခေါက်ခေါက်ခါခါ စာမနာ၍
နောက်ခါစာပေ ငါ မကြေဘူး
တွေဝေမောဟ ငါ့နောင်တ…။
**စာပြိုးပြောက်နှင့်
အောက်သက်မကြေ ငါ့အနေကို
သေခါနီးမှ သတိရ၏။
လောကနီတိ စာဆိုရှိလည်း
သိရုံသိပြန် မကျင့်ကြံသော်
ဂန္ထန္တရ မကြွယ်ဝ
အဆံချောင်ချောင် မျိုးမအောင်သည့်
ယောင်သုံးတယ်မျှ ပဏ္ဍိတ်
စာပေ သံဝေ တရရ…။ ။
*** တင်မိုး ***
(၃-ဇွန်လ ၁၉၉၉၊ ကြာတပတေးနေ့ နေ့လယ်ခင်း)


No comments:
Post a Comment