ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 23, 2010

စစ်အုပ်စုကို မော်ရင်ဟိုလိုအနိုင်ယူတတ်စေချင်ပါတယ်

> **(ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရလဒ်)**
*အင်တာမီလန် -၂ ဂိုး (မီလီတို ၃၅ မိနစ်။ ၇၀ မိနစ်)
*ဘိုင်ယန်မြူးနစ်-ဂိုးမရှိ
* ကွင်း-ရီးယဲလ်မက်ဒရစ် ကွင်း (စပိန်)

**(မြန်မာနိုင်ငံရေး ချန်ပီယံလိဂ် ဗိုလ်လုပွဲရလဒ်)**
*နအဖ စစ်အုပ်စု-၂ ဂိုး (တင်ဦး။ ခင်ညွှန့် ကိုယ့်ဂိုးကိုယ်သွင်း)
*မြန်မာ့ ဒီမိုကရေစီ အင်အားစု-၂ ဂိုး (ဦးအောင်ရွှေနှင့် သက်ကြားအိုအုပ် စု ၁ ဂိုး။ ယခု-ခင်မောင်ဆွေသန်းငြိမ်းအုပ်စု ၁ဂိုးကိုယ့်ဂိုးကိုယ်သွင်းကြ)

ထိုင်းနဲ့မြန်မာစံတော်ချိန်အရဆိုရင် ဒီနေ့မနက် ( ဥရောပ စံတော်ချိန်အရဆိုရင် မနေ့ကည) ယှဉ်ပြိုင်သွားကြတဲ့ဥရောပကလပ်အသင်း များ ချန်ပီယံလုပွဲ (၀ါ) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒီနှစ်အဖို့ နည်းဗျူဟာမာစတာလေး မော်ရင်ဟိုရဲ့ “အင်တာမီလန် ကလပ်အသင်း” က ဗိုလ်စွဲသွားခဲ့ပါပြီ။ မော်ရင်ဟိုဟာ ဘောလုံးပြိုင်ပွဲ တပွဲချင်းစီရဲ့ နည်းဗျူဟာကို အသေအချာအပိုင်အနိုင် ချမှတ်ရာမှာ ဆရာတဆူ-ပါရ ဂူ မြောက်သူဖြစ်ပါတယ်။ မိမိထက်အင်အားကြီးတဲ့ အသင်းတွေဖြစ်ကြတဲ့ “ချဲလ်ဆီး” အသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ “ဘာစီလို နာ” အသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ ဖြိုထားနိုင်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ ဘာစီလိုနာလို မဟာအင်အားကြီး အသင်းကို ဆီမီးဖိုင် နယ်မှာ မော်ရင်ဟိုက ဖြိုချနိုင်လိုက်ကတည်းက ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲဟာ “မော်ရင်ဟိုရဲ့ပွဲ” ဖြစ်သွားပြီဆိုတာကို ဘောလုံးဂုရုတချို့ က ကြိုတင်တွက်ဆနိုင်ခဲ့ကြပါတယ်။
ကိုင်း…ပြန်လည်စမြုံ့ပြန် (Review) လုပ်တဲ့ အနေနဲ့ပေါ့ဗျာ။ “ဘာစီလိုနာ-အင်တာမီလန်” ပွဲကိုပြန်သုံးသပ်ကြည့်စမ်းပါ။ ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ တိုက်စစ်မှူး စသဖြင့် နေရာစုံ အားကောင်းတဲ့ ဘာစီလိုနာ ကစားသမားတွေအပြင် ပါရမီရှင် (စံပြုစရာက စားသမား) ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့လို စူပါကစားသမားတွေ ပါဝင်နေတဲ့ အသင်းမျိုးကို မော်ရင်ဟို ဘယ်လိုအနိုင်ယူခဲ့ပါသ လဲ။ (ပထမပိုင်းမှာ မိမိအင်တာမီလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုက ၃၀ ရာခိုင်နှုန်းနီးပါး ဒုတိယပိုင်းမှာဆိုရင် ဘောလုံးပိုင်ဆိုင်မှုက ၁၇ ရာခိုင်းနှုန်းအထိပိုင်ဆိုင်မှုနည်းပါးခဲ့) မိမိတို့က ခံစစ်ချည်းသီးသီးနဲ့ အသည်းအသန်တောင့်ခံခဲ့၊ ပိတ်ဆို့၊ တားဆီး၊ ဖျက်ထုတ်နိုင် ခဲ့တာတွေဟာ “နည်းဗျူဟာမြောက် အနိုင်ရယူမှု” ဆိုတဲ့ ကင်ပွန်းမှ မတပ်ရင် ဘာအမည်တပ်ရဦးမှာလဲ။ ဘောလုံးရသပိုင်းကို နှစ် ခြိုက်သူတွေ၊ စွဲလမ်းနှစ် သက်သူတွေကတော့ မော်ရင်ဟိုရဲ့ “ဘယ်လိုနိုင်နိုင် နိုင်ရင်ပြီးရော” နည်းဗျူဟာကို မနှစ်သက်ကြပါဘူး။ “ဘောလုံးရသပျက်တယ်” (ဖျက်တာကလွဲရင် ဘောလုံးရဲ့ အနှစ်သာရ ဘာမှရှာကြည့်လို့ မရဘူး၊ အဖျက်သမားသက်သက်ပုံစံနဲ့တော့ ဘောလုံးရဲ့ လှပညက်ညောတဲ့ စွဲမက်ဖွယ်ကစားဟန်တွေ ပျောက်ဆုံးကုန်တယ်။) စသဖြင့် စသဖြင့် ကဲ့ရဲ့သဂြိုလ်အပြစ်ဆိုကြတာရှိပါ တယ်။ ကဲ…အဲသလို လှပညက်ညောသွားတဲ့ စွဲမက်ဖွယ်ကစားဟန်တွေရှိတဲ့ ဘာစီလိုနာအသင်းတို့၊ ရီးရဲမက်ဒရစ်အသင်းတို့၊ အာ ဆင်နယ်အသင်းတို့ကကော..ဒီနှစ်ပြိုင်ပွဲကြီးမှာ ဗိုလ်လုပွဲအထိတက်လာနိုင်ကြပါသလား။ (သိကြတဲ့အတိုင်းလေ။ လက်ရှိချန်ပီယံ ဘာ စီလိုနာအသင်းတသင်းပဲ ဆီမီးအထိတက်လာနိုင်တာ မိတ်ဆွေတို့အမြင်ပဲလေ)

ကဲ…တဆက်တည်းပြောရရင် မော်ရင်ဟိုနဲ့ချန်ပ်ီယံလုခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြကြီး “ဗန်ဟား” ဆိုတာကရော နယ်နယ်ရရ ပုဂ္ဂိုလ်ထင်လို့လား။ ဗန်ဟားဟာ တချိန်က ဘာစီလိုနာအသင်းမှာ အောင်မြင်တဲ့ဆုဖလားများပိုင်ရှင် နည်းပြလုပ်ခဲ့တုန်းက အခုပြော နေတဲ့ မော်ရင်ဟိုဟာ ဗန်ဟားရဲ့ စကားပြန်။ ဘောလုံးသမား ကင်းထောက်အဖြစ်ပူးတွဲ တာဝန်ယူကြဘူးသတဲ့လေ။ ဒီလိုဆိုရင် ဒီက နေ့ ဘောလုံးလောကမှာ မော်ရင်ဟိုဟာမိမိကိုယ်ကို “စပါယ်ရှယ် ၀မ်း” ရယ်လို့ ဂုဏ်ယူပြောဆိုရလောက်အောင် ခံစစ်ထူးချွန်လွန်းသူ (၀ါ) ခံစစ်နည်းဗျူဟာဘုရင်လို့တင်စားမယ်ဆိုရင် သူရဲ့ဆရာဖြစ်ခဲ့ဘူးသူ ဗန်ဟားကိုရော ဘယ်လိုတင်စားကြမှာလဲ။ မော်ရင်ဟိုကိုသာ ဗိုလ်လုပွဲမှာ ရှုံးဘူးပြီး ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကွာတားဖိုင်နယ်မှာချန်ထားခဲ့သလို ခြေတက်နေတဲ့အိုလံပစ် လိုင်ယွန်အသင်းကို ဆီမီးဖိုင်နယ်မှာ ချန်ထားခဲ့တာဟာ ဗန်ဟားရဲ့ခံစစ်နဲ့ တိုက်စစ်ရောသမမွှေ နည်းဗျူဟာ ဘယ်လောက်ကောင်းခဲ့ တယ်ဆိုတာ သက်သေပြနေတာပါပဲ။ ဒီတော့ကာ ဗန်ဟားရဲ့ အောင်မြင်တဲ့ နည်းပြရာဇ၀င်မှာ မော်ရင်ဟိုဆိုတဲ့ တပည့်ဟောင်းတ ယောက်က “ဆရာ့ထက် တပည့်က ပိုပြီးလက်စောင်းထက်ကြောင်း” သက်သေကောင်းကောင်းပြသွားတာမို့ မော်ရင်ဟိုလို အနိုင်ရချင် ရင် အနိုင်ရနိုင်တဲ့ (၀ါ) အောင်ပွဲရနိုင်တဲ့ ခံစစ်နည်းဗျူဟာကောင်းကောင်းလိုအပ်နေပြီဖြစ်ကြောင်းကို လူးဝစ်ဗန်ဟားတဦးတည်းအနေ နဲ့သာမက ကျနော်တို့ရဲ့ ရှေ့မတိုး-နောက်ချည်းသာ ဆုတ်နေတဲ့ မြန်မာ့နိုင်ငံရေး အလားအလာအတွက်ပါ သင်္ခန်းစာရယူရမှာဖြစ်ပါ တယ်။ ကိုင်း…ပြိုင်ပွဲကစားနေစဉ်အတွင်း အင်တာမီလန်တသင်းလုံးကိုသာမက တဘက်ကပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်း ရဲ့အဓိ ကကစားသမားအချို့ရဲ့ ရင်ဘတ်ထဲအထိ မော်ရင်ဟိုဘယ်လိုဝင်ကစားခဲ့သလဲ။ မိမိအသင်းဘက်ကိုလည်း မော်ရင်ဟိုဟာ ဂိုးသမား ဆီဆာကနေတိုက်မှူးမီလီတိုအထိ လိုအပ်ရင်လိုအပ်သလို ခံစစ်တံတိုင်းမှာ ၀ိုင်းကူဖို့အသေအ ချာမှာကြားထားပုံရပါတယ်။ ဒါ့အပြင် နည်းပြကြီး ဗန်ဟားကထိုင်ရာမထ အိနြေ္ဒရရရှိနေစဉ်မှာ မော်ရင်ဟိုကကွင်းဘေးတလျှောက် မတ်တတ်ရပ်ပြီး ညွှန်ကြားတန်ညွန်ကြား။ ဘောလုံးကူကောက်ပေးရင်း မှာကြားတန်မှာကြားနဲ့ အလွန်စိတ်လှုပ်ရှားစွာ အလုပ်လုပ်နေပုံများကိုရော။ ဘိုင်ယန်အသင်းက အဓိက ဖန်တီးရှင်လည်းဖြစ်ပြီး တချိန်ကချဲလ်ဆီးအသင်းမှာ မိမိတပည့်ဟောင်းဖြစ်ခဲ့သူ “ရော်ဘင်” ကိုလည်း ဘောလုံးကူကောက်ပေးရင်း သူ့ ရဲ့မြင်ရခဲတဲ့ လှိုက်လှဲပျူငှာပြီး လျှို့ဝှက်နက်နဲတဲ့ အပြုံးတွေဝေစီခဲ့တာကိုပါ ပရိသတ်တွေက သတိထားကြည့်မိကြပါတယ်။ ဒါအပြင် ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး လုံးဝအောင်ပွဲရရှိသွားချိန် (ပွဲပြီးသွားချိန်) မှာ သူဟာ ဆရာဟောင်းဗန်ဟားဆီ အရောက်သွားပြီး ဂါရ၀သွားပြု တာ။ ပရိသတ်တွေတွေးထင်ထားသလို ခုန်ပေါက်အော်ဟစ်အောင်ပွဲခံခြင်း မပြုခဲ့တာ…စတာစတာတွေဟာ မော်ရင်ဟိုဆိုတာ အင်မ တန်ခန့်မှန်းရခက်ပြီး မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်လွန်းသူ တယောက်ဖြစ်မှန်း ကျနော်တို့မျက်ဝါးထင်ထင်တွေ့မြင်လိုက်ကြပါတယ်။ ဟုတ်ကဲ့ပါ…။ ကျနော်တို့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေဟာ နအဖစစ်အုပ်စုနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်နွှဲလာတာဟာ ၁၉၈၈ ခုနှစ်
က စရေတွက်ရင် ၂၂ နှစ်။ ဗိုလ်နေ၀င်း စစ်အုပ်စု စပြီးအာဏာသိမ်းတဲ့ ၁၉၆၂ စပြီးရေတွက်ရင် ၄၈ နှစ် ရှိခဲ့ပါပြီ။ စစ်အုပ်စုဆိုတာ စစ်အာဏာရှင်စနစ်။ သို့တည်းမဟုတ် နိုင်ငံရေးပါတီတွေဘာတွေဖွဲ့ပြီး တပါတီအာဏာရှင်စနစ်။ အမည်သညာခေါ်ကောင်းအောင် ကင်ပွန်းတပ်ထားတဲ့ စစ်အာဏာရှင်တွေသာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ Guidance Democracy (လမ်းညွန် ဒီမိုကရေစီစနစ်) ဖြစ်မှန်း သေသေချာချာသိခဲ့ကြပါပြီ။ ချီလီပြည်။ ပါကစ္စတန်ပြည်။ လစ်ဗျားပြည်။ အင်ဒိုနီးရှားပြည်။ နိုင်ဂျီးရီးယားပြည်။ ပါရာဂွေးပြည်။ အယ်လ် ဆာဗေဒိုပြည်။ အယ်လ်ဂျီးရီးယားပြည်။ ထိုင်းနိုင်ငံ တို့မှာသာမက တပိုင်းတစလမ်းညွှန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြတဲ့ တောင် ကိုရီးယား။ ဖိလစ်ပိုင်။ အီဂျစ်။ အစ္စရေး။ အာဂျင်တီးနား။ ဘင်္ဂလားဒေခ်ျစတဲ့နိုင်ငံတွေမှာလည်း ကျနော်တို့ ပြည်သူလူထု ခံစားခဲ့ရသ လို (၀ါ) မျက်မှောက်ကာလ ကျနော်တို့ပြည်သူလူထုခံစားနေကြဆဲ ရှိသလို အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ယထာဘူတ ကျကျ တွေ့ကြုံခံစားကြရပြီးဖြစ်ပါတယ်။ “ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား” မေးစရာမလိုသလို စစ်အုပ်ချုပ်ရေးပါဆိုမှ တော့( ကြမ်းကြုတ်။ ရက်စက်။ အကြမ်းဖက်။ လူမဆန်။ အရုပ်ဆိုးအကျည်းတန်။ အဓမ္မ၊) စသော ဝေါဟာရများဖြင့် မည်သည့်နည်းနဲ့ မှ ကင်းကွာမှာမဟုတ်ပါ။ ဒီဝေါဟာရတွေကိုပဲ စစ်အုပ်စုက ဆက်ကာဆက်ကာ ပြုလုပ်တာနဲ့ ကျနော်တို့ဘက်က ကန့်ကွက်ကြတာနဲ့ နှစ်ပေါင်းများစွာ စိန်ပြေးတမ်းကစားခဲ့ကြတာကို ပြန်လည်မြင်ယောင်ကြည့်ပါ။ ဆိုလိုတာက ရက်စက်မှုအပေါင်းသရဖူဆောင်းတဲ့ နအ ဖ စစ်အုပ်စုကို ကျနော်တို့ဘက်က အင်တာမီလန်နည်းပြ မော်ရင်ဟိုအနိုင်ယူပြခဲ့သလိုခံစစ်နည်းဗျူဟာကျကျပဲဖြစ်ဖြစ်။ တိုက်စစ်နည်း ဗျူဟာ အလှအပပဲဖြစ်ဖြစ်။ လူးဝစ်ဗန်ဟားရဲ့တိုက်စစ်နဲ့ ခံစစ်ရောသမမွှေ နည်းဗျူဟာပဲဖြစ်ဖြစ် မနိုင်နိုင်တဲ့နည်းနဲ့ နိုင်ငံရေးနဲ့ စစ်ရေး ကစားပြကြပါလို့ ကျနော်တို့လူထုက တောင်းဆိုနေကြပါပြီ။

**’ဒီမင်းဒီစိုး ဒီသူခိုးနဲ့
ဒီလူဒီခေတ် ဒီစနစ်ကို
မဖြစ်ဖြစ်အောင်အတင်းပြောင်းပါမှ
အားလုံးကောင်းသွားမှာမို့လို့
ကျနော်တို့အားလုံး အတူပြောင်းကြရအောင်လား……………………………………………………………………………………………………..။
ကိုင်း…………………………………မော်ရင်ဟိုလို စစ်အုပ်စုကို အနိုင်ယူကြရအောင်လား………………………………………………………..။

**ခံစားတင်ပြသူ-သောင်ရင်းနဂါး (မြန်မာပြည်သား)

**(ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရလဒ်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)