ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 23, 2010

“ ပြုပြင်ပြောင်းလဲကြဘို့သင့်လေပြီ ”

> **(မောင်ချင့်ချိန်)**
ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ် ။ တချို့ကနှစ်ခြောက်ဆယ်ကျော် ၊ တချို့က နှစ်လေးဆယ်ကျော် ၊ တချို့ကနှစ်,နှစ်ဆယ်ကျော်နဲ့ နိုင်ငံရေးပါတီတွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေ စတဲ့အဖွဲ့မျိုးစုံမှာ ဗမာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းတလျှောက် ကိုယ်စီအတွေ့အကြုံများစွာ ရရှိဖြတ်သန်းခဲ့ ကြပါတယ် ။
အကျဉ်းထောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ တောတောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ ဒုက္ခသည်စခန်းရောက်သွားကြတာတွေရှိတယ် ၊ နိုင်ငံတကာမှာရောက်နေသူတွေရှိတယ် ၊ ဘ၀မျိုး စုံမှာ ကျင်လည်နေရသူတွေရှိတယ် ၊ ပြည်တွင်းမှာရပ်တည်နေရသူတွေရှိတယ် ၊ ကျဆုံးသွားသူ တွေရှိတယ် ၊ ရောဂါမျိုးစုံနဲ့သေဆုံးသွားသူတွေရှိတယ် ၊ ဘ၀ပျက်သွားသူတွေရှိတယ် ၊ သစ္စာ ဖေါက်သွားသူတွေရှိတယ် ၊ ဘေးထွက်ထိုင်သွားသူတွေရှိတယ် ၊ လူမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ။
အားလုံးဟာ အဖွဲ့အစည်းတွေဘယ်လိုကွဲပစေ ၊ ဖြတ်သန်းမှုပုံစံဘယ်လိုခြားနားပစေ ၊ တူညီခဲ့တာတွေ ရှိပါတယ် ၊ ခေတ်အဆက်ဆက် အာဏာရှင်တွေဘယ်သူပဲဘယ်လိုပုံစံနဲ့တက်လာတက်လာ ဆန့်ကျင် ခဲ့ကြတာတူတယ် ၊
ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဆိုရင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ NLD ကိုဝန်းရံကြရေးဆိုတာတူတယ် ၊ အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာတူတယ် ၊ လက်နက်ကိုင်အဖွဲ့စည်းဆိုတာတွေအားလုံးကတောင် သေနတ်တွေကိုင်ထားရက်နဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ဆိုပြီး အားလုံးနဲ့ထပ်တူ ( ခုချိန်ထိ) ကြွေးကြော်နေတုံးပဲဖြစ်တယ် ။
ဒီနေ့ ကျွန်တော်တို့အင်အားစုအားလုံးရဲ့အခြေအနေကိုသေချာပြန်လေ့လာကြည့်ရင် တယောက်နဲ့ တယောက် ၊ တဖွဲ့နဲ့တဖွဲ့ မခေါ်နိုင်မပြောနိုင်တွေဖြစ် ၊ အယုံကြည်လဲမရှိကြ ၊ အမျိုးသမီးရေး ၊ ကလေး သူငယ်အရေး၊ အလုပ်သမားအရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုစောင့်ရှောက်ရေး စသဖြင့်ခေါင်းစဉ်တွေအမျိုးမျိုးပြ ၊ တော်လှန်ရေးကိုသွေဖီပြီး ကိုယ်ကျိုးစီးပွားရှာသူတွေဖြစ်ကုန်ကြ ၊ အရက်သမားတွေဖြစ်ကြ ၊ အကျိုးစီးပွားတူရင်ခဏတဖြုတ်ညီညွတ်လိုက်ကြနဲ့ ဘုံရန်သူစစ်အာဏာ ရှင်ကို တွန်းလှန်နိုင်စွမ်းမရှိဖယိုဖရဲဖြစ်နေတာတွေ့ရပါတယ် ။ ဒါ အရှိတရားပါ ။
စစ်အာဏာရှင်တွေကတော့ တနေ့ထက်တနေ့ သူ့အာဏာကို ခိုင်ခိုင်မာမာတည်ဆောက်လာနိုင်နေ တာကို တွေ့ရပါတယ် ၊ ၂၀၀ရ စက်တင်ဘာမှာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်တာတောင် ဘာမှမတုန့်ပြန်နိုင်အောင် ပြည်သူကိုဦးချိုးထားနိုင်တာ ၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးတက်ကြွသူ တွေကို ပုဒ်မအမျိုးမျိုးတပ်ထောင်ထဲထည့်ထားတာ ၊ ၂၀၀၈ မေမှာ ဖွဲ့စည်းပုံဆန္ဒခံယူပွဲဆိုတာကို စိတ်ကြိုက်လုပ်သွားတာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထောင်ချတာ ၊ စစ်ဗိုလ်ချုပ်တွေ ယူနီဖေါင်းချွတ်ြပီး နိုင်ငံတကာကိုသံတမန်မပျက်ဆက်ဆံနေတာ ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို အပေါ်စီး ကနေ နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာ ၊NLD ကို တဖြည်းဖြည်းမှေးမှိန်အောင်လုပ်ပြီး ၁၉၉၀ ရွေးကောက် ပွဲကို အစဖြောက် ၂၀၁၀ ရွေးကောက်ပွဲလုပ်မှာ ၊ ကြံ့ဖွတ်ကို ဗြောင်ကျကျပါတီထောင်ပြတာ တွေဟာ သူ့အာဏာကိုသူ ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်နေတယ်ဆိုတာ တွေ့ရမှာပါ ။
စစ်အာဏာရှင်တွေက ပြည်သူကိုမတရားအနိုင်ကျင့်ဖိနှပ်ပြီး အာဏာကိုတည်ဆောက်နေသူတွေ ဖြစ် ပါလျက် ၊ ကျွန်တော်တို့ကပြည်သူလူထုအတွက် အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေသူတွေဖြစ် ကြပါလျက် ၊ ဘာကြောင့် ကျွန်တော်တို့ကတစစယိုယွင်းနေပြီး အာဏာရှင်တွေက ခိုင်မာနေရတာလဲ။
စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် ( ပြည်သူကြားမှာမှန်မှန်မမှန်မှန် ) သူတို့ အတွက်သူတို့မှန်တယ်ထင်တာ အကုန်လုပ်တယ် ၊ သူတို့သံသယရှိသူတယောက်ကိုဖမ်းနိုင်ဘို့ လူရာထောင်ချီဖမ်းရမလားဖမ်းတယ် ၊ မိန်းမ ၊ ကလေး ၊ ကျောင်းသား ၊ ရောဂါသည် ၊ ရဟန်းသံဃာ မရွေး ဖမ်းစရာရှိဖမ်း ၊ သတ်စရာရှိသတ် အကုန်လုပ်တယ် ၊ ဘယ်သူမှအာမခံရဲအောင် ရက်ရက် စက်စက် နှိပ်ကွတ်ဦးချိုးတယ် ၊ ဘ၀တွေဖျက်ပြစ်တယ် ၊ ရှေ့တန်းဧရိယာမှာ ရွာရှိရင် သူပုန်အတွက်ရိက္ခာရှိမယ်ဆိုပြီး ရွာလုံးကြွတ်သတ်တယ် ၊ မီးရှို့တယ် ၊ ရွာပြန်မတည်နိုင်အောင် စိုက်ခင်းကအစ ဖျက်ဆီးတယ် ၊ သူ့အုပ်စုကလွဲရင် ရန်သူဖြစ်နိုင်တယ်ဆိုတဲ့ သံသယအကြည့်နဲ့ပဲ ကြည့်တယ် ၊ အရာရာကို စစ်ရေးအမြင်နဲ့ပဲဆုံးဖြတ်တယ် ၊ လမ်းတွေဖေါက် တံတားတွေဆောက် ၊ လစာတွေတိုးပေးပြီး မြှူဆွယ်တာမျိုးလဲလုပ်သလို ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးပြီး မက်လုံးပေး စည်းရုံးတာမျိုးလဲလုပ်တယ် ၊ လုပ်အားပေးခိုင်းတာမျိုး ၊ ပေါ်တာဆွဲတာမျိုးနဲ့ မတရားခိုင်း တာမျိုးတွေလဲလုပ်တယ် ၊ လိမ်စရာရှိရင် ဘယ်သူယုံယုံမယုံယုံ ဗြောင်လိမ်တယ် ၊ သူတို့အနိုင်ရဘို့နဲ့ အနိုင်ကိုထိမ်းထားနိုင်ဘို့ ဘာမဆို ဘယ်လိုမဆို ပြတ်ပြတ်သားသား အကုန်လုပ်တယ် ။
ကျွန်တော်တို့တွေက မပြတ်သားကြဘူး ၊ အတွေးအခေါ်အရမပြတ်သားကြသလို လုပ်ရပ်တွေလဲ မပြတ်သားကြဘူး ၊ ပြီးတော့ တရားသေဆုတ်ကိုင်ကြတယ် ၊ အချိန်ကာလနဲ့အခြေအနေအရ ပြောင်းလဲဘို့လိုမလားလို့ ဖေါက်စဉ်းစားတာမျိုး မလုပ်ခဲ့ကြဘူး ၊ ခုဏပြောခဲ့သလို လက်နက်တွေကိုင် ထားတဲ့အဖွဲ့စည်းတွေကအစ အကြမ်းမဖက်ရေးဆိုတာမျိုးပဲစဉ်းစားတယ် ၊ တကယ်တမ်းက ဝေါဟာရ တွေသာပါ ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်းကခွဲမရဘူးဆိုတာ စစ်ကိုနားလည်တဲ့ သူတိုင်းသိပါတယ် ၊ စစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲ သဘောတရားတွေနဲ့ပဲဖက်တွယ်နေသူတွေ (တနည်းအားဖြင့် ကိုယ်တိုင်စစ်တိုက်ဘို့တွန့်ဆုတ်နေသူတွေ) ရဲ့ဆင်ခြေတွေမှာ လက်နက်ကိုင်တော် လှန်ရေးနဲ့ အကြမ်းဖက်မှုကွဲလွဲချက်ဆိုပြီး စည်းပါးပါးလေးချပြတာတွေ့ရတယ် ၊ အဲဒီမှာ ကျွန်တော်တို့ ဘက်ရဲ့မဟာအမှားကြီးစခဲ့တာပဲ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ပြည်သူအများစု လက်နက်ကိုင်လမ်းစဉ်အပေါ်အမြင် အားကောင်းလာခဲ့ပြီး ၊ လက်နက်ကိုင်တော်လှန်ရေးဒီရေ မြင့် တက်ခဲ့တာ အားလုံးအသိပါ ၊ ခုလောက်တောင်နိုင်ငံတကာရောက်နေတဲ့ ရဲဘော်တွေမရှိသလို ခုလောက်လဲ နိုင်ငံတကာအထောက်ပံ့မရခဲ့ပါဘူး ၊ တိုင်းရင်းသားတွေကြား ရောက်ရာကျရာမှာ ဖြစ်သလိုရှာဖွေရပ်တည်ရင်း မော်ဖိုးကေ ၊ မဲသဝေါ ၊ ၀မ်ခ ၊ မာနယ်ပလော စစ်ပွဲကြီးတွေ ဆင်နွှဲနိုင်ခဲ့တာပါ ။ အခု ဘာကြောင့်လက်နက်ကိုင်တော်လှန်ရေး အရောင်ပြန်မှိန်နေရတာလဲ ၊ ပြောပြီးခဲ့သလို စစ်ကို စစ်နဲ့တူအောင်မတိုက်ခဲ့ကြလို့ပါ ၊ တချို့အဖွဲ့စည်းတွေမှာ ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေက ကိုယ်တိုင်လဲစစ်မတိုက် ၊ ရဲဘော်တွေကိုလဲ စစ်စွမ်းရည်မြှင့်သင်တန်းတွေ မပေးပဲ လက်နက်ကိုင်လမ်းစဉ်ကိုသွေဖီတဲ့ နိုင်ငံရေးသဘောတရားရေးရာသင်တန်းတွေ ၊ မီဒီယာ သင်တန်းတွေ ဘက်ကို ဦးလှည့်ခဲ့ပါတယ် ။ မူလထဲက လက်နက်ကိုင်လမ်းစဉ်မှာ အသားကျနေပြီးတဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေကလွဲရင် ရှစ်လေးလုံးနောက်ပိုင်းမှပေါ်လာခဲ့တဲ့ လက်နက်ကိုင်အဖွဲ့စည်း တွေဟာ (ဘာအဖွဲ့ပါဆိုတဲ့နာမည်ကလွဲရင်) တဖွဲ့မှ မကျန်တော့သလောက်ကို ပျက်စီးခဲ့တော့တာပါပဲ။
လက်နက်ကိုင်အင်အားစုက စစ်ရေးအရ ရန်သူနဲ့တန်းတူမရပ်တည်နိုင်ရင် နိုင်ငံရေးမှာပါအလိုလို အားနည်းလာတာပါပဲ ၊ ဒီနေ့ စစ်အာဏာရှင်ကထင်တိုင်းကြဲနေနိုင်တာ အဲဒီအခြေခံအချက်ကြောင့်ပဲ။
ပြည်သူ့ဘ၀တွေက စုတ်ပြတ်သတ်နေပြီ ၊ ကျွန်တော်တို့ ဇတ်မျောမှာ ဒီတိုင်းဆက်သွားနေဘို့ မသင့် တော့ဘူး ၊ ကျွန်တော်တို့ အားလုံးပြုပြင်ပြောင်းလဲကြဘို့သင့်နေပါပြီ ။
(၁)ငါ့ဘို့ ၊ ငါ့မိသားစုဘို့ ၊ ငါ့အုပ်စုဘို့ ဆိုတာမျိုး ကိုယ်ကျိုးတပ်မက်စိတ်တွေ ပြန်ဖျောက်နိုင်အောင် ကြိုးစားကြပြီး တော်လှန်ရေးအတွက် ဘာမဆိုစွန့်လွှတ်တိုက်ပွဲဝင်ဘို့ စိတ်ဓါတ်တွေပြောင်းလဲရပါမယ်။ (၂)တစ်ယောက်ကိုတစ်ယောက် ၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မယုံမကြည်ဖြစ်နေပြီး စစ်မှန်တဲ့တပ်ပေါင်းစု မဖွဲ့နိုင်ခဲ့တဲ့ အခြေအနေတွေကိုပြန်ပြင်ရပါမယ် ၊ နီးစပ်ရာလူနဲ့ ဖွဲ့ချင်သလိုဖွဲ့ထားတဲ့ တပ်ပေါင်းစုများစွာ ကို (လုံးဝ) ပြန်ဖျက်ပြစ်ပြီး တစ်ခုတည်းသော တပ်ပေါင်းစုကိုဖွဲ့ရပါမယ် ၊ မည်သူကမနှစ်သက် သည် ဖြစ်စေ အများသဘောတူ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်များ ရွေးချယ်ရပါမယ် ။ (မင်းသားကြီး မလုပ်ရ၍ ပတ်မထိုးဖေါက်လိုသူများ ၊ အဖွဲ့များရှိပါက တခါတည်း ပြတ်ပြတ်သားသားရှင်းရမည် )။
(၃)လူထုအုံကြွမှုများဖေါ်ဆောင်ရေး နိုင်ငံရေးလမ်းစဉ်နှင့် စစ်ကိုစစ်နှင့်တူအောင်တိုက်ရေး လက်နက် ကိုင်လမ်းစဉ်များကို ပြတ်ပြတ်သားသားချမှတ် လက်တွေ့ဖေါ်ဆောင်ကြရပါမယ် ၊ စစ်အာဏာရှင်နဲ့ ရင်ဆိုင်ရမှုအခြေနေပေါ်ကနေ လိုအပ်သလို ကြမ်းတာ နုတာတွေလုပ်ရပါမယ် ။
(၄)စံထားရလောက်တဲ့ တပ်ပေါင်းစုမရှိခဲ့တာကြောင့်နဲ့ ၊ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ပြည်သူ့ဆန္ဒရှင် ဆိုတာကြောင့် NLD ကိုတပ်ဦးထားခဲ့ကြတာဖြစ်တယ် ၊ ဒေါ်စု နဲ့ NLD ရဲ့ နိုင်ငံရေးဖြစ်တည်မှုကို စောင့်ရင်း တိုက်ပွဲအဟုန်လျော့စေခဲ့တာ ၊ တကယ်လုပ်ရမှာတွေ မလုပ်ဖြစ်ခဲ့တာတွေ ပြင်ရပါမယ် ၊ NLDဟာ မှတ်ပုံမတင်ဘူးဆိုတဲ့ (မတ်လ ၂၉ ရက်နေ့က)ဆုံးဖြတ် ချက်မှန်ခဲ့ပေမဲ့ ၊ လူမှုရေးလုပ်ငန်း တွေဆက်လုပ်မယ်ဆိုတဲ့ လမ်းအမှားဘက်ကို ဦးတည်နေပြန်ပြီဖြစ်ပါတယ် ၊ ကျွန်တော်တို့အားလုံးရဲ့ တော်လှန်ရေး အနိမ့်ဖြစ်ခဲ့ရတဲ့အခြေအနေဟာ အဲဒီလို လူမှုရေးလုပ်ငန်းတွေ ၊ သာရေးနာရေးတွေ ဘက်ကို ဦးလှည့်ခဲ့ကြပြီး အချင်းချင်းစမန်ခုတ်မှုတွေ ဖြစ်လာစေခဲ့တာကြောင့် ဖြစ်တယ် ၊ ပြတ်သားတဲ့ နိုင်ငံရေးလမ်းကြောင်းမရှိရင် NLD ကိုဝန်းရံဘို့ဆိုတာ အလကားဖြစ်သွားပါမယ် ၊ NLD ကို တိုက်ပွဲ လမ်းကြောင်းပေါ် ကိုယ်တိုင်တိုက်ပွဲဝင်ပြတဲ့နည်းနဲ့ တွန်းတင်တည့်မတ်ပေးရပါမယ် ။
(၅)အဓိက ကတော့ ပြည်သူတွေကကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေကိုမယုံတာ၊ မလေးစား အထင်မကြီးတာမျိုးဖြစ်နေတာတွေကို ပြင်ရပါမယ် ၊ ပြည်သူတွေက စစ်အစိုးရဒါဏ်ကို အလူးအလဲ ခံနေရလျက်သားနဲ့ အုံကြွတိုက်ပွဲဝင်ဘို့မ၀ံ့သေးတာဟာ ယုံကြည်အားကိုးရလောက်တဲ့ ဦးဆောင်အဖွဲ့ မရှိသေးလို့ဖြစ်ပါတယ် ၊ ရှစ်လေးလုံးမှာ ပြည်သူတွေ တတိုင်းတပြည်လုံးပါဝင်ခဲ့တာဟာ ကျောင်းသား တွေ အသေခံဦးဆောင်ခဲ့ကြလို့ပါ ၊ ပြည်သူတွေအထင်သေးစေမဲ့ အနေထိုင်အပြုမူတွေကိုပြင်ပြီး ထိထိ ရောက်ရောက်တိုက်ပွဲကို ဦးဆောင်ပြကြရပါမယ် ။
စစ်အာဏာရှင်တွေကတော့ ဘက်စုံပြုပြင်ပြောင်းလဲတယ် ၊ အချင်းချင်းညီညီညွတ်ညွတ်နဲ့ အရပ်ဝတ် လဲသူလဲတယ် ၊ စိတ်ထဲမပါသည့်တိုင်တောင် ဟန်ဆောင်ညီညွတ်ပြကြတယ် ၊ ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်ပြောင်တင်းတင်းပြောင်းတယ် ၊ ရွေးကောက်ပွဲကို ဘယ်သူဘယ်နိုင်ငံကမှ လေ့လာစောင့်ကြည့် စရာမလိုဘူးလို့ ခပ်တင်းတင်းပြောတယ် ၊ ကိုယ်ကျင့်သိက္ခာမဲ့သူတွေတောင် သူတို့အောင်မြင်မှု အတွက် သူတို့ညီညွတ်ရေးကိုတည်ဆောက်လို့ရရင် ကျွန်တော်တို့က မပြုပြင်နိုင်ကြဘူးလား ၊ ဒီအ ချက်လေးလောက်တောင်သူတို့ကိုမယှဉ်နိုင်ရင်တော့ နောင်နှစ်ပေါင်းများစွာစစ်ကျွန်ခံရပေလိမ့်မယ်။

**(မောင်ချင့်ချိန်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)