ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်မွန်မြို့ နယ် လံမကင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနောက်ဖက်ရှိ ချောင်းထဲတွင်အသက် ၉နှစ်အရွယ် မြန်မာအလုပ်သမားကလေးအလောင်းအားတွေ့ ရှိခဲ့ကြောင်းသိရသည်။ပန်းရံအလုပ်သမား ဖခင်ဦးတင်စိန်နှင့် ဒေါ်မိမိ တို့ ၏သမီးထွေး အသက် ၉နှစ်အရွယ် မသန်းလှိုင်ထွေး မှာပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ ကတည်းကပျောက်ဆုံးသွားခဲ့ရာ ၂ ရက် အကြာ မေလ၁၄ ရက်နေ့ နံနက်ပိုင်းက ဘုန်းကြီးကျောင်းနောက်ဘက်ရှိ ချောင်းငယ်ထဲတွင်အလောင်းကိုရှာဖွေ တွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။
ဖခင်ဖြစ်သူ ဦးတင်စိန်က“ ကျနော့်သမီးလေးကအခန်းမှာအိပ်နေခဲ့ပါတယ်။ နေ့ လည်ကျတော့ အလုပ်နား
ချိန်ဆိုရင် သူ့ အမေအလုပ်လုပ်တဲ့ နေရာကိုရောက်လာလေ့ရှိပါတယ်။ အဲဒီနေ့ ကရောက်မလာဘူး၊ ကျနော်
တို့ ကအိပ်နေလို့ မလာဘူးထင်နေတာ။ညနေအလုပ်ပြီးတော့လည်းမတွေ့ ဘူး။လူတွေနဲ့ ဝိုင်းရှာကြတယ်။ သမီး
လေးတစ်ခုခုဖြစ်ပြီးဆိုတာ ကျနော်သိလိုက်ပြီ။ ကျနော့်မှာ ဘယ်သူနဲ့ မှ ရန်ုငြိုးရန်စလည်းမရှိဘူး၊ ကျနော်တို့ 
အလုပ်သမားတွေနေတဲ့ တန်းလျားက နေပြီးတော့ အလုပ်ကိုလာရင် ဘုန်းကြီးကျောင်းမရောက်ခင် ဈေးဆိုင်
ကလေးတစ်ဆိုင်ကိုဖြတ်လာရတယ်။ကလေးခိုးတယ်ဘာညာဆိုပြီးတော့များရိုက်သတ်လိုက်လားတော့မသိဘူး၊
ထင်တာပေါ့နှော်၊အတိအကျတော့မသိဘူး”ဟုပြောသည်။
အလုပ်သမားတန်းလျားမှာ ဘုန်းကြီးကျောင်းအနီးတွင်ရှိပြီး အလုပ်သမားများမျာ ဘုန်းတော်ကြီးကျောင်းဝင်း
အတွင်းအလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
အဆိုပါသေမှုသေခင်ကြောင့်ဒေသတွင်းမြန်မာအလုပ်သမားများမှာအထူးစိတ်မကောင်းဖြစ်နေကြရသဖြင့်
ဒေသအခြေစိုက်အင်ဂျီအိုအဖွဲ့ များးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြသည်။
ကူညီဆောင်ရွက်ပေးသူတစ်ဦးဖြစ်သည့် မြန်မာအလုပ်သမားကိုယဉ်ထွေးက“ ကလေးခေါင်းမှာ ဒဏ်ရာတွေနဲ့ နောက်စေ့ပွင့်နေပါတယ်။ပြီးတော့ ဘယ်ဘက်နားရွက်တစ်
ဖက်လည်းပြတ်နေတယ်။လည်ပင်းမှာလည်းညိုမည်းနေတယ်။လည်ပင်းကိုအညှစ်ခံရတဲ့သဘောထင်တယ်။
အလောင်းကိုဆေးရုံးကိုယူမလို့ ပြင်ဆင်နေကြပါတယ်။ နက်ဖြန်မှ သဂြိုဟ်ဖြစ်ပါမယ်”ဟုပြောသည်။
အစပိုင်းတွင် မိဘများနှုင့်ပန်းရံအလုပ်သမားများက ယနေ့ တွင်သဂြိုဟ်ရန်စီစဉ်ခဲ့ကြသော်လည်းဒေသအခြေ
စိုက်အင်ဂျီအိုအဖွဲ့ များလာရောက်ကြည့်ရှု့ ရာမှ သေမှုသေခင်းဖြစ်ခြင်းကြောင့် ဆေးရုံတွင် ဆေးစစ်ချက်ယူ
သင့်ကြောင်းသိရှိကြသဖြင့် ယခု ထိုင်းမွန်းဆေး၇ုံတွင် ကလေးအလောင်းအား စစ်ဆေးနေကြသည်။
ဖန်ငအခြေစိုက် အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန GHRE မှ ပ ညာ ရေးတာဝန်ခံဦးမင်းသိန်းကျော်
က“ ကျနော်တို့ ကျောင်းက ကလေးပါ။ ပထမတန်းအောင်လို့ ဒုတိယတန်းကိုတက်မယ့်ကလေးပါ။ ကျနော်
တို့ ပညာရေးဌာနကကျနော့်တို့ သားသမီးတွေပါ၊စိတ်မကောင်းဘူး။ ဒီကလေးက ယောက်ျားလေးလို နေတတ်
တယ်။တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တဲ့အကျင့်ရှိတယ်။ ဘာမှအပြစ်မရှိတဲ့ကလေးလေးတွေပါ
ဗျာ”ဟုပြောသည်။
ပန်းရံအလုပ်သမား ဦးတင်စိန်နှင့် ဒေါ်မိမိတို့ တွင် သားသမီး ခုနစ်ဦးရှိသည့်အနက် ယခု သေဆုံးသည့်
မသန်းလှိုင်ထွေး မှာ အထွေးဆုံးသမီးဖြစ်သည်။ ကလေးမှာထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည့်မိဘ
များထံသို့ ရောက်ရှိလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ဖခင်ဖြစ်သူကပြောပြသည်။
သတင်း- ကိုကျော်သောင်း(ဘန်ကောက်)
**(မေ ၁၄၊၂၀၁၀)**

No comments:
Post a Comment