ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 14, 2010

ပြန်လာစေချင်သည်

> **Written by သန်းထွဋ်အောင် **
(၁)
မေလ ၅ ရက်နေ့က မမျှော်လင့်ဘဲ ဆေးရုံတစ်ရက်တက်လိုက်ရပါတယ်။ ရင်ဘတ်ရုတ်တရက်အောင့်လာလို့ ဆရာဝန်က စိတ်ချရအောင် ဆေးရုံမှာ ခဏနေပါဆိုလို့ နေရတာပါ။ အဲဒီဆေးရုံတစ်ညမှာ သေခြင်းတရားကို ဆင်ခြင်ကြည့်မိတယ်။ ကျွန်တော့်အသက် ၄၇ နှစ်ပြည့်ခါနီးပြီ။ အခုလည်း သေနိုင်တယ်။ နောက်ထပ်နေရလှ အခုအသက်ရဲ့ တစ်ဝက်ဆိုရင်လည်း ကံကောင်းလှပြီ။ပြီးတော့ ကျွန်တော်လက်ရှိအခြေအနေကို နှလုံးသွင်းဆင်ခြင်မိပါတယ်။ ကျွန်တော်ရဲ့ လက်ရှိဘ၀အ ခြေအနေက ရောင့်ရဲတင်းတိမ်ကျေနပ်စရာပါပဲ (လောကီ၊ လောကုတ္တရာ)။ လွန်ခဲ့တဲ့နှစ် ၃၀၊ နှစ် ၂၀ က ရည်မှန်းခဲ့တာတွေနဲ့ နှိုင်းရင် တင်းတိမ်ကျေနပ်သင့်ပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ ကျွန်တော့်ရဲ့ နိုင်ငံနဲ့လူမျိုးအတွက် ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်စဉ်းစားမိတဲ့အခါ ကျွန်တော်မသေချင်သေးဘူး။ ကျွန်တော်မက်ခဲ့တဲ့အိပ်မက်တွေ အပြင်ဘ၀မှာ မြင်ခဲ့ချင်သေးတယ်။ ကျွန်တော့်အတွက်ထက် နောက်မျိုးဆက်တွေ အိပ်မက်လှလှမက်နိုင်ဖို့အတွက် ကျွန်တော်လုပ်နိုင်သမျှ လုပ်ခဲ့ချင်ပါသေးတယ်။
(၂)
ကျွန်တော်နဲ့ကျောင်းမှာ အခင်ဆုံးဆိုတဲ့ သူငယ်ချင်းအတော်များများက ဒီနိုင်ငံမှာ မရှိကြပါဘူး။ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကတည်းက ရေကြည်ရာမြက်နုရာ၊ ဘ၀ရဲ့ရည်မှန်းချက်တွေ၊ ခံစားမှုတွေနဲ့ နိုင်ငံရပ်ခြားမှာ ရောက်နေကြတာပါ။ အစပိုင်းမှာ တော့ ကျွန်တော်တို့တစ်တွေ အသက်ကြီးလို့ အနားယူခါနီးရင်၊ သားသမီး တွေကြီးရင်၊ ဒါမှမဟုတ် ၅၀ ကျော်ရင် ပြန်ပြီးအခြေချကြဖို့၊ ဆုံကြဖို့ စကားတွေရှိပါတယ်။ အခုနှစ်နှစ်၊ သုံးနှစ်အတွင်း သူတို့နေတဲ့ ပထမကမ္ဘာကနေ တတိယကမ္ဘာကို ခဏ အလည်လာကြတဲ့အခါ ကျွန်တော်တို့ အရင်ပြောဖူးတဲ့စကားကို ပြန်မေးဖို့ ကျွန်တော်တွန့်ဆုတ်နေမိတဲ့အထိ သူတို့အဖြေတွေကို မျက်ဝန်းမှာမြင်နေရပါတယ်။ သူတို့တွေရဲ့ ၇၀၊ ၈၀ ကျော် မိအိုဖအိုတွေအတွက် စိတ်မဖြောင့်တောင်မှ ပြန်မလာတော့ဘူး။ သူတို့ရဲ့ မိသားစုဘ၀တွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ တချို့ မိဘတွေဆိုရင် သူတို့သားသမီးတွေဆီလည်း လိုက်မနေနိုင်၊ ဒီမှာလည်း သားသမီးတွေတစ်ဦးမှမရှိတော့။ သူတို့သားသမီး၊ မြေးမြစ်တွေရဲ့ ပစ္စပ္ပုန်၊ အနာဂတ်တွေ လှပနေတယ်ဆိုတာ မှန်းဆမြင်ယောင်မှုနဲ့ ဘ၀ကို အသက်ဆက်နေကြတယ်။ သူတို့ရဲ့ အတိတ်၊ ပစ္စပ္ပုန်ကို ကျေနပ်နေကြရတယ်။
________________________________________
သူတို့ပြန်လာနိုင်မယ့် အခြေအနေမျိုး၊ ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ရဲ့အောက်မှာ အနာဂတ်အတွက် မျှော်လင့်ချက်အိပ်မက်တွေကို လွတ်လွတ်လပ်လပ်မက်လို့ရတဲ့ အခြေအနေတွေ၊ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းလာခဲ့ရင်...

(၃)
ပြီးခဲ့တဲ့သင်္ကြန်တုန်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းကို နှစ်ပတ်လောက် ခရီးထွက်ပါတယ်။ ဒီတစ်ခေါက် နေရာစုံတော်တော်များများ ရောက်ခဲ့တယ်။ အရင်ကလည်း ရောက်ဖူးနေကျဖြစ်ပေမဲ့ ဒီတစ်ခေါက် ပိုအံ့သြစရာဖြစ်လာတာက ရောက်တဲ့ နေရာတိုင်းမှာ မြန်မာလူငယ်လူရွယ်လေးတွေ အများကြီးတွေ့ရတာပါပဲ။ အထူးသဖြင့် စားသောက်ဆိုင်လို နေရာမျိုးမှာပါ။ မြို့ကြီးပြကြီးနေရာမှာ သာမက မြို့ငယ်လေးတွေမှာလည်း မြန်မာတွေကို တွေ့ရတော့ မြန်မာတွေ ပိုပိုများလာတာပါပဲ။ စင်ကာပူမှာတော့ မြန်မာစကားသံမကြားရတဲ့ နေရာမရှိသလောက်ပါပဲ။ တချို့က မြန်မာအချင်းချင်း ၀မ်းပန်းတသာ နှုတ်ဆက်ကြသလို၊ တချို့က မ၀ံ့မရဲပါပဲ။ ညှိုးငယ်တဲ့မျက်ဝန်း၊ မ၀ံ့မရဲတဲ့ ဟန်အမူအယာ ဒီလိုတွေမြင်ရတာ များရပါတယ်။ ကိုယ့်နိုင်ငံမှာမှ မဟုတ်ဘဲကိုး။ ဟိုချင်းမိုင်မြို့က အရမ်းဝေးတဲ့ National Park လို နေရာမျိုးမှာတောင် မြန်မာကရင်တွေ အများကြီးတွေ့ရတော့ တို့တိုင်းပြည်မှာတောင် လူကျန်သေးရဲ့လား ထင်မှတ်မှားတဲ့အထိပါပဲ။ ပြေလည်ပြီး အဆင့်မြင့်မားတဲ့ နေထိုင်မှု အဆင့်အတန်းမှီတဲ့လူအချို့ တွေ့ရပေမဲ့ အများစုကတော့ ရုန်းကန်နေကြတာ တွေ့ရပါတယ်။ 3Ds ဆိုတဲ့ သူများမလုပ်ချင်တဲ့ အလုပ်တွေကို အရင်က ဂျပန်လိုနိုင်ငံမျိုးမှာပဲ လုပ်ရတာဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အရှေ့တောင်အာရှနဲ့ အရှေ့ အလယ်ပိုင်းမှာ မြန်မာတွေများများ လုပ်လာနေတာပါပဲ။ အရင်တုန်းက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်တို့ နေရာမှာ မြန်မာတွေ အစားထိုးလာနေတဲ့ပုံပါပဲ။
အရင်တုန်းက လူငယ်တွေ နိုင်ငံခြားထွက်ရင် ကျွန်တော်အားမပေးပါဘူး။ (ပညာရေးနဲ့ကလွဲရင်ပေါ့) အခုတော့ ကျွန်တော်တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ တချို့က မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတစ်စုလုံးရဲ့ စားဝတ်နေရေးအတွက် တစ်ကိုယ် တော် အနစ်နာခံအလုပ်လုပ်ရတာ ရှိသလို၊ တချို့က အနာဂတ်တွေ ရှင်သန်ဖို့ ပညာရှာရင်းနဲ့ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။

ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုး၊ ကျွန်တော့်လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တွေကို လက်တွေ့မြင်ချင်သေးတယ်။မြန်မာတစ်နိုင်ငံလုံးမှာ ဝေစည်မယ့် မိသားစုစုံညီထမင်းဝိုင်းတွေကို မြင်ယောင်ချင်သေးတယ် . . .

ဒီနေရာမှာ ကျွန်တော်တို့ လူငယ်ဘ၀က အနာဂတ်နဲ့ပတ်သက်ပြီး အဖြေရှာမရတဲ့အခါ ဖြစ်ရတဲ့ခံစားမှုမျိုး လူငယ်အများစုဟာ ထွက်ပေါက်ရှာပြီး နိုင်ငံခြားထွက်လာကြတာလားလို့ တွေးမိတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ဖြစ်ချင်တဲ့ ၀န်းကျင်၊ အနာဂတ်တွေ မရှိဘူး၊ ရှိမလာနိုင်ဘူးလို့ ယူဆမိနေကြသလားလို့ တွေးမိပါတယ်။ သူတို့မှန်ပါတယ်။ ၀မ်းနည်းစရာပါပဲ။

(၄)
နိုင်ငံခြားကို ထွက်သွားမှ မိသားစုတွေ မစုံလင်တာမဟုတ်ပါဘူး။ ကျေးရွာ၊ မြို့ငယ်တွေကနေ မြို့ပေါ်တက်ပြီး မိသားစုအတွက် အနစ်နာခံအလုပ်လုပ်နေတဲ့ လူငယ်တွေကော ဘယ်လောက်များနေပြီလဲ။ နိုင်ငံရပ်ခြားသွားတဲ့ သားတွေ၊ သမီးတွေ ပြန်မလာတော့ဘူးဆိုတာ သိတဲ့မိဘတွေ ဘယ်လောက်များလာနေပြီလဲ။ ပြန်မဆုံနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းတွေ ဘယ်လောက်များလာနေပြီလဲ။ အိမ်တိုင်ချွတ်ပြီး သားသမီး အနာဂတ်အတွက် ဘ၀တွေ၊ အသက်တွေ ပေးဆပ်ခဲ့ရတဲ့ မိဘတွေ ဘယ်လောက်များလာနေပြီလဲ။ မိသားစုတစ်ခုလုံးအတွက် ဘ၀တွေပေးဆပ်နေရတဲ့ လူငယ်တွေ ဘယ်လောက်များလာနေပြီလဲ။ မြန်မာဆိုတဲ့ စရိုက်လက္ခဏာမျိုးရိုးဇာတိကို စွန့်တဲ့သူ ဘယ်လောက်များနေပြီလဲ။
ဒီအချိန်မှာ ကျွန်တော်ရင်ထဲမှာ အမက်ချင်ဆုံးအိပ်မက်က ဒီမိသားစုတွေ ပြန်ဆုံဆည်းကြဖို့၊ အဝေးရောက်နေတဲ့ သားသမီးတွေနဲ့ ကလေးတွေကို ပြစ်ပြီး အဝေးရောက်နေတဲ့ မိဘတွေ အိမ်ပြန်လာဖို့ပါပဲ။ သူတို့ ဒီလိုအခြေအနေမျိုးမှာ ပြန်မလာနိုင် တာကတော့ အသေအချာပါပဲ။ သူတို့ ဘယ်လိုဆိုရင် ပြန်လာနိုင်မလဲ။
မကြာခင် ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မယ်။ နိုင်ငံရေးပါတီတွေ မဲဆွယ်ကြတော့မယ်။ ဘယ်ပါတီကို မဲထည့်မလဲ။ သူတို့ပြန်လာနိုင်မယ့် အခြေအနေမျိုး၊ ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ရဲ့အောက်မှာ အနာဂတ်အတွက် မျှော်လင့်ချက်အိပ်မက်တွေကို လွတ်လွတ်လပ်လပ်မက်လို့ရတဲ့ အခြေအနေတွေ၊ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းလာခဲ့ရင် သူတို့တွေ ပြန်လာလိမ့်မယ်။ ဒီအခြေအနေမျိုး ဖန်တီးပေးဖို့ အာမခံတဲ့ နိုင်ငံရေးပါတီကို မဲထည့်မယ်။
ကျွန်တော် မသေချင်သေးပါဘူး။ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်လူမျိုး၊ ကျွန်တော့် လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တွေကို လက်တွေ့မြင်ချင်သေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဝေစည်မယ့် မိသားစုစုံညီထမင်းဝိုင်းတွေကို မြင်ယောင်ချင်သေးတယ်။ ကျွန်တော့်ရင်ထဲမှာ ဆရာဇော်ဂျီရဲ့...
'သင်သေသွားသော်'
သြော် . . .လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တစ်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်ကျန်စေသတည်း။
(ဇော်ဂျီ)
၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလ၊ အိုးဝေ မဂ္ဂဇင်း
(ဒီကဗျာတွေကို ရေးသားတဲ့ အချိန်မှာ ဆရာဇော်ဂျီရဲ့ အသက်က ၂၈ နှစ်ပဲရှိပါသေးတယ်။
ဆရာရဲ့ ကဗျာတွေဖော်ပြခဲ့တဲ့ အိုးဝေမဂ္ဂဇင်းရဲ့အယ်ဒီတာကအသက် ၂၀ပဲ ရှိသေးတဲ့ ကိုအောင်ဆန်းဖြစ်ပါတယ်။)

--
ﱢﱟﱞﱡ۩ﱡﱞﱟﱢ ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ

**Written by သန်းထွဋ်အောင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)