ကျနော်တို့ နားမှာ
ပျားသကာလို ချိုတယ်။
**ဦးလေးရဲ့ ချိုသာချမ်းမြေ့တဲ့ အပြုံးက
ကျနော်တို့ နှလုံးထဲမှာ စွဲနေတယ်။
ဦးလေးရဲ့ တည်ကြည်တဲ့ လုပ်ရပ်က
ကျနော်တို့ စိတ်ဓာတ်ကို ဟပ်တယ်။
**ဦးလေးရဲ့ နူးညံ့ကြင်နာတဲ့
အမူအရာက
အက္ခရာတံဆိပ် ခပ်နှိပ်ထားသည့်နှယ်
မေတ္တာဓာတ်အား ပွားစေတယ်။
**ဦးလေးရဲ့ ကလောင်က
အကျဉ်းထောင်ကိုတောင်
အလင်းရောင် ဖြစ်စေတယ်။
**ဦးလေးဟာ ငယ်ငယ်ကတဲက
အယူ မသည်းထန်
လူကြီးဆန်ပြီး
အမှန်ကို ရှေးရှုတယ်။
**ဦးလေး လူကြီးဖြစ်လာတော့လဲ
ရွယ်တူကို ချီးမြှောက်
ငယ်သူကို စောင့်ရှောက်ပြီး
အရွယ်ထောက်သူကို ပူဇော်ခဲ့တယ်။
**ဦးလေးဟာ
အမှန်တရားချစ်တဲ့ သတင်းစာဆရာ
ကလေးတွေချစ်တဲ့ ပုံပြင်ဆရာ
ပြည်သူကိုချစ်တဲ့ စာရေးဆရာပါ။
**ဦးလေးရဲ့ စိတ်ကူးဥာဏ်က
ထောင်နံရံကိုတောင် အောင်လံအဖြစ်
ပြောင်းပစ်နိုင်စွမ်း ရှိတယ်။
**ဦးလေးရဲ့ လူမှုရေး နိုင်ငံရေး စာပေရေး
အရေးများစွာ ဆောင်ရွက်ချက်တွေက
သက်တမ်းရှည်သမျှ ရှည်လျား
ခမ်းနား ကြီးကျယ်ခဲ့ပါတယ်။
ဦးလေးဟာ ကျနော်တို့ရဲ့ စံ
ကျနော်တို့ရဲ့ အလံပါ…။ ။
**(ကျနော်တို့ ချစ်တဲ့ ဦးလေးလှသို့)**
*** တင်မိုး ***
(၂၆၊ မေလ၊ ၁၉၉၉၊ အင်္ဂါနေ့ ညနေခင်း)
**“ဦးလေး” ဆိုတဲ့စကားဟာ
ကျနော်တို့ နားမှာ
ပျားသကာလို ချိုတယ်။
**ဦးလေးရဲ့ ချိုသာချမ်းမြေ့တဲ့ အပြုံးက
ကျနော်တို့ နှလုံးထဲမှာ စွဲနေတယ်။
ဦးလေးရဲ့ တည်ကြည်တဲ့ လုပ်ရပ်က
ကျနော်တို့ စိတ်ဓာတ်ကို ဟပ်တယ်။
**ဦးလေးရဲ့ နူးညံ့ကြင်နာတဲ့
အမူအရာက
အက္ခရာတံဆိပ် ခပ်နှိပ်ထားသည့်နှယ်
မေတ္တာဓာတ်အား ပွားစေတယ်။
**ဦးလေးရဲ့ ကလောင်က
အကျဉ်းထောင်ကိုတောင်
အလင်းရောင် ဖြစ်စေတယ်။
**ဦးလေးဟာ ငယ်ငယ်ကတဲက
အယူ မသည်းထန်
လူကြီးဆန်ပြီး
အမှန်ကို ရှေးရှုတယ်။
**ဦးလေး လူကြီးဖြစ်လာတော့လဲ
ရွယ်တူကို ချီးမြှောက်
ငယ်သူကို စောင့်ရှောက်ပြီး
အရွယ်ထောက်သူကို ပူဇော်ခဲ့တယ်။
**ဦးလေးဟာ
အမှန်တရားချစ်တဲ့ သတင်းစာဆရာ
ကလေးတွေချစ်တဲ့ ပုံပြင်ဆရာ
ပြည်သူကိုချစ်တဲ့ စာရေးဆရာပါ။
**ဦးလေးရဲ့ စိတ်ကူးဥာဏ်က
ထောင်နံရံကိုတောင် အောင်လံအဖြစ်
ပြောင်းပစ်နိုင်စွမ်း ရှိတယ်။
**ဦးလေးရဲ့ လူမှုရေး နိုင်ငံရေး စာပေရေး
အရေးများစွာ ဆောင်ရွက်ချက်တွေက
သက်တမ်းရှည်သမျှ ရှည်လျား
ခမ်းနား ကြီးကျယ်ခဲ့ပါတယ်။
ဦးလေးဟာ ကျနော်တို့ရဲ့ စံ
ကျနော်တို့ရဲ့ အလံပါ…။ ။
**(ကျနော်တို့ ချစ်တဲ့ ဦးလေးလှသို့)**
*** တင်မိုး ***
(၂၆၊ မေလ၊ ၁၉၉၉၊ အင်္ဂါနေ့ ညနေခင်း)


No comments:
Post a Comment