လေးရက်ကြာကျင်းပမည့် (၁၃)ကြိမ်မြောက် ပြုံယမ်းနိုင်ငံတကာ ကုန်စည်ပွဲတော်ဖွင့်ပွဲကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ မေလ ၁၇-ရက်နေ့က ကျင်းပရာ နိုင်ငံပေါင်း ၁၅-နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀-ခန့် လာရောက်ခင်းကျင်းပြသကြောင်း မြောက်ကိုရီးယား ကုန်သွယ်ရေးအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ညူပူးပေါင်းဆောင်ရွက်ရေး သုံးနိုင်ငံသဘောတူ ***
အီရန်နိုင်ငံသည် တူရကီ၊ ဘရာဇီးတို့နှင့် ညူကလီးယားကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အီရန်အရာရှိများက မေလ ၁၇-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** မီးတောင်ပြာများကြောင့် လန်ဒန်လေဆိပ်များ ပိတ်ထားရ ***
အိုက်စလန်မီးတောင် ထပ်မံပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးတောင်ပြာမှုန်များသည် လန်ဒန်မြို့တော်အထိ ပျံ့လွင့်နေသဖြင့် လန်ဒန်မြို့၏ အဓိကလေဆိပ်နှစ်ခုကို ပိတ်ထားရကြောင်း လန်ဒန်လေဆိပ်အရာရှိများက မေလ ၁၇-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** တရုတ်အနောက်မြောက်ပိုင်း၌ မုန်တိုင်းတိုက်ခတ် ***
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း စင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေလ ၁၇-ရက်နေ့ နံနက်က မိုးသည်းထန်စွာရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေလွှမ်းမှုနှင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** နီပေါ၌ ၀မ်းရောဂါကြောင့် လူ ၂၀-သေဆုံး ***
နီပေါနိုင်ငံတွင် ၀မ်းရောဂါဖြစ်ပွားလျက်ရှိရာ နီပေါအနောက်ပိုင်းဒေသများ၌ မေလ ၁၇-ရက်နေ့က ၀မ်းရောဂါကြောင့် လူ ၂၀-ဦးသေဆုံးခဲ့ကြောင်း ပြီးခဲ့သည့်လက နီပေါနိုင်ငံတွင် ၀မ်းရောဂါကြောင့်သေဆုံးသူ ၄၄၁-ဦးရှိခဲ့ကြောင်း နီပေါကျန်းမာရေးအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
/span>
*** ပြုံယမ်းနိုင်ငံတကာ ကုန်စည်ပြပွဲဖွင့်လှစ် ***

No comments:
Post a Comment