အဂမဟာပဏ္ဍိတ ဆရာတော်
အကျော်အမော်လည်းရှိ။
**ဦးပုညလို
အစိုးရက ငြင်ငြိုသည့်
စာဆိုတော် ထောင်နန်းစံ
အမှန် ကိုးကွယ်သူလည်းရှိ။
**တောင်သူလယ်သမားလုပ်
ဓားမခုတ်ဘ၀နှင့် ခေါင်းချသူလည်းရှိ။
**တက္ကသိုလ် စာကြည့်တိုက်
ပေပရပိုက် သုတေသီလည်းရှိ။
**အသက် ၇၀- တန်းတွင်
လမ်းအမျိုးမျိုးရောက်၊ စခန်းအမျိုးမျိုးပေါက်
အောက်မေ့တသစရာ
တရွာ တပြည်ခြား
သတင်းမကြား ဘာမကြားနှင့်
ပျောက်သွားသူလည်း ရှိပေ၏။
**ွှဤစာသင်ကျောင်းကလေးမှ
ခေါင်းလောင်းသံ စဲလေသော်
လမ်းခွဲ အမျိုးမျိုးရောက်
တောင်ဝှေးထောက်သည့် အရွယ်တိုင်
ငယ်ဘ၀ကို လွမ်းတမိကြကုန်၏။ ။
*** တင်မိုး ***
(၂၄၊ မေလ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**ကျောင်းနေဘက်တို့တွင်
အဂမဟာပဏ္ဍိတ ဆရာတော်
အကျော်အမော်လည်းရှိ။
**ဦးပုညလို
အစိုးရက ငြင်ငြိုသည့်
စာဆိုတော် ထောင်နန်းစံ
အမှန် ကိုးကွယ်သူလည်းရှိ။
**တောင်သူလယ်သမားလုပ်
ဓားမခုတ်ဘ၀နှင့် ခေါင်းချသူလည်းရှိ။
**တက္ကသိုလ် စာကြည့်တိုက်
ပေပရပိုက် သုတေသီလည်းရှိ။
**အသက် ၇၀- တန်းတွင်
လမ်းအမျိုးမျိုးရောက်၊ စခန်းအမျိုးမျိုးပေါက်
အောက်မေ့တသစရာ
တရွာ တပြည်ခြား
သတင်းမကြား ဘာမကြားနှင့်
ပျောက်သွားသူလည်း ရှိပေ၏။
**ွှဤစာသင်ကျောင်းကလေးမှ
ခေါင်းလောင်းသံ စဲလေသော်
လမ်းခွဲ အမျိုးမျိုးရောက်
တောင်ဝှေးထောက်သည့် အရွယ်တိုင်
ငယ်ဘ၀ကို လွမ်းတမိကြကုန်၏။ ။
*** တင်မိုး ***
(၂၄၊ မေလ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment