ဟုတ်ကဲ့ပါ…။ မေလ ၂-ရက်နေ့ကနေ ၄-ရက်နေ့အထိ (၃)ရက်ကြာ ပြုလုပ်ခဲ့တဲ့ ထိုင်းဥပဒေ(မွမ်းမံ)သင်တန်းနဲ့ မဲဆောက်မြို့ရှိ တရားရုံး၊ အချုပ်ခန်းများကွင်းဆင်းလေ့လာရေး ခရီးတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့မှာ ထိုင်းလူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု ဖောင်ဒေးရှင်း (HRDF/မောစောဖော)က ဦးစီးပြီး ကျင်းပခဲ့ပါ တယ်။ HRDF (ခေါ်)မောစောဖော အဖွဲ့ဟာ ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နဲ့ ညီနောင်အဖွဲ့ဖြစ်ပြီး ထိုင်းလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၆-ခုနှစ်က LLC က ပေးဝေခဲ့တဲ့ ထိုင်းဥပဒေသင်တန်းအမှတ်စဉ် (၁)၊ ၂၀၀၈-ခုနှစ်က ၄င်းသင်တန်းအမှတ်စဉ် (၂)၊ ၂၀၀၉-ခုနှစ်က ၄င်းသင်တန်းအမှတ်စဉ် (၃) စသဖြင့် အခြေခံ ဥပဒေသင်တန်းဆင်းလက်မှတ်ရရှိပြီးသူ တွေထဲက တက်ရောက်လာသူ (၁၉)ဦးကို မွမ်းမံသင်တန်းအနေနဲ့ စီစဉ်ပို့ချခဲ့တာဖြစ်ပါတယ်။ ဟောဒီဓာတ်ပုံတွေထဲမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ ထိုင်းအလုပ်သမားဥပဒေများ ပို့ချနေပုံတွေအပြင် မနေ့က နောက်ဆုံးနေ့မှာ ထိုင်းအာဏာပိုင်အဖွဲ့အစည်းအချို့(မဲဆောက် ရဲစခန်း၊ အလုပ်သမားကာကွယ်ရေးရုံး၊ အလုပ်သမားနေရာချထားရေးရုံး၊ အစိုးရရှေ့နေရုံး)စတဲ့ ပုဂ္ဂိုလ်တွေပါလာရောက်ဆွေးနွေးတာ အပြန်အလှန်မေးခွန်းထထုတ်ကြ၊ ဖြေဆိုခဲ့ကြပုံတွေရယ်၊ မဲဆောက်တရားရုံးကို ကွင်းဆင်းလေ့လာကြမှု၊ တရားရုံးအချုပ်ခန်းလေ့လာကြမှု(ဒီနေရာကိုတော့ ဓာတ်ပုံရိုက်ခွင့်မရှိလို့ ဓာတ်ပုံမတင်ပြနိုင်ပါ) စတာတွေကို တစ်ချက်ကလေး ရှုစားလိုက်ကြပါဦး။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment