လေ့ကျင့်ရေးကွင်းတွင် အသင်းဖော်နှင့် ကစားများရန်ဖြစ်ခဲ့သော ဘောလုံးလူဆိုးတစ်ဦးဖြစ်သူ ဘယ်လာမီကို နည်းပြကခေါ်ယူစစ်မေးနေသည်။
“မင်းက သူ့ကိုငလိမ်ကောင်လို့ ခေါ်တယ်ဆို”
“ဟုတ်ကဲ့”
“အသုံးမကျတဲ့ ကောင်လို့လည်းပြောသေးတယ်ဆို”
“ဟုတ်… ပြောမိပါတယ်”
“ပြီးတော့ တဇောက်ကန်း၊ မျိုးမစစ်ကောင်၊ အုတ်ကြားမြက်ပေါက်၊ ကလေကချေ၊ မိမဆုံးမ၊ ဖမဆုံးမဆိုတာတွေလည်း ပြောသေးတယ်ဆို”
“အကုန်လုံးတော့ ကျနော် မမှတ်မိတော့ဘူး။ ဆရာရယ်… စာရွက်ပေါ်မှာ အရင်ချရေးကြည့်လို့ မရဘူးလား…။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment