*** နေ့စဉ်ငါးမိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးလျှင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်လာမည် ***
(လန်ဒန်၊ မေလ ၃-ရက်)
သစ်ပင်တောတန်းနှင့် စိမ်းလန်း သာယာသောနေရာများတွင်ဖြစ်စေ၊ ဥယျာဉ်ပန်းခြံများ၌ ဖြစ်စေ နေ့စဉ် နံနက်စောစော ငါးမိနစ်ခန့် နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခု ပြုခုပ်ပေးလျှင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်ကောင်းမွန်စေနိုင်ကြောင်း ဗြိသိသျှသုတေသန သိပ္ပံပညာရှင်များက လေ့လာတင်ပြထားသည်။ အဆိုပါ နေရာများတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုခုပ်ခြင်း၊ လှေလှော်ခြင်း၊ မြင်းစီးခြင်းစသော လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးသင့်ကြောင်း
ဆေးသုတေသနအဖွဲ့က အကြံပြုတင်ပြထားသည်။ ၄င်းအဖွဲ့က လူဦးရေ ၁၂၅၀-အား သုတေသနပြုဆန်းစစ်ကြည့်ရာ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်မှုများရှိခဲ့ကြောင်း လေ့လာတင်ပြထားသည်။ (အင်တာနက်)
*** ဆီးကျိတ်ကင်ဆာထိုးဆေး ***
ဆီးကျိတ်ကင်ဆာရောဂါ ဝေဒနာရှင်များအား ကုသပေးရန်အတွက် အစွမ်းထက်သော ထိုးဆေးတစ်မျိုးကို အမေရိကန်ဆေးဝါးကြီးကြပ်ရေးအဖွဲ့ အသုံးပြုရန် သဘောတူခွင့်ပြုလိုက်ပြီဖြစ်သည်။ ပရိုဗင့်ဟု အမည်ပေးထားသော ဆီးကျိတ်ရောဂါထိုးဆေးသည် အမျိုးသားများအတွက် အသုံးပြုရန်သင့်ကြောင်း၊ ယင်းထိုးဆေးအမျိုးအစားကို အမေရိကန်ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ပထမဆုံး အသုံးပြုရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ယင်းဆေးဝါးအသုံးပြု၍ လူနာတစ်ဦး ကုသရန် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၉၃၀၀၀-ရှိ၍ အလွန်ဈေးကြီးနေသည်။ (အင်တာနက်)
*** Public Health***

No comments:
Post a Comment