မန်ယူအသင်းမှ ဖလက်ချာ တစ်ယောက်သွားဆရာဝန်ထံသို့ ရောက်လာသည်။
`သွားနှုတ်ရင် ဘယ်လောက်ပေးရမလဲ´
`၃-ပေါင်ပါ´
`ဟ… များလှချည်လား…။ ၁၅-မိနစ်လောက်ပဲ လုပ်ရမယ့်ကိစ္စကို ၃-ပေါင်ဆိုတော့ များလွန်းလှတာပေါ့ဗျ…´
ထိုအခါ ဆရာဝန်ကပြုံးလိုက်ပြီးပြောသည်။
`ရတယ်လေ… ဒါဆိုပိုက်ဆံနဲ့တန်အောင် ၁-နာရီလောက်ကြိုးစားပြီး နှုတ်ပေးမှာပေါ့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment